ရခိုင်ပြည်
ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နေပါပြီ။
မြောက်ဦးမြို့နယ်မှာ
စာသင်ကျောင်းနှစ်ကျောင်းကို မြောက်ဦး မဘသ ဦးစီးဆောင်ရွက်နေပါတယ်။
ဆင်စွယ်ကျိုးရွာ
မူလတန်းကျောင်းနှင့် အထက်လေညှင်းတောင်ကျေးရွာ မူလွန်ကျောင်းတို့ ဖြစ်ပါတယ်။
နှစ်ကျောင်းလုံးကို
11.11.2015 (သီတင်းကျွတ်လကွယ်)နေ့မှာ အုတ်မြစ်ချအခမ်းအနား ကျင်းပခဲ့တာပါ။ မြောက်ဦး
မဘသ (ဥက္ကဋ္ဌ) နန်းဦးဆရာတော်ကြီး ဘဒ္ဒန္တပညာဝံသ ဦးစီးဆောင်ရွက်တာ ဖြစ်ပါတယ်။
ဆင်စွယ်ကျိုးရွာ
မူလတန်းကျောင်းအတွက် မဘသ(ဗဟို)နှင့် မန်း မဘသ တို့က သိန်း(၁၀၀)ကျပ်စီ (၁၀၀+၁၀၀) သိန်း(၂၀၀)ကျပ်
လှူ၏ဒါန်းထားပါတယ်။
အထက်လေညှင်းတောင်ကျေးရွာ
မူလွန်ကျောင်းအတွက် Aimstar. (Mya) Co.Ltd က သိန်း (၃၄၀)ကျပ် လှူဒါန်းတာ ဖြစ်ပါတယ်။
၎င်းကုမ္ပဏီတာဝန်ရှိသူများနှင့်
မန်း မဘသ အဖွဲ့ဝင်တို့ အထက်လေညှင်းတောင်ကျေးရွာအထိ ကွင်းဆင်းကြည့်ပြီးမှ မြောက်ဦး
မဘသအဖွဲ့ထံ အပ်နှံလှူဒါန်းကြတာ ဖြစ်ပါတယ်။
No comments:
Post a Comment