Monday, January 4, 2016

“မန်း မဘသ တိုက်စစ်ဖွင့်တော့မည်”


10.12.2015 ရက်နေ့၊ မွန်းလွဲ 2:00 ကင်းဝန်မင်းကြီးတိုက်၊ သာသနပါလကျောင်းမှာ ကျင်းပပါတယ်။

မန္တလေးတိုင်းမှာ ဖွဲ့စည်းပြီး မဘသအဖွဲ့များဖြစ်တဲ့ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ သာစည်၊ မြင်းခြံ၊ ငါန်းဇွန်၊ မတ္တရာ၊ ဝမ်းတွင်း၊ ညောင်ရမ်း၊ ကန်တောင်နှင့် ပုသိမ်ကြီး၊ အမရပူရ၊ ပြည်ကြီးတံခွန်မြို့နယ် မဘသကိုယ်စားလှယ်များ တက်ရောက်ကြပါတယ်။

မန်း မဘသ ဥက္ကဋ္ဌ ဝါခင်းကုန်းဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ၊ သြဝါဒပေးပါတယ်။ ပျော်ဘွယ်ဆရာတော်ကြီး ဘဒ္ဒန္တဝိလာသလည်း သြဝါဒပေးပါတယ်။

တိုင်းကော်မတီဖွဲ့စည်းပြီး ရှေ့ဆက်ရမည့်လမ်းစဉ်များကို ချမှတ်နိုင်ခဲ့ပါတယ်။ တိုင်းကော်မတီဝင်များအချင်းချင်း ချိတ်ဆက်ကာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ကြမှာ ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေဆိုတဲ့ ခံတပ်ကြီး ခိုင်ခိုင်မာမာတည်ဆောက်ပြီးသွားလို့ ခံစစ်နှင့် ကစားခဲ့တာတွေ ရပ်တန့်လို့ရနိုင်ပါပြီ။ ရှေ့ဆက်ပြီး တိုက်စစ်ဖွင့်ဖို့ပဲ လိုပါတော့တယ်။ အစ်နေ့မှာ နွားတွေအသတ်မခံရအောင်၊ လေလံဆွဲတာတွေကို တိုင်းရင်းသားတွေကိုပဲ ခွင့်ပြုအောင်၊ တစ်နိုင်ငံလုံး နွားသတ်လိုင်စင်ပိတ်သိမ်းနိုင်တဲ့ ဇီဝိတဒါန လေလံဆွဲနိုင်အောင် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် နှိုးဆော်ကြတော့မှာ ဖြစ်ပါတယ်။

“တိုင်း မဘသ ကော်မတီ ဖွဲ့စည်းပုံ”
ဘဒ္ဒန္တတိက္ခ (ဝါခင်းကုန်း၊ မန္တလေး) (သြဝါဒါစရိယ)
ဘဒ္ဒန္တစိန္တာ (ရွှေဘိုတိုက်၊ မန္တလေး) (သြဝါဒါစရိယ)
ဘဒ္ဒန္တဝိလာသ (ရန်အောင်တောရ၊ ပျော်ဘွယ်) (သြဝါဒါစရိယ)
ဘဒ္ဒန္တကုသလ (ဘုရားကြီးတိုက်၊ မန္တလေး) (နာယက)
ဘဒ္ဒန္တဇနိန္ဒ (ဂန္ဓာရုံ၊ မြင်းခြံ) (နာယက)
ဘဒ္ဒန္တပညာသာမိ (ကင်းဝန်မင်းကြီးတိုက်၊ မန္တလေး) (ဥက္ကဋ္ဌ)
ဘဒ္ဒန္တစန္ဒောဘာသ (ရန်အောင်မင်းကျာင်း၊ ရမည်းသင်း) (ဒုဥက္ကဋ္ဌ)
ဘဒ္ဒန္တဇာဂရ (သဲဖြူကျောင်း၊ မြင်းခြံ) (ဒုဥက္ကဋ္ဌ)
ဘဒ္ဒန္တဝဏ္ဏိတ (နန်ဦးကျောင်း၊ အမရပူရ) (အတွင်းရေးမှူး)
ဘဒ္ဒန္တဝါသဝ (ရွှေဘိုတိုက်၊ ပြည်ကြီးတံခွန်) (တွဲဖက်အတွင်းရေးမှူး)

ဘဒ္ဒန္တပဏ္ဍိစ္စ (မိတ္ထီလာ) (တွဲဖက်အတွင်းရေးမှူး)















No comments:

Post a Comment