မန်း မဘသ
ဝိုင်းတော်သားများအားလုံး 11.11.2015 ရက်နေ့၊ ညနေ 5:00 နာရီမှာ တောင်စလင်းတိုက်သစ်၊
ဘာဝနာဌာန၊ ဝါခင်းကုန်းဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ ထံ သွားရောက်ပူဇော်ကြပါတယ်။
ဝါကျွတ်ကန်တော့ပွဲအဖြစ်
သွားရောက်ပူဇော်ကြတဲ့အခါ ဆရာတော်ကြီးက အမျိုးဘာသာ သာသနာ အရေးနှင့်ပတ်သက်တဲ့ သြဝါဒတရား
ချီးမြှင့်ပါတယ်။
မန်း မဘသအဖွဲ့
လာရောက်လှူဒါန်းထားသော အဝတ်အထည်နှင့် ရိက္ခာများကို ကလေး၊ ချင်း၊ ရခိုင်ပြည်သူများအား
ခွဲဝေလှူဒါန်းခဲ့ရာ ချင်းပြည်နယ်ပြည်သူများအတွက် ဝါခင်းကုန်းဆရာတော်ကြီးရဲ့ တောင်တန်းသာသနာပြုအဖွဲ့မှတစ်ဆင့်
ထောက်ပံ့လှူဒါန်းနိုင်ဖို့ တစ်ခါတည်း အပ်နှံလှူဒါန်းခဲ့ပါတယ်။
မန်း မဘသဝိုင်းတော်သားများဟာ
ကျောက်ဆည်မြို့အထိ ကြွရောက်ပြီး ကျေးဇူးရှင် ရွှေလှံထောင်ဆရာတော်ကြီးဈာပနပွဲအတွက် အကူအညီများ
ပေးအပ်ခဲ့ပါတယ်။
No comments:
Post a Comment