၂၀၁၅ ခုနှစ်
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်မကြေညာသေးသော်လည်း
NLD ပါတီ အပြတ်အသတ် အနိုင်ရရှိပါက လက်ရှိ အစိုးရမှ ရလဒ်အတိုင်း အာဏာကို ကြည်ကြည်ဖြူဖြူ
လွှဲပြောင်းပေးရန် လိုအပ်ကြောင်း ဆရာတော် ၀ီရသူက News Watch သို့ မိန့်ကြားသည်။
“အခု လက်ရှိအနေအထားကို
ပြောမယ်ဆိုရင် လွတ်လပ်တယ်၊ မျှတတယ်ဆိုတာကို ပြလိုက်တာပေါ့။ အဲဒီတော့ လွတ်လပ်မျှတခြင်းရဲ့
ရလဒ်ပေါ့။ အဲဒီရလဒ်ကို အားလုံးက ကျေကျေနပ်နပ်ကြီး လက်ခံဖို့လိုတာပေါ့။ ပြီးတော့ အစိုးရကအာဏာကို
ကြည်ကြည်ဖြူဖြူနဲ့ လွှဲပြောင်းပေးဖို့ လိုတာပေါ့။ အဲဒါဆိုရင်တော့ တိုင်းပြည်က ကြည့်ကောင်းသွားမယ်”ဟု
ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
“ငါတို့တတွေကတော့
အဲဒီရလဒ်ကို ကျေကျေနပ်နပ်ကြီး လက်ခံဖို့လိုတယ်ပေါ့ကွာ။ လမ်းပေါ်ကိုတက်အောင်လုပ်တာတို့
လမ်းပေါ်ကိုဆွဲခေါ်တာတို့ ဘယ်ဘက်ကပဲဖြစ်ဖြစ် အနီရှုံးလို့အနီလမ်းပေါ်တက်ရင်လည်း မကောင်းဘူး။
အစိမ်းရှုံးလို့ အစိမ်းလမ်းကလည်း တနည်းနည်းနဲ့ ပြဿနာရှာရင်လည်း ဒို့က မကြိုက်ဘူး။ ပြည်သူလူထုကြီးက
သူတို့ရဲ့ ကံကြမ္မာကို သူတို့ ဖန်တီးလိမ့်မယ်။ အဲဒါကို ဒို့တတွေက ကျေကျေနပ်နပ်ကြီး လက်ခံရမယ်”ဟု
ဆရာတော်က ဆက်လက် မိန့်ကြားသည်။
NLD ပါတီမှ
အနိုင်ရ၍ အစိုးရဖွဲ့နိုင်ခဲ့မည်ဆိုပါလျှင် လက်ရှိအတည်ပြုပြဌာန်းထားသော မျိုးစောင့်ဥပဒေများနှင့်ပတ်သက်၍
စိုးရိမ်မှု တစုံတရာ ရှိမရှိ လျှောက်ထားခဲ့ရာ“NLD မတက်ခင်ကတည်းက စိုးရိမ်မှုက ရှိပါတယ်။
မျိုးစောင့်ဥပဒေတခုတည်းအတွက် စိုးရိမ်တာမဟုတ်ဘူးလေ။ ၁၉၈၂ နိုင်ငံသားဥပဒေအတွက်လည်း စိုးရိမ်တာပဲ။
ရိုဟင်ဂျာအရေး၊ ဘင်္ဂလီအရေးတွေအတွက်လည်း စိုးရိမ်ပါတယ်။ ကျန်တာကတော့ နိုင်ငံအတွက်ကတော့
ပြောစရာမလိုပါဘူး”ဟု ဆရာတော်က ပြန်လည် မိန့်ကြားသည်။
နေမင်းခ
NEWS
WATCH
https://www.facebook.com/NewsWatchJournal/?fref=ts

No comments:
Post a Comment