အွန်လိုင်းပရိသတ်ကြီး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ။
ဦးပဉ္စင်းကို
ချစ်သူတွေကော ချဉ်သူတွေကိုပါ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
၂၀၁၆ နှစ်သစ်ကို
စတင်ဝင်ရောက်လာပါပြီ။
နိုင်ငံသူ
နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး စိတ်သစ် ကိုယ်သစ် ဘဝသစ်ဖြင့် ရွှင်လန်းချမ်းမြေ့စွာ
နှစ်သစ်ကို ကြိုဆိုနိုင်ပါစေဗျာ။
ပါရီနှင့်
ကယ်လီဖိုးနီးယားလို အဖြစ်မျိုး နှစ်သစ်မှာ မကြုံရပါစေနှင့်လို့ ဆုတောင်းလိုက်ပါတယ်ဗျာ။
ဂျီဟဒ်ဘေးသင့်ပြည်သူများ
ဂျီဟဒ်ဘေးမှ အမြန်လွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
အထူးသဖြင့်
ရုရှားသမ္မတ မစ္စတာပူတင်ကြီး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကာ မျိုးချစ်သမ္မတလောင်းကြီး
မစ္စတာဒေါ်နယ်ထရမ့်ပ်လည်း သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရပါစေလို့ ဆုမွန်ကောင်း
တောင်းမိပါတယ် ခင်ဗျာ။
၂၀၁၆ ခုနှစ်
မြန်မာအစိုးရသစ်လက်ထဲသို့ အန္တရာယ်ကင်းစွာ အာဏာရောက်ရှိပြီး အစိုးရသစ်လုပ်ငန်းစဉ်များလည်း
အဆင်ပြေချောမွေ့ကာ ပြည်သူလူထုလည်း ဒီမိုကရေစီအသီးအပွင့်များကို ပြည့်ဝစွာ ခံစားနိုင်ကြပါစေဗျာ။
မြန်မာအစိုးရသစ်သည်လည်း
တရားဥပဒေစိုးမိုးရေးခေါင်းစဉ်ဖြင့် တရားမဝင်ဗလီများကို အရေးယူပေးဖို့၊ လူ့အခွင့်အရေးခေါင်းစဉ်ဖြင့်
လူ့အခွင့်အရေး အချိုးဖောက်ခံရသော တိုင်းရင်းသူ/သားများအရေး ဆောင်ရွက်ပေးဖို့၊ ခွဲခြားဆက်ဆံခြင်းခေါင်းစဉ်ဖြင့်
တိုင်းရင်းသူများအပေါ် ခွဲခြားဆက်ဆံမှုကို ကျူးလွန်နေသော ဘူရ်ခါခြုံသူများကို ဆုံးမပေးဖို့၊
အကျင့်ပျက် ချစားမှုခေါင်းစဉ်ဖြင့် အဂတိလိုက်သော တရားမဲ့ပြုကျင့်သော ပါတီဝင်မှန်သမျှ၊
အမတ်မှန်သမျှ၊ ဝန်ထမ်းမှန်သမျှကို သွန်သင်ပေးဖို့ တင်ပြလာသည့်အခါ မျက်နှာကြီးငယ်မရွေးဘဲ
မဆိုင်းမတွ အရေးယူဆောင်ရွက်နိုင်သော အစိုးရဖြစ်၍ ပြည်သူချစ်သော စံပြအစိုးရကောင်းတစ်ခုအဖြစ်
ရပ်တည်နိုင်ပါစေဗျာ။
ပြည်သူလူထုက
ယုံကြည်အားကိုးလို့ အကူအညီလာတောင်းသည့်အခါ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသော ပြည်သူ့အစိုးရပီသစွာ
ပြည်သူလူထုကို လှိုက်လှဲပျူငှာစွာ မျက်ဝါးထင်ထင် တွေ့မြင်ကြိုဆိုပြီး တလေးတစား နားထောင်ကာ
ငြှိုးငယ်နေသော ပြည်သူ့မျက်နှာကို ရွှင်ပြစေ၍ စီးကျနေသော ပြည်သူ့မျက်ရည်များကို သုတ်ပေးတတ်သော
ပြည့်သူ့မိဘသဖွယ်ဖြစ်သော အစိုးရကောင်းတစ်ခု မြင်တွေ့နိုင်ရပါစေဗျာ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတစ်ခုလုံး
တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး တို့ဖြင့် စည်ပင်ဝဖြိုး အလှတိုးနိုင်ကြပါစေဗျာ။
အထူးသဖြင့်
ပြည်သူနှင့် အစိုးရ၊ သံဃာနှင့် ပြည်သူကို သွေးခွဲသပ်လျှိုတတ်သော ပိသုဏီမီဒီယာဘေးမှ
ကင်းဝေး၍ ပြည်သူ့သံဃာ ပြည်သူ့အစိုးရအဖြစ် တစ်စိတ်တစ်ဝမ်းတည်း အမြဲတန်းချစ်ကြည်ညီညွတ်ပြီး
တစ်မျိုးသားလုံး၏ ဘုံအန္တရာယ်ကို ကာကွယ်စောင့်ရှောက်နိုင်ပါစေကြောင်း ထပ်လောင်းမေတ္တာ
ပို့သလိုက်ပါတယ်ဗျာ။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့
No comments:
Post a Comment