“ဓမ္မရက္ခိတကျောင်းဆောင်သစ် ရေစက်ချပွဲ ပထမအကြိမ်”
==================================
တန်ဆောင်မုန်းလပြည့်ကျော် (၁၃) ရက်၊ 27.11.2016 မနက် ၆း၀၀ နာရီမှာ အရုဏ်ဆွမ်းကပ်ပါတယ်။
ဓမ္မဘာဏကကျောင်းမှာ မုန့်တီဆွမ်ကပ်တာပါ။
ပထမ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသအမှူးရှိသော နာယကဆရာတော်များ ချီးမြှောက်ကြပါတယ်။
ပထမ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသအမှူးရှိသော နာယကဆရာတော်များ ချီးမြှောက်ကြပါတယ်။
မနက် ၈း၀၀ နာရီမှာ အခမ်းအနားကျင်းပပါတယ်။
ဓမ္မရက္ခိတကျောင်းတော်ကြီး မြေညီထပ်မှာ ဗုဒ္ဓရုပ်ပွားတော်အား အနေကဇာတင်ခြင်း၊ ပရိတ်တရားဟောကြားခြင်း၊ စုပေါင်းရေစက်ချအမျှဝေခြင်းများ ပြုလုပ်ကြပါတယ်။
ဓမ္မရက္ခိတကျောင်းတော်ကြီး မြေညီထပ်မှာ ဗုဒ္ဓရုပ်ပွားတော်အား အနေကဇာတင်ခြင်း၊ ပရိတ်တရားဟောကြားခြင်း၊ စုပေါင်းရေစက်ချအမျှဝေခြင်းများ ပြုလုပ်ကြပါတယ်။
၎င်းနောက် သံဃာတော်အပါး (၉၀၀)အား ဒံပေါက်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ န၀ကမ္မ၀တ္ထုငွေများ လောင်းလှူကြပါတယ်။
ဒီနေ့ကျင်းပတဲ့ပွဲဟာ ပထမအကြိမ်ဖြစ်ပြီး ကျောင်းဒကာ ကျောင်းအမများ၏ အလုပ်သမားဝန်ထမ်းများက ၄င်းတို့၏ လုပ်အားဒါနကို ရေစက်ချ အမျှဝေတဲ့ပွဲပါ။
အလုပ်ရှင်က အလုပ်သမားတွေကို ဦးစားပေးပြီး ပွဲဦးထွက် အခမ်းအနား ကျင်းပပေးလိုက်တာပါ။
ဓမ္မရက္ခိတကျောင်းဆောင်သစ်ကြီးဟာ ငါးထပ်တိုက်ကြီးဖြစ်ပြီး ကျောင်းဒကာကျောင်းအမများကတော့ မန်းမြို့တော်ပေါက်စီ မိသားစုဖြစ်ပါတယ်။
ဓမ္မရက္ခိတကျောင်းဆောင်သစ်ကြီးဟာ ငါးထပ်တိုက်ကြီးဖြစ်ပြီး ကျောင်းဒကာကျောင်းအမများကတော့ မန်းမြို့တော်ပေါက်စီ မိသားစုဖြစ်ပါတယ်။
နတ်တော်လဆန်း(၇)ရက်၊ 6.12.2016 မှာ ဒုတိယအကြိမ်၊
နတ်တော်လပြည့်နေ့ 14.12.2016 မှာ တတိယအကြိမ်၊
ဓမ္မရက္ခိတကျောင်းဆောင်သစ်ကြီး ရေစက်ချအခမ်းအနား ဆက်လက်ကျင်းပဦးမှာ ဖြစ်ပါတယ်။
နတ်တော်လပြည့်နေ့ 14.12.2016 မှာ တတိယအကြိမ်၊
ဓမ္မရက္ခိတကျောင်းဆောင်သစ်ကြီး ရေစက်ချအခမ်းအနား ဆက်လက်ကျင်းပဦးမှာ ဖြစ်ပါတယ်။

No comments:
Post a Comment