မြေပုံမြို့နယ်၊
ကမ်းထောင်ကြီးမြို့၌ 29.12.2015 နေ့မှာ ဆင်နွှဲခဲ့တဲ့ လိပ်ကျွန်းညီနောင်လွတ်မြောက်ရေးဆန္ဒပြပွဲပါ။
ကမ်းထောင်ကြီးမြို့
ရတနာဒီပ အုပ်ကျောင်း အနီးရှိ ဆုတောင်းပြည့် စေတီမှာ နံနက် ၉ နာရီခန့်က ပြုလုပ်ပြီး
ပြည်သူ ၃၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။
-------------------------------------------------------------------------------------------------------
“ကမ်းထောင်းကြီးမြို့တွင်
ပြုလုပ်သော လူငယ်နှစ်ဦး လွတ်မြောက်ရေး ဆုတောင်းပွဲ ဒေသခံပြည်သူ ၃၀၀ ကျော်တက်ရောက်”
ကျော်ဝင်း
ကျောက်ဖြူ၊
ဒီဇင်ဘာ ၂၉
ထိုင်းနိုင်ငံတွင်
သေဒဏ်ချမှတ်ခံထားရသော မြန်မာ လူငယ် နှစ်ဦး လွတ်မြောက်ရေး အတွက် ယနေ့ နံနက်က မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် ဆုတောင်းပွဲ
ကျင်းပရာ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။
ယင်းဆုတောင်းပွဲ
အခမ်းအနားအား ကမ်းထောင်းကြီးမြို့ ရတနာဒီပ အုပ်ကျောင်း အနီးရှိ ဆုတောင်းပြည့် စေတီတွင်
ယနေ့ နံနက် ၉ နာရီတွင် စတင် ပြုလုပ်ခဲ့သည်။
“ မတရားဖမ်းဆီးခံရသူ ဝင်းဇော်ထွန်းနဲ့ဇော်လင်းတို့လွတ်မြောက်ရေးအတွက်
ဘုရားမှာ ဆုတောင်းပွဲလုပ်ခဲ့ကြပါတယ်။ အယူခံအောင်မြင် ပါစေကြောင်းလည်း ကမ်းထောင်းကြီး
မြို့သူမြို့သားတွေက ဆုတောင်းခဲ့ကြပါတယ်” ဟု ကိုစံမင်းကပြောသည်။
ယခု စီရင်ချက်မှာ
သူတို့နှစ်ဦးကို သေဒဏ်ပေးခံရသည် သာမက မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာအားလည်း ထိခိုက်သည်ဟု
ထင်မြင်ကြောင်း၊ ၎င်းပြင် ထိုင်းတွင်ရှိသော မြန်မာ အလုပ်သမားများကို လွယ်လင့်တကူ လုပ်ချင်သလို
လုပ်၍ ရသည်ဟု ထင်မြင်ယူဆပြီး အနာဂတ်တွင် ပိုပြီး ဖိနှိပ်လာနိုင်ကြောင်း၊ သို့အတွက်
နိုင်ငံတော် အစိုးရအနေဖြင့် တရားသဖြင့် ဖြစ်ရန် ဆောင်ရွက်စေလိုကြောင်း သူက ဆက်လက် ပြောဆိုသည်။
ကမ်းထောင်းကြီးမြို့သူ
မြို့သားများသည် ပိုစတာများကို ကိုင်ဆောင်ပြီး
ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ “ အယူခံအောင်မြင်ပါစေ၊ မတရားသေဒဏ် ချမှတ်ခြင်းခံရသောလူငယ်နှစ်ဦးအမြန်လွတ်ပါစေ” ဟု ဆုတောင်းခဲ့ကြသည်ဟု သိရသည်
Arakan
State
No comments:
Post a Comment