Monday, November 28, 2016

“မဘသ (ဗဟို) သဘောထား ထုတ်ပြန်ချက်”

“မဘသ (ဗဟို) သဘောထား ထုတ်ပြန်ချက်”
---------------------------------------------------

၁။ နိုဝင်ဘာ ၂ဝ၊ ၂ဝ၁၆-နေ့မှ စ၍ ယနေ့အထိKIA (ကချင်)TNLA
(တအောင်းပလောင်) အဖွဲ့နှင့်MNDAA ပူးပေါင်းအဖွဲ့များသည် မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ် အပါအဝင် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသ အတော်များ များကို မင်းမဲ့စရိုက်တိုက်ခိုက်ရမ်းကားခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်
များအပါအဝင် အများပြည်သူများ, ခရီးသွားများ, ကူးသန်းရောင်းဝယ်မှုများ၊ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ, လမ်းတံတား-စသည်တို့ များစွာထိခိုက်
နစ်နာ သေဆုံးခြင်း, ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။
၂။ ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်ဒေသ၌-
ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း, နိုင်ငံတော်၏ အချုပ်ခြာအာဏာ ကို ထိပါးလာခြင်းတို့ကြောင့်
မြန်မာနိုင်ငံသားများအသက်အိုးအိမ်စည်းစိမ်လုံခြုံစေရန် မြန်မာ့တပ်မတော်မှ ရှင်းလင်းမှုများ, ကာကွယ်မှုများ ဆောင်ရွက်နေသည်ကို စနစ်တကျ ဂဃ, ဏန သိအောင် လေ့လာခြင်းမရှိဘဲ
မြန်မာ့အမျိုးသားရေးအကျိုးစီးပွားကို ပျက်စီးစေလိုသူများက ကမ္ဘာ့အလယ်၌ မြန်မာကို သိက္ခာကျအောင် အထင်အမြင်လွဲမှားစေသည့် လုပ်ကြံသတင်းမှားများကို ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသားဖြန့်ဝေနေပါသည်၊ အချို့သော နိုင်ငံများက ၄င်းသတင်းများကို အတည်ယူပြီး လူမိုက်အားပေးအနေဖြင့် မြန်မာနိုင်ငံကို ဖိအားပေးခြင်းများ ပြုလုပ်လာကြ ပါသည်၊ အဆိုပါနိုင်ငံများရှိ မြန်မာသံရုံးများကိုပင် အကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ပြုလုပ်နေ ကြောင်း ကြားသိနေရပါသည်။
၃။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်, နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုတ်ခတ်ခြင်း, ရုပ်ပုံများကို မီးရှို့ခြင်း, ဖိနပ်ဖြင့် နင်းခြင်း, ရုပ်ပျက်ဆင်းပျက် မဖွယ်မရာဖြစ်အောင်ပြုလုပ်ခြင်း-စသည်တို့ကို ပြုလုပ်၍ မြန်မာနိုင်ငံကို စော်ကားနေကြပါ သည်။
၎။ မြန်မာနိုင်ငံအတွင်း၌လည်း သက်ငယ်မုဒိန်းမှု, ကလေးခိုးမှု-စသော ရက်စက်ယုတ်မာသည့် ဒုစရိုက်မှုများကို မကြာမကြာ ကျူးလွန်နေသည်ကိုလည်း စိတ်မကောင်းစရာ တွေ့မြင်ကြားသိ နေရပါသည်။
အထက်နံပါတ်စဉ် (၁) (၂) (၃) (၄) ပါ လုပ်ရပ်များသည် တိုင်းပြည်နှင့်လူမျိုးကို ပျက်စီးရာပျက်စီးကြောင်း ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်၍ အဆိုပါလုပ်ရပ်များကို-
(က) ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့်
(ခ) တာဝန်ရှိသူများက တိုင်းသူပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံအောင် ကာကွယ်စောင့် ရှောက်ပေးကြပါဟု
ရဟန်းရှင်လူ ပြည်သူများ၏ကိုယ်စား အမျိုး ဘာသာ သာသနာ
စောင့်ရှောက်ရေး မဘသအဖွဲ့ကြီးက လေးလေးနက်နက် သဘော
ထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။
စာအမှတ် ၊၀၀၁၆ -/ စီမံ-မဘသ/ ၂၀၁၆
နေ့စွဲ ၊ ၁၃၇၈ - ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ -ရက်
(နိုဝင်ဘာလ ၂၈ -ရက် ၊ ၂၀၁၆ )၊တနင်္လာနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ

ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။



No comments:

Post a Comment