Thursday, December 10, 2015

“အင်းတော်ကြီးဒေသ မဘသ နှစ်ပတ်လည် ဖြည့်စွက်ဖွဲ့စည်းခြင်းအခမ်းအနား”


ကချင်​ပြည်​နယ်​ မိုးညှင်းမြို့နယ်​ အင်း​တော်​ကြီး​ဒေသ အမျိုးဘာသာ သာသနာ​စောင့်​​ရှောက်​​ရေး မဘသအဖွဲ့ နှစ်​ပတ်​လည်​နှင့်​ ဖြည့်​စွက်​ဖွဲ့စည်းခြင်း အခမ်းအနားကို နမ့်​မွန်းရွာ သီရိမင်္ဂလာ ​ကျောင်းတိုက်၌ ၁၃၇၇ခုနှစ်​၊ တန်​​ဆောင်​မုန်းလပြည့်​​ကျော်​ ၆ ရက်​၊ (၂.၁၂.၁၅)ရက်​​နေ့တွင်​ ကျင်းပခဲ့ပါတယ်​။
အခမ်းအနားကို ​နေ့လည်​ ၁၂နာရီအချိန်​တွင်​ စတင်​၍ န​မောတဿ ၃ကြိမ်​ရွတ်​ဆိုဖွင့်​လှစ်​ပြီး သြဝါဒဆရာ​တော်​များဖြစ်​ကြ​သော ​ညောင်​ပင်​ဆရာ​တော်​၊ ​ချောင်းဝဆရာ​တော်​၊ နမ့်​မွန်းဆရာ​တော်​တို့မှ သြဝါဒကထာများ ချီးမြှင့်ကြပါတယ်​။
မဘသဗဟို ဥက္ကဋ္ဌဆရာ​တော်​မှ ​ပေးပို့​သောသဝဏ်​လွာကို နမ့်​​မောက္ကန်​ဆရာ​တော်​မှ၎င်း၊ မန္တ​လေး   ဝီရသူ မစိုးရိမ်​၏ သဝဏ်​လွှာကို နမ့်​မီး​လောင်​​ရွှေ​မှော်​ ဆရာ​တော်​မှ၎င်း အသီးသီးဖတ်​ကြားခဲ့ပါတယ်​။
အင်း​တော်​ကြီး​ဒေသ မဘသဥက္ကဋ္ဌဆရာ​တော်​မှ မဘသအ​ကြောင်း သိ​ကောင်းစရာများ ​ဟော​ပြောပြီး ဟဲပု​ကျောင်း ဆရာ​တော်​မှ မျိုး​စောင့်​ဥပ​ဒေ ၄ ရပ်​ကို ရှင်းလင်းမိန့်​ကြားကာ မွန်းလွဲ ၁း၄၀ နာရီအချိန်​တွင်​ အမျိုးဘာသာ သာသနာအဓိဋ္ဌာန်​ ၃ချက်​ရွတ်​ဆို၍ အခမ်းအနား ​အောင်​မြင်​စွာ ပြီးဆုံးခဲ့ပါတယ်​။

အခမ်းအနားသို့ သံဃာ​တော်​ အပါး၆၀ ​ကျော်​၊ သီလရှင်​နှင့်​လူပုဂ္ဂိုလ်​ ၇၀၀​ကျော်​ တက်​​ရောက်​​ခဲ့ကြပြီး စည်​ကာသိုက်​မြိုက်​စွာ ကျင်းပနိုင်​ခဲ့ပါတယ်​။


အင်း​တော်​ကြီး မ ဘ သအဖွဲ့



No comments:

Post a Comment