ခရစ်ယာန်အချင်း
ဖြစ်တဲ့အမှုပါ။ ကရင်တိုင်းရင်းသား ညီအစ်ကို မောင်နှမအရင်းစစ်စစ်တွေ ဖြစ်ပါတယ်။ မိတ်ဆွေမူဆလင်
ရှေ့နေဝင်လာလို့ မူဆလင်ရှေ့နေအကြံအစည်တွေပါလာလို့ စိတ်ဝမ်းပိုကွဲသွားကြတာပါ။
သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း၊ မြေကွက်အမှတ် ၃၇/ ၅၁
- က/၆ ရှိ ၄၀'×၆၀' မြေကွက်ကို အမွေဆိုင်ဖြစ်ပါလျက် တစ်ဦးတည်းအပိုင်သိမ်းလိုက်လို့
ဖြစ်ပွားတဲ့ပြဿနာပါ။
ဦးစောဒီကိုးနှင့် ဒေါ်နော်အတင်တို့မှာ သားသမီး ရှစ်ယောက်
ရှိပါတယ်။
ဒေါ်နော်ဘစ်တီ၊ ဒေါ်မာဂရက်၊ ဦးစောဝီလျံ၊ ဦးစောအယ်လ်ကွီလို၊
ဦးစောဒါမနစ်မီးကား၊ ဦးစောခင်ဇော်လင်း၊ ဒေါ်နော်ဘေဘီအဲနား၊ ဥိးစောဂျိမ်း တို့ပါ။
ဒီမိသားစုက သုဝဏ္ဏမှာ နေတာပါ။ အားကစားကွင်းလုပ်တော့ ဦးစောဒီကိုး
ကွယ်လွန်ခဲ့ပါပြီ။ ဒေါ်နော်အတင်ပဲ ကျန်ခဲ့တဲ့အချိန်မှာ အားကစားကွင်းကြောင့် ဖယ်ပေးလိုက်ရတဲ့မြေကွက်အစား
အခုနေရာကို ဒေါ်နော်အတင်အမည်နှင့် ပြန်ချပေးတာပါ။
မြေကွက်ရှိရင်
တဲရှိရမယ်ဆိုလို့ တဲလေးပဲဆောက်ထားပြီး မိသားစုထဲက တစ်ဦးဦးနှင့် ပတ်သက်သူတွေပဲ ယာယီနေထိုင်ကြပါတယ်။
ဒေါ်နော်အတင်ကတော့
ဒုတိယသမီးကြီး ဒေါ်မာဂရက် သတ္တမသမီးငယ် ဒေါ်ဘေဘီအဲနားတို့နှင့်အတူ သုဝဏ္ဏမှာ နေထိုင်ရင်း
1999 ခုနှစ်မှာ ဆုံးပါးသွားပါးသွားခဲ့ပါတယ်။
မိခင်မရှိတဲ့နောက်ပိုင်း
သားသမီး ၇ ယောက်ပဲ ကျန်ပါတယ်။ အစ်ကိုလတ် ဦးစောအယ်လ်ကွီးလို ကွယ်လွန်သွားလို့ပါ။ ကျန်
ခုနစ်ယောက်လုံးကလည်း အိမ်ထောင်ခွဲတွေချည်းဖြစ်လို့ အကြီးဆုံးဆို အသက် ခုနစ်ဆယ်အရွယ်ရှိနေပါပြီ။
ဒီအချိန်မှာ
သတ္တမသမီး ဒေါ်ဘေဘီအဲနား က စည်ပင်ကို သိန်း (၂၀၀)လာဘ်ထိုးပြီး အမွေဆိုင်အိမ်ကို တစ်ဦးတည်းအမည်နှင့်
ဂရံလုပ်လိုက်တာ ဖြစ်ပါတယ်။
အမွေဆိုင်မြေကွက်နှင့်
ဘေးချင်းက ခြောက်ထပ်တိုက်ကြီးရဲ့ မြေကွက်ပိုင်ရှင်က ပထမသမီးကြီး ဒေါ်ဘက်တီ ဖြစ်ပါတယ်။
ဒေါ်ဘက်တီရဲ့ ခြောက်ထပ်(ကန်ထရိုက်)တိုက်ကြီးပေါ်မှာ ၂၅.၉.၂၀၁၃ မှာ မွေးချင်းတွေစုပြီး
အမွေကိစ္စစကား ပြောကြတော့မှ သိန်း ၂၀၀ ပေးပြီး ဂရံအမည်ဖောက်ထားတာ သိလိုက်ရကြတာပါ။
၂၃.၈.၂၀၁၃
