“ပါရမီပျိုးခင်း - သွေးလှူအသင်း (၁၅)ကြိမ်မြောက် သွေးလှူဒါန်းပွဲကျင်းပမည်”
=====================================================
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် “ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ”အရှင်ဝီရသူ(မစိုးရိမ်) တည်ထောင်သော “ပါရမီပျိုးခင်း သွေးလှူအသင်း”၏ (၁၅)ကြိမ်မြောက်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆုံရွာ-ကွေ့ကြီးကျေးရွာတွင် ကျင်းပမည်ဖြစ်ရာ စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်၊ ရဟန်းရှင်လူ မည်သူမဆို သဒ္ဓါပေါက်၍ လာရောက်သွေးလှူဒါန်းနိုင်ပါကြောင်း စေတနာအရင်းခံ၍ ကြေညာသတင်းမှန်ပေးပို့အပ်ပါသည်။
သွေးလှူရှင်းများအား ဆရာတော်ဦးဝီရသူဟောကြားသော တရားခွေ၊ တရားစာအုပ်နှင့် အားဆေးများလည်း မေတ္တာလက်ဆောင်အဖြစ် အမှတ်တရ ပေးအပ်လှူဒါန်းမည်ဖြစ်ပါသည်။
သွေးလှူဒါန်းပွဲအပြီးတွင် သဒ္ဓါကြည်ဖြူ ပါရမီရှင်များ၏ သွေးလှူဒါန်းခြင်း “ဒါနဥပပါရမီ”ကုသိုလ်ကောင်းမှု အစုစုအတွက် ဆရာတော်ဦးဝီရသူမှ ရေစက်ချအနုမောဒနာတရား ဟောကြားချီးမြှင့်မည်ဖြစ်ပါသည်။
နေ့ရက် - ၁၃၇၈ ခု၊ နတ်တော်လဆန်း(၄)ရက်၊ ၃.၁၂.၂၀၁၆ စနေနေ့
အချိန် - နံနက် ၈း၀၀ နာရီမှ နေ့လည် ၂း၀၀ နာရီထိ။
နေရာ - ရွာဦးကျောင်းတိုက် ဆုံရွာ၊ မြင်းခြံမြို့နယ်။
ဆရာတော်အတွက် သင်္ကန်းဒွိစုံ ကုသိုလ်ရှင်
ကိုကျော်မိုး+မသင်းကြိုင် မိသားစု ဆုံရွာ။
သွေးလှူရှင်းများအား အကျွေးအမွေး ကုသိုလ်ရှင်
ဦးကံရှိ+ဒေါ်ဂျမ်းစိန် မိသားစု ဆုံရွာ။
ဆက်သွယ်ရန်
ဓမ္မစကူးလ်(ဥက္ကဋ္ဌ) 09.797548969
ဦးဇာဂရ 09.402696589


No comments:
Post a Comment