အမျိုး ဘာသာ
သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ညွှန်ကြားချက်နှင့်အညီစီစဉ်ကျင်းပသော ၆/၂၀၁၅ သာသနာပြုစွမ်းရည်မြှင့်တင်ရေး
''အသုံးချဥပဒေနှင့်သတင်းမီယာသင်တန်း'' ကို မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်ထုမြို့
ဓမ္မဗိမာန်တော်၌ ၁၂.၁၂.၂၀၁၅ စနေနေ့မှ ၁၇.၁၂.၂၀၁၅ ကြာသပတေးနေ့အထိ (၆)ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်
။
ယင်းသင်တန်းကို
ဗဟို၏သင်တန်းနာယကများဖြစ်သော ဦးဝီရသူ ဦးပါမောက္ခ ဦးအင်္ကုရ တို့ကဦးဆောင်၍ အထက်တန်းဥပဒေပညာရှင်
နှင့် သတင်းဂျာနယ်အယ်ဒီတာတို့ကသင်ကြားပို့ချသွားမည်ဖြစ်သည် ။
အဆိုပါသင်တန်းကို
ရန်ကုန်တိုင်းဒေသကြီး၌ ၂ ကြိမ် ဧရာဝတီတိုင်းဒေသကြီးပန်းတနော်မြို့၌ ၁ ကြိမ် မကွေးတိုင်းဒေသကြီးကိုယ်စားပြု
ပခုက္ကူမြို့၌ ၁ ကြိမ် ရှမ်း/မြောက်ဆိုင်ရာပြည်နယ်ကိုယ်စားပြု ၁ ကြိမ် အားဖြင့် (၅)
ကြိမ်တိုင်တိုင်ကျင်းပခဲ့ပြီး ယခု မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်ထုမြို့၌ ၁
ကြိမ် အားဖြင့်(၆)ကြိမ်မြောက်သို့ ရောက်ရှိပြီလည်းဖြစ်သည်။
ဆက်လက်၍ ရှမ်း/တောင်
တနင်္သာရီ စသော ပြည်နယ်/တိုင်း/ မြို့နယ် အသီးသီးတို့၌လည်း ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည် ။
ဝိဘဇ္ဇသွေး
No comments:
Post a Comment