Friday, January 1, 2016

NLD နာယကဦးတင်ဦးနှင့်အဖွဲ့ မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီးထံသို့ လာရောက်တွေ့ဆုံ ဂါရဝပြု၊ သြဝါဒခံယူမဘသ၏ ရပ်တည်ချက်အမှန်ကို ဆရာတော်များမှ ရှင်းလင်းမိန့် ကြားခဲ့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊NLDနာယက ဦးတင်ဦးနှင့်အဖွဲ့သည် ၂ဝ၁၆ နှစ်သစ်၊ ဇန်နဝါရီလ ၁ ရက် နေ့က အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့၊ မဘသ(ဗဟို)ရုံးသို့ လာရောက်၍ မဘသ(ဗဟို) ဥက္ကဋ္ဌဆ ရာတော်ဘုရားကြီး အရှင်တိလောကာ ဘိဝံသအား တွေ့ဆုံဂါရဝပြုပြီး သြဝါဒ ခံယူခဲ့ကြောင်း သိရသည်။
NLDနာယက ဦးတင်ဦး၊ ရုံးချုပ် အဖွဲ့ဝင် ဦးစိုးဝင်းနှင့် ဦးမြမိုးအောင်တို့ သည် ဇန်နဝါရီလ ၁ ရက်၊ သောကြာ နေ့၊ နေ့လယ် ၂ နာရီက မဘသ(ဗဟို) ရုံးသို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး ဗဟို ဥက္ကဋ္ဌဆရာတော်ကြီးအပါအဝင် မော် လမြိုင်မြို့၊ မြစေတီဆရာတော်ကြီး၊ မဇ္ဈိ မဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင် ကောဝိဒ၊ ဆရာတော်ဒေါက်တာအရှင် သောပါကတို့နှင့် အပြန်အလှန်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဦးတင်ဦးနှင့်အဖွဲ့အား ဗဟိုဥက္ကဋ္ဌ ဆရာတော်ကြီးမှ မဘသအဖွဲ့၏ ရပ် တည်ချက်နှင့် သဘောထားအမှန်များ ကို ရှင်းလင်းမိန့်ကြားခဲ့ပြီး မဘသအဖွဲ့ မှာ ဘာသာခြားများအား တိုက်ခိုက်ရန် ဖြစ်တည်လာသည့်အဖွဲ့အစည်းမဟုတ် ဘဲ ကိုယ့်အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန်သာ ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း အကျယ်တဝံ့ရှင်း လင်းမိန့်ကြားတော်မူခဲ့သည်။
ထို့အတူ ဦးတင်ဦးကလည်း ဆရာ တော်ဘုရားကြီး၏ ရည်ရွယ်ချက်နှင့် စေတနာများကို နားလည်နိုင်ပြီး တိုင်း ပြည်၏ အနာဂတ်ကောင်းကျိုးအတွက် ဆရာဒကာ ညီညွတ်စွာဖြင့် ဆက်လက် ဆောင်ရွက်သွားနိုင်မှ ပိုမိုကောင်းမွန် လာမည်ဟု နားလည်ကြောင်း၊ မိမိမှာ လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည် နှင့်အညီ သင်္ကန်းဝတ်ပုဂ္ဂိုလ်များကို မြင် သည်နှင့် ကန်တော့လိုစိတ်ဖြစ်သူဖြစ် ကြောင်း လျှောက်ထားခဲ့သည်။
ဥက္ကဋ္ဌဆရာတော်ကြီး၏ သြဝါဒ ကိုခံယူမှုနှင့်အတူ ဗဟိုဦးဆောင်ဆရာ တော်များနှင့်NLD နာယက ဦးတင်ဦး တို့ အပြန်အလှန် တွေ့ဆုံဆွေးနွေး ပြောဆိုမှုများ ပြုလုပ်ပြီးနောက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအ ဖွဲ့၊ မဘသ(ဗဟို)မှ တာဝန်အရှိဆုံး ပုဂ္ဂိုလ်နှင့်NLDပါတီမှ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တို့နှစ်ဦး တွေ့ဆုံဆွေးနွေးခြင်း ကသာလျှင် အကောင်းဆုံးရလဒ်ဖြစ် လာနိုင်သည်ဟု နှစ်ဦးနှစ်ဘက်စလုံးက သုံးသပ်ခဲ့ကြောင်း သိရသည်။
သတင်းမှတ်တမ်းရေးသားသူ - မိုးအောင်လင်းနိုင်(မဘသ.ဗဟို)
မှတ်တမ်းတင်ဓာတ်ပုံ - ခန့် ချောကြီး&ကိုမိုးအောင်(မဘသ.ဗဟို)






No comments:

Post a Comment