Wednesday, December 23, 2015

“မိုးညှင်းမြို့၌ ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာဆရာဖြစ်မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ”


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ ထီးလင်းသာသနာ့ဗိမာန် ကျောင်းတိုက် ဓမ္မစကူလ်အဖွဲ့နှင့် မန္တလေးမြို့၊ ရေတံခွန်တောင် သစ္စဝေဒဂူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ  ယဉ်ကျေးလိမ္မာပြန့်ပွားရေးနှင့် လူမူကူညီရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်အပ်သော ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာ ဆရာဖြစ်မွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀.၁၂.၂၀၁၅ ရက်နေ့၊ ညနေ ၆း၀၀ နာရီအချိန် မိုးညှင်းမြို့၊ ထီးလင်းသာသနာ့ဗိမာန်ကျောင်း၌ ကျင်းပခဲ့ပါသည်။ 

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ  )ဥက္ကဌဆရာတော်၊ ဒုတိယ ဥက္ကဌဆရာတော်၊ အဖွဲ့ဝင်ဆရာတော်များနှင့် ရပ်မိရပ်ဖများ  အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို ပထမပိုင်း ဒုတိယပိုင်း အပိုင်း အစီအစဉ်နှစ်ရပ်ဖြင့် ပြုလုပ်ခဲ့ရာ ပထပိုင်းအစီအစဉ်အနေဖြင့် ဒေါ်ယဉ်နွယ်မင်းမှ အခမ်းနားမှူး အဖြစ် ဆောင်ရွက်၍  မိုးညှင်းမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ထီးလင်းဆရာတော်မှ သြဝါဒချီးမြင့်ခြင်း၊
မိုးညှင်းခရိုင်လုံးဆိုင်ရာ ယဉ်ကျေလိမ္မာဆရာဖြစ်သင်တန်း ဖြစ်မြောက်ရေးကော်မတီ အကျိုးတော်ဆောင် ဂေါပက ဦးထွန်းစိန်မှ ဝမ်းမြောက်စကားပြောကြားခြင်း၊
အလှူ့ရှင်များအား ဂုဏ်ပြုမှတ်တမ်း များချီးမြင့်ခြင်း၊
မိုးညှင်းမြို့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်များက သင်တန်းပြီးစီးအောင်မြင်သော သင်တန်းသူ သင်တန်းသားများအား အောင်လက်မှတ်များ ချီးမြင့်ပေးအပ်ခြင်း၊
 သင်တန်းနည်းပြဆရာတော် ဦးတိလောကမှ ဆက်လက်ဝန်ချ သြဝါဒတရား ချီးမြင့်ခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့ပါသည်။

ဒုတိယပိုင်းအစီအစဉ်အဖြစ် သင်တန်းတက်ရောက်လာသော တိုင်းရင်သူ တိုင်းရင်းသား ဆရာဆရာမများက ရိုးရာယဉ်ကျေးမူအက အလှများဖြင့် တင်ဆက်ခဲ့ကြပြီး ည ၁၁ နာရီအချိန်တွင် အခမ်းအနားလုံး ဆောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ကျော်ထူး ( ထီးလင်း  )

















No comments:

Post a Comment