Sunday, January 31, 2016

“ရန်ကုန် တောင်ဒဂုံမြို့နယ် ဝံသပါလအသင်း တရားပွဲ”

ပြာသိုလဆန်း(၇)ရက်၊ 16.1.2016 ည 8:00 ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၅၃ ရပ်ကွက်၊ အပိုင်း(၂၀) မိသားစု၊ ခုနစ်ရက်သားသမီးများနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(ဝံသပါလ)အသင်း တတိယအကြိမ်မြောက် ဓမ္မပူဇာတရားပွဲ။

ခေါင်းကပြောင်ပြောင် နှင်းကဖွေးဖွေး လေကအေးအေးနှင့် ခြုံထည်ခြုံပြီး ဟောရတဲ့ပွဲပါ။
ပရိသတ်တွေလည်း အတော်အေးပုံရပါတယ်။ ပုဝါထဲကနေပဲ လက်အုပ်ချီတာ တွေ့ရပါတယ်။

ချမ်းချမ်းစီးစီးနဲ့ ဇွဲကြီးတဲ့ပရိသတ်ပါ။ တရားစစ် တရားမှန် ရွေးချယ်နည်း တရား ဟောကြားခဲ့ပါတယ်။ ပရိသတ်ကတော့ ဘယ်လိုနေသည်မသိ ဟောကြားသူကတော့ ည အတော်လေးဖျားနာခဲ့ပါတယ်။

“တရားစစ် တရားမှန် ရွေးချယ်နည်းတရားတော်”
၁။ တစ်ဆင့်ကြားလည်း မယုံနဲ့ ကိုယ်တိုင်သိမှ ယုံ။
၂။ မိရိုးဖလာလည်း မယုံနဲ့ ကိုယ်တိုင်သိမှ ယုံ။
၃။ ကောလာဟလလည်း မယုံနဲ့ ကိုယ်တိုင်သိမှ ယုံ။
၎။ ကျမ်းစာပြောလည်း မယုံနဲ့ ကိုယ်တိုင်သိမှ ယုံ။
၅။ ကြံဆမှုလည်း မယုံနဲ့ ကိုယ်တိုင်သိမှ ယုံ။
၆။ နည်းမှီရုံလည်း မယုံနဲ့ ကိုယ်တိုင်သိမှ ယုံ။
၇။ သုံသပ်ရုံလည်း မယုံနဲ့ ကိုယ်တိုင်သိမှ ယုံ။
၈။ ယူချင်းတူလည်း မယုံနဲ့ ကိုယ်တိုင်သိမှ ယုံ။
၉။ ယုံအပ်သူလည်း မယုံနဲ့ ကိုယ်တိုင်သိမှ ယုံ။
၁၀။ ဆရာပြောလည်း မယုံနဲ့ ကိုယ်တိုင်သိမှ ယုံ။

လက်တွေ့လည်းကျ ကောင်းကျိုးရ ကုသိုလ်ရမှ ယုံ။
အပြစ်လည်းကင်း ချီးမွမ်းခြင်း အရှင်းရမှ ယုံ။
တရားစစ်တရားမှန် ရွေးချယ်ရန် ဗုဒ္ဓဟောခဲ့ပုံ။
(အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ၁၈၉။ ဋ္ဌ။ ၁။ ၁၈၁။ ကေသမုတ္တိသုတ်)












No comments:

Post a Comment