Saturday, December 19, 2015

“ချက်နိုင်ငံ TV သတင်းဌာန အင်တာဗျူး”


6.11.2015 မွန်းလွဲ 1:00 ဓမ္မစေတိယကျောင်းပေါ်မှာ လက်ခံတွေ့ဆုံပါတယ်။
ဒီဌာနက ချက်နိုင်ငံမှာ BBC လိုပဲ လူသိများတဲ့ ပုဂ္ဂလိကသတင်းဌာနတစ်ခုလို့ ဆိုပါတယ်။

ဒိုင်ခံမေးလျှောက်သူက အမျိုးသမီးတစ်ဦးပါ။ နာမည်ကတော့ ဘာဘရာ ဆမ်မလိုဗာ (BABORA SAMALOVA)။ တစ်နာရီနီးပါး မေးလျှောက်ပါတာပါ။ မောင်တော ဂျီဟဒ်ခွေ ပြလိုက်ပါတယ်။

မွတ်စလင်ခြိမ်းခြောက်မှု၊ ဘူးသီးတောင် မောင်တောအခြေအနေ၊ အမျိုးစောင့်ဥပဒေအကြောင်း၊ ဗုဒ္ဓဘာသာတရားနှင့် အမျိုးသားရေးလမ်းစဉ် စတဲ့ အမျိုးသားရေးနှင့် ပတ်သက်တာတွေပဲ မေးပါတယ်။

မြန်မာပြည်မှာတော့ မွတ်စလင်အန္တရာယ်က ခြိမ်းခြောက်တဲ့အဆင့်ကို ကျော်သွားပါပြီ။ ဘာသာတရားလည်း မွတ်စလင်တွေကျူးကျော်မှုကို ခံနေရပါတယ်။ လူမျိုးလည်း မွတ်စလင်တွေဝါးမျိုမှုကို ခံနေရပါတယ်။ ခြိမ်းခြောက်တယ်ဆိုတာ သတ်မယ် ဖြတ်မယ် ဆိုတဲ့အဆင့်ပဲရှိသေးတယ်။ ကိုယ်ထိလက်ရောက် မကျူးလွန်သေးဘူး။ မွတ်စလင်တွေက လူမျိုးနှင့် ဘာသာအပေါ် ခြိမ်းခြောက်တဲ့အဆင့်မဟုတ်တော့ဘူး။ အန္တရာယ်ပြုတဲ့အဆင့်ထိကို ရောက်ရှိလာတာ။

၂၀၁၂ ခုနှစ် ဇွန်လ ရှစ်ရက်၊ သောကြာနေ့၊ နေ့ခင်းကြောင်တောင်ကြီးမှာ ရခိုင်တွေကို အကြမ်းဖက်ခဲ့တာရယ်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ ဒီသုံးမြို့ကို ရိုဟင်ဂျာနိုင်ငံအဖြစ် ကြေညာသွားပြီ။ ဒါက နိုင်ငံ့ရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်တဲ့အဆင့်။

အမျိုးသားရေးတရားဟောကြတာတွေဟာ ဗုဒ္ဓရဲ့ မေတ္တာတရားနှင့် မညီဘူးလို့ ဝေဖန်ကြတာတွေက နားလည်မှုလွဲကြလို့ပါ။
ဘာသာတရားတစ်ခုကို ကျင့်သုံးတာက တစ်ခြား၊ ကာကွယ်တာက တစ်ခြားပါ။ ယုံကြည်ကိုးကွယ်တာနှင့် ကာကွယ်စောင့်ရှောက်တာ မတူပါဘူး။ ဥပမာ ဦးဇင်းရင်ထဲမှာတော့ လူသားတိုင်းအပေါ်မှာ မေတ္တာထားရှိပါတယ်။ မူဆလင်တွေကိုလည်း မေတ္တာသက်ဝင်တယ်။ ဟိန္ဒူတွေကိုလည်း မေတ္တာသက်ဝင်တယ်။ ခရစ်ယာန်တွေကိုလည်း မေတ္တာသက်ဝင်ပါတယ်။ ဒါက ဘာသာတရားအဆုံးအမကို လိုက်နာတာ။ ဒါပေမဲ့ ဦးဇင်းတို့တန်ဖိုးထားတဲ့ ဒီဘာသာတရားကို ကာကွယ်စောင့်ရှောက်ရမယ်။ ဒီဘာသာတရားကို အန္တရာယ်ပြုလို့ မရအောင် အုတ်တံတိုင်းအဆင့်ဆင့် သော့အထပ်ထပ် ခတ်ပြီး ကာကွယ်စောင့်ရှောက်ရမယ်။
ကာကွယ်တာနဲ့ ကိုးကွယ်တာ မကွဲတဲ့သူတွေကျတော့ ဦးဇင်းတို့အပေါ် နားလည်မှုလွဲတတ်ကြတာပေါ့။

ခရစ်ယာန်တွေက ဗုဒ္ဓဘာသာအပေါ် ခြိမ်းခြောက်လာနိုင်တယ်လို့ မမြင်ပါဘူး။ ခရစ်ယာန်တွေက လူနေမှုအဆင့်အတန်း မြင့်မားတယ်။ လူမှုဆက်ဆက်ရေးပြေပြစ်တယ်။ စိတ်သဘောထားကြီးကြတယ်။ မျက်စိတွေ နားတွေလည်း ပိတ်မထားခိုင်းဘူး။ ဒါကြောင့် ခရစ်ယာန်တွေအပေါ်မှာ ဦးဇင်းတို့က မိတ်ဆွေကောင်းတစ်ယောက်လို သဘောထားနိုင်ပါတယ်။


ဥရောပကို မွတ်စလင်တွေတပ်ဖြန့်နေတာကြောင့် ဥရောပကျဆုံးမှာ စိုးရိမ်မိတယ်။ ဥပမာ အီရတ်တို့ ဆီးရီးယားတို့မှာ မွတ်စလင်တွေ ဒုက္ခရောက်နေကြတယ်။ ဆော်ဒီတို့လို ချမ်းသာတဲ့နိုင်ငံတွေက ဒီမွတ်စလင်တွေကို စောင့်ရှောက်ထားရမယ်။ ဘာသာတူ လူမျိုးတူတဲ့ ဒီနိုင်ငံတွေမှာ ပိုပြီးတာဝန်ရှိတယ်။ ဒါပေမဲ့ သူတို့က တစ်ယောက်မှလက်မခံဘဲနဲ့ ဂျာမနီက လက်ခံကြပါ၊ ချက်က လက်ခံကြပါ၊ ပိုလန်က လက်ခံကြပါ ဆိုပြီး ဥရောပနိုင်ငံတွေကိုပဲ လက်ခံခိုင်းနေတယ်။ ဂျီဟဒ်ဝါဒီတွေက ဒုက္ခသည်တွေနဲ့ အတူရောပါလာပြီး ဥရောပကို တပ်ဖြန့်လိုက်ကြပြီ။ နောင်နှစ်ပေါင်း (၁၀၀)လောက်ဆိုရင် ဥရောပ ကောင်းကောင်းကြီး အန္တရာယ်ကျရောက်လာတော့မှာ။



No comments:

Post a Comment