Friday, November 6, 2015

“စလင်းမြို့က ပျော်စရာကောင်းတယ်”

26.10.2015 ရက်နေ့၊ မနက်စာ တောဟင်းနှင့် ဘုန်းပေးရတာ ရတောင့်ရခဲပါ။
မဟာဝိသုတာရာမကျောင်းတိုက်မှာ ညအိပ်ပြီး မဟာဝိသုတာရာမကျောင်းတိုက်မှာပဲ အရုဏ်ဆွမ်းဘုန်းပေးတာပါ။
မဟာဝိသုတာရာမ ဆရာတော်ကြီးက နိုင်ငံတော်သြဝါဒါစရိယပါ။
သြဝါဒပေးတာ ပြတ်သားပါတယ်။ အမျိုးသားရေးသမားတွေ ဦးထိပ်ထားရမည့် ဆရာတော်တစ်ပါးပါ။ စလင်းမဘသကံကောင်းတယ်လို့ ထင်မှတ်ရပါတယ်။
ဝက်သည်းအင်း (ဝက်သည်းကန်)ကို ရောက်ပါတယ်။ ရေခိုးရေငွေ့ပါတဲ့ ရေငွေလေလေးတွေ ရှုရှိုက်ရတာ အရသာရှိပါတယ်။
ရွှေရုပ်စုံ ရှေးဟောင်းကျောင်းတော်ကြီးနှင့် ဗိုလ်ဥတ္တမခံတပ်ကြီးကိုလည်း ရောက်ခဲ့ပါတယ်။
စလင်းသာသနာဟာ မန္တလေးသာသနာလိုပါပဲ။ ရှေးဟောင်းအမွေအနစ် ယဉ်ကျေးမှုလက်ရာတွေ ပေါများလှပါတယ်။

နေ့ဆွမ်းကို ဖောင်းလင်းရွာမှာ ဘုန်းပေးရပါတယ်။ နယ်ခံဆရာတော်ကြီးတွေနှင့် အမျိုးသားရေးအကြောင်းတွေ ပြောရင်း ဘုန်းပေးကြတာ မြိန်ရည်ယှက်ရည်ပါပဲ။
1:00 မှာ နေ့တရားဟောပါတယ်။ တရားဟောအပြီးမှာ မေးခွန်းတွေ မေးကြပါတယ်။ တောသူတောင်သားဆိုပေမယ့် တော်တော်တော့ မေးတတ်ကြသားရယ်။
ဖောင်းလင်းရွာမှာ အနီလည်းမရှိ အစိမ်းလည်းမရှိ။ တူတံစဉ်ရုံးတစ်ခုပဲ ရှိပါတယ်။
အဝေးကလာကြတဲ့ ပရိသတ်တွေထဲမှာတော့ အနီတံဆိပ်တပ် ယာဉ်တွေနှင့် လာရောက်နာယူကြသူတွေလည်း ရှိပါတယ်။

စလင်းမြို့ကြီးကို နှုတ်ဆက်ခဲ့ပါပြီ။
အမျိုးသားရေးဆောင်ပုဒ်တွေ စလင်းရင်ထဲ ကျန်နေရစ်ခဲ့ပါပြီ။
စာရေးသူရဲ့ ရင်ထဲမှာတော့ ဆရာတော်ဦးဥတ္တမရဲ့ ခံတပ်ကြီးက အခိုင်အမာ နေရာယူထားနေလေရဲ့။




















No comments:

Post a Comment