“မစိုးရိမ်တိုက်သစ် ဓမ္မသုဝဏ္ဏမေတ္တာကျောင်း
နာယကဆရာတော် မွေးနေဆွမ်းအလှူ”
================================================
ဓမ္မဂါရ၀ကျောင်း
နာယကဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ အမှူးပြုသော နာယကဆရာတော်များနှင့် မွေးနေ့ရှင်ဆရာတော်၏တပည့်
စာချဆရာတော်လေးများ လုပ်ဖော်ကိုင်ဖက်ဆရာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။
မွေးနေ့ရှင်ဆရာတော်
ဘဒ္ဒန္တက၀ိန္ဒာဘိဝံသ (၄၆)နှစ်ပြည့် ၀ိဇာတမင်္ဂလာဖြစ်ပါတယ်။
အမျိုးသားရေးဝါဒီဆရာတော်
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ- အရှင်ဝီရသူနှင့်အတူ သကျသီဟဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သူဖြစ်ပါတယ်။
ရွှေဘဲမှာ
စားရင်းသောက်ရင်း စရင်း နောက်ရင်း ဟင်းတွေတစ်ပွဲပြီးတစ်ပွဲ မနည်းလိုက်ရပါတယ်။ အင်မတန်စားကောင်းတဲ့
မွေးနေ့ပွဲပါ။
နောက်ထပ်
သကျသီဟဓမ္မာစရိယဘွဲ့ကို ဦးဝီရသူနှင့် အတူရရှိခဲ့သည့် နာယကဆရာတော်တစ်ပါး ရှိပါသေးတယ်။
ဓမ္မသီတဂူကျောင်း နာယကဆရာတော် ဘဒ္ဒန္တကောဏ္ဍညာဘိဝံသ (ကိုကြီးကွန်း-ပဲများသူ)ကလည်း ၄င်း၏မွေးနေ့မှာ
ထပ်ကျွေးဦးမယ်လို့ပြောပါတယ်။
ဒီထက်သာစေရမယ်လို့
ကြွေးကြော်နေပါသေးတယ်။ စာရေးရဲ့ဘယ်ဘက်မှာ ထိုင်ပြီး သွားဖြဲနားဖြဲနဲ့ စားနေသူကြီးကျွေးတဲ့
မွေးနေ့ဆွမ်းကို အားခဲထားပါတယ်။ ၀မ်းနုတ်ဆေးစားထားပြီး တအားစားဖို့ ပြင်ဆင်နေပါပြီ။
No comments:
Post a Comment