Wednesday, November 30, 2016

“ဗုဒ္ဓဘာသာဝင် ဂျာမန်သူလေး လာရောက်ဖူးမြော်”

“ဗုဒ္ဓဘာသာဝင် ဂျာမန်သူလေး လာရောက်ဖူးမြော်”
============================
22.11.2016 ရက်နေ့ ညနေပိုင်းမှာ လာရောက်ဖူးမြော်တာပါ။ အသက် (၄၁) နှစ်အရွယ်ရှိပြီး ဗုဒ္ဓဘာသာဝင်ဖြစ်တာ (၉)နှစ်ကျော်ခဲ့ပါပြီ။ သူနာပြုဆရာမလေးဖြစ်ပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို ၂၀၀၄ ခုနှစ်မှ စတင်လေ့လာခဲ့တာလို့ ဆိုပါတယ်။
အော့စဖို့တက္ကသိုလ်မှာ ဗုဒ္ဓ၀ါဒနှင့် အခြားဒဿနများကို လေ့လာခဲ့သူပါ။
အက်ဆီးဒင့်ဖြစ်ခဲ့ရာမှ ရောဂါဝေဒနာ ခံစားရချိန်မှာ ဗုဒ္ဓရဲ့ဓမ္မက စိတ်သက်သာရာရအောင် အကူအညီအများကြီးပေးခဲ့တယ်လို့ ဆိုပါတယ်။  သာမန်ဗုဒ္ဓဘာသာဝင် တစ်ယောက်မဟုတ်ဘဲ  ထေရ၀ါဒဗုဒ္ဓဘာသာဝင် အလေးအနက် သက်ဝင်ယုံကြည်သူ တစ်ယောက်ဖြစ်ပါတယ်။
ဂျာမနီမှာလည်း တရားရိပ်သာတွေဝင်ပြီး တရားအားထုတ်ခဲ့သလို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှာလည်း တရားအားထုတ်ခဲ့သူဖြစ်ပါတယ်။
ရန်ကုန်မြို့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းရိပ်သာမှာ ယခုလမှာပဲ ရက်သတ္တပတ်တိတိ တရားအားထုတ်ခဲ့ပါတယ်။
မြန်မာပြည်မှာ သူမဖူးမြော်ချင်ဆုံး ဆရာတော်နှစ်ပါးကတော့ ရွှေတောင်ကုန်းဆရာတော်နှင့် ဆရာတော်ဦးဝီရသူလို့ ဆိုပါတယ်။
ဦးဝီရသူ၏ ဖေ့ဘွတ်ခ်အကောင့်(Eng)ကို အမြဲအားပေးတဲ့ အမာခံပရိသတ်တစ်ဦးပါ။
နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဦးဝီရသူတွေ အများကြီးရှိစေချင်သူလည်း ဖြစ်ပါတယ်။
ဥပရောပ အမေရိက သတင်းဌာနတွေက ဦးဝီရသူမကောင်းကြောင်း လွှင့်နေကြတာတွေ့ရလို့ သူမ စိတ်မကောင်းဖြစ်မိကြောင်း လျှောက်ထားပါတယ်။
တရားအားထုတ်သဖြင့် ကိုယ်နှုတ် အမူအရာ အင်မတန်ယဉ်ကျေးသော အမျိုးသမီးတစ်ဦးပါ။
လက်အုပ်ချီပြီး နှုတ်ဆက်တတ်သလို ထိခြင်းကြီးငါးပါးနဲ့လည်း ရှိခိုးတတ်သူဖြစ်ပါတယ်။ သနပ်ခါးလေးလိမ်းထားတဲ့အခါ မြန်မာအမျိုးသမီးတစ်ယောက်လိုပဲ မှတ်ထင်ရလောက်အောင် နူးညံ့သိမ်မွေ့ပါတယ်။
မိတ္ထီလာ မဘသ နှစ်ပတ်လည်အခမ်းအနားနှင့် စဥ့်ကိုင်မြို့နယ် တဘက်ဆွဲရွာ တရားပွဲ လာရောက်အားပေးသွားပါတယ်။
ဂျာမနီမှာ ရွေ့ပြောင်းဒုက္ခသည်ဆိုသူ မွတ်စလင်တွေဒဏ် ခံရသူတွေထဲမှာ သူမလည်းပါပါတယ်။
ဒုက္ခသည်လို့လည်း ပြောသေးတယ် မိသားစုလိုက် ပြောင်းရွေ့လာကြတာလည်း မဟုတ်ဘူး။ အရွယ်ကောင်းအမျိုးသားတွေပဲဖြစ်နေတာ သူမအနေနဲ့ အံ့သြမိတယ်လို့ ဆိုပါတယ်။
သာမန်အရပ်သူတစ်ယောက်ရဲ့ အမြင်ကို စွာကျယ် မာကယ်တို့ သိစေချင်တာပါ။
ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးနှင့်မခြား လိမ္မာရေးခြားရှိသူမို့ နှမအရင်းတစ်ယောက်လို ခင်တွယ်မိပါတယ်။
စာအုပ်တွေလည်း လက်ဆောင်ပေးလိုက်ပါတယ်။
ယူရိုဒေါ်လာ(၅၀)နှင့် US ဒေါ်လာ (၅၀) လှူဒါန်းသွားပါသေးတယ်။































No comments:

Post a Comment