၎.၁၀.၂၀၁၅
ရက်နေ့၊ မနက် ၁၀း၄၅ နာရီမှာ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ (ပဘာဝတီ)လမ်းနှင့် ဥမ္မာသန္တီလမ်းကြားရှိ
အမျိုးသားတိုးတက်မြင့်မားရေး (NPP) ပါတီရုံးမှာ နေ့ဆွမ်းစားပါတယ်။
နေ့ဆွမ်းစားအပြီးမှာ
ပုသိမ်မြို့ အောင်မြေဘုံသာကျောင်း မ.ဘ.သ(ဗဟို)ဦးဆောင်ဆရာတော် ဘဒ္ဒန္တသုဇာတ က သီလပေးပါတယ်။
မကွေးကျောင်းဆရာတော်ဦးပါမောက္ခနှင့် စာရေးသူက သြဝါဒပေးပါတယ်။ ပုသိမ်မြို့နယ် မ.ဘ.သ
ဥက္ကဋ္ဌ ရွှေမစိုးရိမ်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယလည်း ကြွရောက်ချီးမြှောက်ပါတယ်။
တရားဟောပြီးတဲ့အခါ
NPP တိုင်းရုံးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပါတယ်။
မွန်းလွဲ
၂း၀၀ နာရီမှာ ကျောင်းကုန်းမြို့ မ.ဘ.သ ရုံးစိုက်ရာ မိုးကောင်းပရိယတ္တစာသင်တိုက်မှာ မ.ဘ.သ
ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တလာဘ အမှူးပြုသော သံဃာတော်များနှင့် အမျိုးဘာသာ သာသနာအရေး ဆွေးနွေးပါတယ်။
ရွေးကောက်ပွဲနှင့်ပတ်သက်တဲ့ သိလိုဖွယ်များကိုလည်း ဖြေကြားခဲ့ပါတယ်။
ညနေ ၃း၀၀
နာရီမှာတော့ ကျောင်းကုန်းမြို့ NPP ပါတီရုံးမှာ သြဝါဒပေးပါတယ်။
မကွေးကျောင်းဆရာတော်က
တိုရှင်းလိုရင်းလောက်ပဲ သြဝါဒပေးပြီး စာရေးသူက ပရိသတ်ကို NPP ပါတီခေါင်းဆောင်ပိုင်းတွေနှင့်
မိတ်ဆက်ပေးပါတယ်။
NPP ပါတီက
မ.ဘ.သ မဖွဲ့ခင်ကတည်းက တည်ထောင်ခဲ့တဲ့ပါတီပါ။ အမျိုးသားရေးပါတီတွေထဲမှာတော့ သက်တမ်းအရှည်ဆုံးပါတီပေါ့။
ပါတီကိုတည်ထောင်ခဲ့တဲ့
လူငယ်တွေအားလုံးက အမတ်လုပ်ချင်လို့လည်း မဟုတ်ဘူး။ နေရာလိုချင်လို့လည်း မဟုတ်ဘူး။ အာဏာမက်မောလို့လည်း
မဟုတ်ဘူး။
အမျိုးသားရေးအခြေခံရှိတဲ့
ဝါရင့် သဘာရင့် နိုင်ငံရေးဆရာကြီးတွေပေါ်လာရင် ပါတီကိုထိုးအပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ပါတီထဲမှာ
ငါတို့အရိုး စည်းရိုးထိုး ကဗျာရေးစပ်သူ မိုးစက်နီက အတွင်းရေးမှူးပါ။ အမေရိကန်မှာရောက်နေတဲ့
ညီသုတလည်း NPP ပါတီခေါင်းဆောင်ပါပဲ။
ကိုဝင်းမော်
(ရွှေသံစဉ်)က ပါတီနာယကဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌ ကိုဝင်းခန့်က စာရေးသူရဲ့ တပည့်ရင်းပါ။ ၂၀၁၂
တုန်းက အမေရိကန်သံရုံးမှာ ဆန္ဒပြလို့ အမှုရင်ဆိုင်ရာမှ စာရေးသူနှင့် ဆက်သွယ်မိပြီး ၂၀၁၂
အောက်တိုဘာလ မန္တလေး ရိုဟင်ဂျာရှုတ်ချပွဲမှာ ရှေ့ဆုံးကချီတက်ခဲ့တဲ့ ရန်ကန်ုအဖွဲ့ထဲမှာ
ပါဝင်ခဲ့သူပါ။
အဲဒီနောက်ပိုင်းတော့
ရခိုင်၊ ရှမ်း၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ စတဲ့ ပြည်နယ်နှင့် တိုင်းတွေမှာ
စာရေးသူနောက် လိုက်ပါစောင့်ရှောက်ခဲ့သူပါ။
ပုဂ္ဂိုလ်ရေးအရ
ရင်းနှီးနေတဲ့ ဒီပါတီရုံးဖွင့်ပွဲမှာ ဆွမ်းအနုမောဒနာလည်း ပြုခဲ့ပါတယ်။ ပရိတ်တရားလည်း
ဟောကြားခဲ့ပါတယ်။ သြဝါဒလည်း ချီးမြှင့်ခဲ့ပါတယ်။
ပုသိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကိုမြဟံ (ဓမ္မာစရိယ လူပြန်တော်)၊ ကိုမြင့်ဇော်ဦး (ပုသိမ်၊ ငပုတော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း)၊
ကိုအေးကို (ကျောင်းကုန်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း)တို့အတွက် သိန်း
(၃၀)လှူဒါန်းထားပါတယ်။
အခုတလော ဘာသာရေး
နိုင်ငံရေး ဆိုတဲ့စကားတွေ အပြောများကြပါတယ်။
ဘယ်လိုလဲ..
ခင်ဗျားတို့ ဒီမိုကရေစီခေတ်မှာ ပါတီရုံးဖွင့်ပွဲတွေမှာ ဘုန်းကြီးတွေ ဆွမ်းစားမကြွရတော့ဘူးလား?
ပရိတ်တရား
သြဝါဒတရား မဟောကြားရတော့ဘူးလား?
ဖဲကြိုးဖြတ်တာ
ရုံးဖွင့်တာတွေ မလုပ်ရတော့ဘူးလား?
ဒီမိုကရေစီသမားတွေ
ဖြေကြပါ။
ဝီရသူ (မစိုးရိမ်)
8.10.2015
PM-5:35
No comments:
Post a Comment