မှာ မြေယာဌာသို့ ကန့်ကွက်စာတင်ခဲ့ကြပြီး ၂၂.၁၀.၂၀၁၃ မှာ အဆောက်အဦးဆောက်လုပ်မှု ကန့်ကွက်စာကို
အင်ဂျင်နီယာဌာနမှူးထံ တင်ခဲ့ကြပါတယ်။
ဒီလိုဖြစ်လာကြတော့
တိုင်းရင်းသားတွေပီပီ ရိုးသားလွန်းတော့ မူဆလင်ရှေ့နေဆီရောက်သွားတာပါ။ မူဆလင်ရှေ့နေ
ဦးသန်းထွန်းက ဒေါ်မာဂရက်ရဲ့ ခင်ပွန်း (ဦးမြင့်အောင်စိုး)ရဲ့ တပည့်အရင်းဖြစ်လို့ တစ်မိသားစုလုံး
ရင်းနှီးနေကြလို့ပါ။ ဦးသန်းထွန်းက ပန်းသေးမူဆလင်ဖြစ်ပြီး ယူနတီ(အိမ်ခြံမြေ)အကျိုးဆောင်လုပ်ငန်းပိုင်ရှင်ဖြစ်ပါတယ်။
ပထမတော့ နစ်နာသူမိသားစုဘက်မှ
ရပ်တည်ပြီး ၎င်း၏ဆရာ့မိသားစုကို အကြံဉာဏ်တွေ ပေးပါတယ်။ ဒီကလည်း ငွေကြေးမတတ်နိုင်လို့
အကြံဉာဏ်လောက်ပဲတောင်းခဲ့ကြပြီး ရှေ့နေငှားဖို့ကိစ္စ မပြောဖြစ်ခဲ့ကြပါဘူး။
ဒေါ်ဘေဘီအဲနားက
ဦးသန်းထွန်းထံ ရှေ့နေငှားတော့ ဦးသန်းထွန်းက ၎င်းဦးလေး ဦးခင်မောင်ကြီးကို လွှဲပေးပြီး
၎င်းဆရာ၏ မိသားစုကို စိတ်ရှိလက်ရှိ ကျေးဇူးဆပ်ပြလိုက်တာကြောင့် စာရွက်စာတမ်းတွေပြပြီး
အကြံဉာဏ်တောင်းခဲ့တဲ့ မိသားစုခမျာ ပက်လက်လှန်ကျခဲ့ရတဲ့ ဖြစ်အင်ပါ။
အခုလည်း မူဆလင်တူဝရီးရဲ့
အကြံဉာဏ်တွေနဲ့ ဒေါ်ဘေဘီအဲနားက မိသားစုအချင်းချင်း နည်းမျိုးစုံနဲ့ လှည့်စားနေတာပါ။
နှစ်ဖက်သဘောတူ ကတိစာချုပ်ကြီး လာပေးထားပါတယ်။ လက်မှတ်ထိုးခိုင်းတာပါ။
အငယ်ဆုံး
ဦးစောဂျိမ်းကို သိန်း (၄၀၀) ဒုတိယ(သမီး) အစ်မဒေါ်မာဂရက်ကို သိန်း (၁၅၀) တတိယ(သား)အစ်ကို
ဦးစောဝီလျံကို သိန်း(၁၀၀)၊ ကွယ်လွန်သူ ဦးစောအယ်လ်ကွီလိုရဲ့ ဇနီးကို သိန်း(၅၀) ပေးမယ်ပြောပြီး
အမှုပြန်ရုပ်သိမ်းခိုင်းတာပါ။
တစ်ပြားမှမပေးဘဲ
လက်မှတ်ထိုးခိုင်းတာဖြစ်လို့ ဘယ်သူမှ မထိုးကြပါဘူး။ ခံရပေါင်းများခဲ့လွန်းလို့ အယုံအကြည်မရှိကြလို့
ထိုးမပေးကြတော့တာပါ။
ဒီတော့ ဒေါ်ဘေဘီအဲနားက
ခရစ်ယာန်ဖာသာတွေထံ တိုင်ကြားပါတော့တယ်။
မိသားစုအားလုံးက
ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေပါ။ R.C ဖာသာတွေက အထင်လွဲပြီး ဒေါ်မာဂရက်တို့ ဦးစောဂျိမ်းတို့ကို
ဆူလိုဆူ ပူလိုပူ လုပ်ကြလို့ အငယ်ဆုံး ဦးစောဂျိမ်းက လိုက်လံရှင်းပြနေရပါတယ်။
ဒေါ်ဘေဘီအဲနားက
