ပြာသိုလဆန်း (၆)ရက်၊ 15.1.2016 ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇၀)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း မိသားစုများ၏ နှလုံးသားဝယ်ဘုရားတည် ဓမ္မပူဇာ တရားအလှူတော်မင်္ဂလာ တရားပွဲ။
တရားမဟောခင် အိမ်တစ်အိမ်မှာ ခဏနားပါတယ်။ တရားပွဲစီစဉ်သူ လူငယ်လေးတွေကို သြဝါဒပေးပါတယ်။ အိပ်ရာထချိန်မှ အိပ်ရာဝင်ချိန်အထိ ခေါင်းထဲမှာ အမျိုးသားရေးပဲရှိတဲ့အကြောင်း၊ ထာဝရအမျိုးသားရေးသမားဖြစ်ကြောင်း၊ ဘယ်အစိုးရလက်ထက်ပဲဖြစ်ဖြစ် အမျိုးသားရေးပဲ လုပ်နေမည့်အကြောင်း၊ အမျိုးသားရေးကို အမြဲလုပ်ကြဖို့ သြဝါဒပေးခဲ့တာပါ။
တရားပွဲမှာတော့ ပွဲစီစဉ်သူက စာရေးသူရဲ့ အတ္ထုပ္ပတ္တိကိုဖတ်ကြားပြီး စာရေးသူဟောတရားတွေကြောင့် အမျိုးသားရေးမျက်စိတွေ ပွင့်လာတာဖြစ်လို့ ကျေးဇူးတင်ကြောင်း လျှောက်ထားပါတယ်။
မတက ဘတ္တ ဇာတ်တော်ကို “အယူလွဲမှား ငရဲလား”အမည်နဲ့ အစ်နေ့ နွားသတ်တာတွေ တားဆီးရေးနှင့် အမဲသားရှောင်ကြဉ်ရေးတရား ဟောကြားခဲ့ပါတယ်။
No comments:
Post a Comment