Myanmar
Time ဂျာနယ် စီနိယာသင်းထောက် Mr. RJ Vogt လာရောက်မေးလျှောက်ပါတယ်။
မန္တလေးမြို့၊
မဟာအောင်မြေမြို့နယ်၊ ကင်းဝန်မင်းကြီးတိုက်၊ အကျော်ကျောင်း၊ အတုမရှိ အမျိုးသားရေးဂျာနယ်တိုက်
(ရုံး)မျာ 13.10.2015 ရက်နေ့၊ ညနေ 5:00 မှာ တွေ့ဆုံဖြေကြားပါတယ်။
အမျိုးသားရေးလမ်းကြောင်းပေါ်
ရောက်ရှိလာရခြင်းအကြောင်း၊ မျိုးရိုးအရ ဘုန်းကြီးဝတ်လာတာလား၊ ဘဝနှင့် ဆန္ဒ တစ်ထပ်တည်းကျရဲ့လား၊
ထောင်ကျရတာ တန်ရဲ့လား၊ ဘယ်လိုခံစားရလဲ၊ အရပ်ဘက်အစိုးရတက်လာရင် ထောက်ခံနိုင်မလား၊ ကျောင်းမှာ
ဒေါ်စုပုံ ဗီနိုင်းကြီးချိတ်ထားရခြင်းအကြောင်း၊ NLD နှင့် USDP ကွာခြားချက်၊ မဘသအဖွဲ့
ယဉ်ကျေးမှုသင်တန်းတွေမှာ ကလေးငယ်တွေကို အကြမ်းဖက်သင်တန်းတွေ ပို့ချနေမှု ရှိ မရှိ စတာတွေ
မေးပါတယ်။
တရားထိုင်နည်း၊
ပုတီးစိပ်နည်း၊ ဘုရားရှိခိုးနည်း၊ မိဘကျေးဇူး၊ ဆရာ့ကျေးဇူး ပေးဆပ်နည်းတွေကိုပဲ သင်ပေးပါတယ်။
ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးအောင် ဆုံးမသွန်သင်တာပါ။ တိုက်ခိုက်တာ သတ်ဖြတ်တာတွေ
လုံးဝ မပါပါဘူး။
နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊
အစိုးရပဲဖြစ်ဖြစ် သူတို့တတွေဟာ ပုထုဇဉ်လူသားတွေပဲဖြစ်တယ်။ အမှားမကင်းနိုင်ဘူး။ သူတို့ကို
ထိန်းကျောင်းပေးမည့် ပြည်သူလူထုနှင့် ရဟန်းသံဃာတွေ လိုအပ်တယ်။ အထူးသဖြင့် သံဃာတော်တွေက
အစိုးရကိုလည်း တည့်မတ်အောင် ထိန်းကျောင်းပေးရမယ်။ နိုင်ငံရေးသမားတွေကိုလည်း တည့်မတ်အောင်
ထိန်းကျောင်းပေးရမယ်။
ပြည်သူလူထုက
ရွေးချယ်တင်မြှောက်လိုက်လို့ လွှတ်တော်ထဲရောက်လာတဲ့ ဘယ်အမတ်မဆို ထောက်ခံပြီးသားပဲ။ အရပ်သားတွေအနိုင်ရလို့
အရပ်သားအစိုးရဖွဲ့နိုင်ရင် ပိုကြိုက်တယ်။ စစ်တပ်အသွင်ပြောင်းထားတာကိုတော့ မလိုလားဘူး။
အရပ်သားစစ်စစ်တွေ တက်စေချင်တယ်။
ဒါပေမယ့်
အရပ်သားတွေသွားနေတဲ့လမ်းကြောင်းကလည်း အန္တရာယ်ကြီးတယ်။ အရပ်သားတွေအာဏာရတာက အန္တရာယ်ကြီးတာမဟုတ်ဘူး။
အရပ်သားတွေ အာဏာရတဲ့အခါ သူတို့သွားမည့်လမ်းကြောင်းက အန္တရာယ်ကြီးတာ။
၈၈ ကနေ ၂၀၁၂
အထိ NLD ခရေစီပါ။ ရခိုင်အရေးအခင်းကနေစပြီး NLD ကို မထောက်ခံတော့တာပါ။
ပါတီတွင်းဒီမိုကရေစီမရှိတာ၊
အာဏာရှင်ဆန်တာ၊ အုပ်ချုပ်ရေးညံ့ဖျင်းတာ၊ ပါတီရဲ့အနာဂတ်ကိုလည်း မကြည့်တာ၊ မြန်မာပြည်ရဲ့
အနာဂတ်ကိုလည်း မစဉ်းစားတာ။ အဆိုးဆုံးကတော့ ပါတီတစ်ခုလုံးအနေနှင့် အမျိုးသားရေးရပ်တည်ချက်
လုံးဝမရှိတာပဲ။
ဒါကြောင့်
အချစ်ကြီးလို့ အမျက်ကြီးသွားတာပါ။
ပြည်သူလူထုက
ရွေးချယ်လိုက်တဲ့သူတွေမဟုတ်လို့ နဂိုကတည်းက USDP ကို မကြိုက်ခဲ့ဘူး။
ဒါပေမယ့်
သူတို့က စစ်ထွက်တွေဆိုတော့ အမျိုးသားရေးမှာ
အားကိုးရတယ်။ အဲဒီအချက်ကိုတော့ NLD က USDP ကို လိုက်မမီဘူး။
ဒီအချက်ကို
ကြိုက်လည်း ကြိုက်တယ်။ အားလည်းကိုးတယ်။
No comments:
Post a Comment