I am for
traditional marriage
(အမျိုးစောင့်သူအတွက်
ဒေါ်နယ်ထရမ့်)တဲ့နော်
သူ့ကိုလည်း
ပိတ်ပင်တားဆီးနေတဲ့သူတွေ ရှိကြတာပဲ။
မူဆလင်ကိုဆန့်ကျင်တိုင်း
မူဆလင်မလိုလားသူလို့ မထင်နဲ့နော။
အကြမ်းဖက်သမားတွေ
ပါလာရင် ပြည်တွင်းမွတ်စလင်တွေပါ ရိုက်ခတ်ခံရမှာစိုးလို့ ဆိုတာ ပေါ်လွင်ပါတယ်။
အကြမ်းဖက်
အဖျက်ကြမ်းသမားတွေကြောင့် ဖြူစင်တဲ့မွတ်စလင်တွေ နေရထိုင်ရ ခက်မှာစိုးလို့ပါဗျာ။
ထရမ့်ရေ တောင့်ထား။
အောင်မြင်ပါစေဗျာ။
ဝီရသူ (မစိုးရိမ်)
11.12.2015
PM-
10:52
-----------------------------------------------------------------------------------------------------------------------------
“ဝေဖန်မှုများအပေါ်
မွတ်ဆလင်များအကျိုးစီးပွားအတွက် လုပ်ဆောင်နေခြင်းဟု ဒေါ်နယ်ထရမ့်တုံ့ပြန်”
ရီပတ်ဗလီကန်သမ္မတလောင်း
ဒေါ်နယ်ထရမ့်၏ မွတ်ဆလင်များနှင့်ပတ်သက်၍ သုံးသပ်ချက်စကားကြောင့် ပြစ်တင်ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်လာပြီးနောက်
မိမိသည် မွတ်ဆလင်များ၏ အကျိုးစီးပွားအတွက် မှန်ကန်စွာလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းက
ထုတ်ဖော်ပြောဆိုလာပြန်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
CNN ရုပ်သံဌာနနှင့်ပြုလုပ်သော
တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဒေါ်နယ်ထရမ့်က အမေးရိကန်ပြည်ထောင်စုထဲသို့ မွတ်ဆလင်များဝင်ရောက်မှုကို
ပိတ်ပင်ရန် တိုက်တွန်းပြောဆိုခဲ့မှုကြောင့် ပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံတွေ့ရကြောင်း
အမှန်တွင် မိမိသည် အစ္စလာမ်လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု
ပြောကြားသည်။
“မွတ်ဆလင်တွေအတွက်
ကျွန်တော်ကောင်းတာလုပ်နေတာ။ ကျွန်တော့်ရဲ့ မွတ်ဆလင်မိတ်ဆွေအတော်များများက ကျွန်တော့်ရဲ့သဘောထားကို
သဘောတူကြပါတယ်။ သူတို့ကပြောတယ်၊ ဒေါ်နယ်ထရမ့်ဟာ အင်မတန်ထူးခြားကောင်းမွန်တဲ့ အရာတစ်ခုကို
ဆောင်ကြဉ်းပေးခဲ့တာပဲ လို့ ပြောကြတယ်”ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော ဒေါ်နယ်ထရမ့်က
ပြောကြားသည်။
ထိုသို့ ကျေးဇူးတင်စကားပြောဆိုခဲ့သူများတွင်
အရှေ့အလည်ပိုင်းဒေသမှ အလွန်အရေးပါသူများအနက် တစ်ဦးပါဝင်သည်ဟု ၎င်းက ပြောကြားသော်လည်း
မည်သူမည်ဝါဖြစ်သည်ကိုမူ အမည်တပ်၍ မပြောပေ။
“သူက ပြောတယ်၊
ဒေါ်နယ် ခင်ဗျားဟာ အကောင်းဆုံးဆောင်ရွက်မှုတစ်ရပ်ကိုလုပ်နေတာပဲ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ထို့နောက်
ဒေါ်နယ်ထရမ့်က မိမိတွင် မွတ်ဆလင်မိတ်ဆွေ၊ အပေါင်းအသင်းများစွာရှိကြောင်း၊ ၎င်းတို့သည် သာမန်ထက်
ထူးခြားသူများဖြစ်ကြပြီး မိမိ၏ လုပ်ဆောင်ချက်များကိုလည်း နှစ်သက်သဘောကျသူများဖြစ်ကြောင်း
ပြောကြားသည်။
“ကျွန်တော်
အရှေ့အလည်ပိုင်းဒေသကိုချစ်တယ်။ အရှေ့အလည်ပိုင်းဒေသမှာ နေထိုင်တဲ့သူတွေကိုလည်း ချစ်တယ်”ဟု
ဆိုသည်။
သို့သော်
ဒေါ်နယ်ထရမ့်၏ မွတ်ဆလင်များအပေါ် ပြောဆိုခဲ့သောမှတ်ချက်ကြောင့် အစ္စရေးနိုင်ငံရေးသမားများနှင့်
ဗြိတိန်နိုင်ငံသား ၃၇၀၀၀၀ ကျော်ခန့်က ၎င်းကို နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မပြုရန် အစ္စရေးနှင့်
ဗြိတိန်အစိုးရတို့အား တိုက်တွန်းလိုက်ကြသည်။
ဒီဇင်ဘာ ၂၈
ရက်နေ့တွင် အစ္စရေးသို့ ဒေါ်နယ်ထရမ့်လာရောက်ပြီး ဝန်ကြီးချုပ် နေတန်ညာဟုနှင့် တွေ့ဆုံဆွေးနွေးရန်
စီစဉ်ထားကြောင်း၊ သို့သော် အစ္စရေးနိုင်ငံရေးသမားများက ၎င်းအား ဝင်ရောက်ခွင့်မပြုရန် အစိုးရကို
တောင်းဆိုထားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
11.12.2015
– The Voice
No comments:
Post a Comment