Monday, November 9, 2015

“ရွှေလှံထောင်ဆရာတော်ကြီး စံကျောင်းချအခမ်းအနား”



ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ ရွှေလှံထောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော် စံကျောင်းချအခမ်းအနားကို (9.11.2015) ရက်နေ့ မနက် 9:30 နာရီမှာ  ကျင်းပပါတယ်။
ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူသော ကျောင်းဆောင်မှ ဓမ္မာရုံပေါ်သို့ ပို့ဆောင်ပူဇော်ခြင်း ဖြစ်ပါတယ်။
နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဓမ္မပါလာဘိဝံသ (ရွှေစေတီပရိယတ္တိစာသင်တိုက်)၊ တိုင်းသံဃနာယက တွဲဖက်အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တပါမောက္ခာဘိဝံသ (ဧရာဝတီကျောင်း) အမှူးရှိသော ဆရာတော် သံဃာတော်များ တပည့်ဒါယကာ ဒါယိကာမများ ဆွေတော်မျိုးတော်များ တက်ရောက်ကြပါတယ်။
အခမ်းအနားအပြီးမှာ ရွှေလှံထောင်စေတီတော်ကို လက်ယာရစ် သုံးကြိမ်လှည့်လည်ပူဇော်ပြီး ရုပ်ကလာပ်တော်ကို ရဟန်းပြည်သူများ ဖူးမြော်ခွင့်ရအောင် ဓမ္မာရုံအတွင်းသို့ ပြောင်းရွှေ့ပင့်ဆောင် ပူဇော်ကြခြင်း ဖြစ်ပါတယ်။

ဒီနေ့ (10.11.2015) မှာ မစိုးရိမ် အရှင်ဗုဒ္ဓပီယဆရာတော်၊
မနက်ဖြန် (11.11.2015) လားရှိုးလေးဆရာတာ် တို့က ဝေဇယန္တာခန်းမမှာ ဈာပနအကြိုတရားတော်များ ဟောကြားကြမှာ ဖြစ်ပါတယ်။

(13.11.2015) မနက်ပိုင်းမှာ ဧယဉ်ကြူးပြီး မွန်းလွဲ 2:00 နာရီမှာ ပို့ဆောင်ပူဇော်မှာဖြစ်ပါတယ်။ 











No comments:

Post a Comment