အလှူအတန်းမပြတ်တော့ အခုလို မလုပ်လောက်ဘူးထင်ပြီး အနိုင်ကျင့်ခံရသူတွေကို ဆူပူကြတာ ဖြစ်ပါတယ်။
တကယ်တော့
ဒေါ်ဘေဘီအဲနား လှူဒါန်းတာတွေဟာ ဒုတိယ(သမီး) ဒေါ်မာဂရက်ရဲ့သား ကိုဂျော်နီရဲ့ ငွေကြေးတွေ
ဖြစ်ပါတယ်။ ကိုဂျော်နီ ဆယ်နှစ်စာသင်္ဘောလိုက်တဲ့ လုပ်အားခတွေ ဖြစ်ပါတယ်။ သိန်း(၂၀၀)ကျော်ပါတယ်။
ဒေါ်ဘေဘီအဲနားရဲ့ သမီး ဘေဘီထွန်းလင်းတို့ ဘွဲ့ရတာတောင် ကိုဂျော်နီရဲ့ ကျေးဇူးကြောင့်ပဲ
ဖြစ်ပါတယ်။
အခုလည်း ငွေကြေးအဓိကမဟုတ်ဘဲ
မောင်နှမအချင်းချင်း ဖျံကျလွန်းတာ မခံနိုင်ကြလို့ တရားပြန်စွဲကြတာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်က
အငယ်ဆုံး ဦးစောဂျိမ်း တရားလိုလုပ်ပြီး အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနှင့် စွဲဆိုထားတာပါ။
ဒေါ်ဘေဘီအဲနားက
သမီးဖြစ်သူ ဒေါ်ဘေဘီထွန်းလင်းနှင့် ကိုယ်စားလှယ်လွှဲထားပါတယ်။ သူမကိုယ်တိုင်က နိုင်ငံခြားမှာနေတာပါ။
အခု ပြန်ရောက်တာ မကြာသေးပါဘူး။
၂၀၁၅ ခု ဧပြီလမှာ
ပျဉ်ထောင်အိမ်လေး ဆောက်လုပ်ထားပေမယ့် ဒေါ်ဘေဘီအဲနားတို့မိသားစု မနေဘဲ အလုပ်သမားတွေပဲ
နေကြပါတယ်။ မြေကွက်တန်ဖိုးက (၃၅၀၀)ကျော်ရှိလိမ့်မယ်လို့ ကိုဂျော်နီက ခန့်မှန်းထားပါတယ်။
မောင်နှမချင်းဖြစ်တဲ့ကိစ္စပါ။
ငွေကြေးက အဓိကမဟုတ်ပါဘူး။ ဖာသာတွေ ညှိပေးရင် ရပါပြီ။ ခံရတဲ့သူတွေက လူပါးဝတာလည်း ခံရ၊
အထင်လွဲတာလည်း ခံရ ဖြစ်နေတာပါ။
ဖာသာတွေက
တစ်ဖက်နားပေါက်နဲ့ သူတို့ကိုပဲ ဆူနေကြတယ်လို့ ကိုဂျော်နီက ရင်ဖွင့်လာပါတယ်။
အမှုကလည်း
ကြာပြီ။ တရားသူကြီးကလည်း နှစ်ဆက်တောင် ရှိခဲ့ပြီ။ မြေကွက်ကြီးကိုလည်း ဘယ်သူမှ အကျိုးမရှိဘဲ
ဒီအတိုင်းကြီး သွားမည့်အစား မျှမျှတတနှင့် အားလုံးအကျိုးရှိဖို့အတွက် ဖာသာတွေ ဝင်နားချဖို့ပဲ
လိုနေတာပါ။
ဒေါ်ဘေဘီအဲနားတို့
မျှတဖို့အတွက် ခရစ်ယာန်ဖာသာကြီးတွေမှာ တာဝန်အပြည့် ရှိနေကြောင်းပါ။
မေတ္တာဖြင့်
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
27.11.2015
PM-
10:30စုံစမ်းမေးမြန်းရန်
ဦးစောဂျိမ်း 09448004178
ကိုဂျော်နီ 095078920
No comments:
Post a Comment