“မြိတ် မဘသ တတိယနှစ်ပတ်လည် အခမ်းအနား
အောင်ပွဲ ဓမ္မသဘင်”
========================================
နတ်တော်လဆန်း(၂)ရက်၊
1.12.2016 ည ၈း၀၀ နာရီ တနင်္လာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်၊
အောင်မင်္ဂလာ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပသည့် မြိတ် မဘသ (၃)နှစ်ပြည့် အထိမ်းအမှတ် ဓမ္မသဘင်။
သုခမောင်
ရေလုပ်သားများအဖွဲ့လှူဒါန်းထောက်ပံ့မှု၊ မြိတ်မြို့နယ်လုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့၏
ဦးစီးဦးဆောင်မှု မြိတ် မဘသအဖွဲ့၏ စီစဉ်ညွှန်ကြားမှုတို့ဖြင့် ကျင်းပနိုင်ခဲ့သော အခမ်းအနားနှင့်
ဓမ္မသဘင်ဖြစ်ပါတယ်။
ဒေါက်တာအရှင်သောပါက
က ပထမည အကြိုတရားပွဲမှာ ဟောကြားပြီး စာရေးသူက ဒုတိယည အောင်ပွဲအထိမ်းအမှတ် ဟောကြားဖြစ်ပါတယ်။
တိကနိပါတ်
ဥဒပါနဒူသက ဇာတ်တော်ကိုအခြေခံပြီး မြေခွေးလူသား ရှောင်ကြဉ်ထား အမည်နှင့် ဟောကြားခဲ့ပါတယ်။
§
ကျေးဇူးမဲ့ဝါဒ
ကျင့်သုံးတယ်
§
စားပြီးနားမလည်
§
မြေခွေးတွေလို
လူသားများ
§
ဝေးဝေးက
ရှောင်ရှား။
တရားနာ ပရိသတ်တွေက
တောရောမြို့ပါ လာရောက်နာယူကြပါတယ်။ တနင်္လာရီမြို့လေးလို အဝေးကြီးကနေ လာရောက်နာယူသူတွေလည်းရှိပါတယ်။





























No comments:
Post a Comment