“လှိုင်သာယာ
အောင်ဇေယျာမင်း ဘက ပရိဟိတကျောင်း တရားပွဲ”
======================================
နတ်တော်လဆန်း
(၇)ရက်၊ 6.12.2016 ညနေ ၆း၀၀ နာရီ၊ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ အောင်ဇေယျမင်း
မိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ဟောကြားပါတယ်။
မူလတန်း အလယ်တန်း
အထက်တန်း ကိုရင်လေးများ သီလရှင်လေးများ ကျောင်းသားကျောင်းသူလေးများအား ဟောကြားတာပါ။
အောင်ဇေယျာမင်းကျောင်းတိုက်မှာ
အတန်းစုံ ကျောင်းသား ကျောင်းသူ (၂၀၀၀)ကျော် တက်ရောက်ကြပါတယ်။
ကျောင်းအိပ်
ကျောင်းစား အမြဲနေ ကျောင်းသူကျောင်းသားများ (၁၀၀၀)နီးပါးရှိပြီး ကျောင်းမှာနေရင်း တက္ကသိုလ်ဆက်တက်သူ
တက္ကသိုလ်ကျောင်းသား ကျောင်းသူ (၃၀)ကျော် ရှိပါတယ်။
ဦးစီးပဓာန
နာယကဆရာတော်ကြီးက ဘဒ္ဒန္တဇေယျာနန္ဒ ဖြစ်ပါတယ်။
ကျောင်းတိုက်တည်ထောင်တာ
(၁၀)နှစ်ရှိပါပြီ။ ကျောင်းသား ကျောင်းသူ (၁၄၈)ဦးနဲ့ စတင်တည်ထောင်ခဲ့တာ ယခုဆိုရင်
(၂၃၅၉)ဦး ရှိနေပါပြီ။
ကျောင်းသားကျောင်းသူလေးများ
ခွန်းအားတွေဖြစ်စေဖို့ ကိုယ်တိုင်မေး၊ ကိုယ်တိုင်ဖြေရသော ဘဝစာမေးပွဲအောင်မြင်နည်း တရားတော်
ဟောကြားခဲ့ပါတယ်။
ကန်တော့ပွဲမပါတဲ့
တရားပွဲလေးပါ။
ကျောင်းသားကျောင်းသူလေးများ
တဝါးဝါး တဟားဟား ပွဲကျနေကြတာ တွေ့ရပါတယ်။
အနာဂတ်ရဲ့
မျိုးဆက်သစ်လေးများ ဘဝစာမေးပွဲ အောင်နိုင်ကြပါစေ။
ဆန္ဒတွေက တမှိန်မှိန်၊
ဝီရိယတွေက
တပိန်ပိန်၊
စိတ်ဓာတ်တွေက
တလိမ်လိမ်၊
နည်းပညာတွေက
အတိမ်တိမ်၊
မြန်မာတစ်မျိုးသားလုံးကျတော့
တကိန်ကိန်။
ကလေးတွေ သဘောကျတဲ့
ကဗျာလေးပါ။









No comments:
Post a Comment