Thursday, October 22, 2015

“မဘသနှင့် NLD သင့်မြတ်ရေးအဆို”


၁၉.၁၀.၂၀၁၅ The Voice Weekly ဂျာနယ်လ် အတွဲ ၁၁ အမှတ် ၃၉ ဆရာပေါ်လင်းဦးရဲ့ ဆောင်းပါးပါ။ လွတ်လပ်တဲ့အတွေးအခေါ်နှင့် မျှတတဲ့ အရေးအသားတွေအပြင် ကြီးမြတ်တဲ့ စေတနာကိုလည်း တွေ့လိုက်ရပါတယ်။
ပြဿနာအစ ဘာသာဓားပြတိုက်ခြင်းက ဆိုတာကို လက်ခံထားတာ။ ဆရာပေါ်လင်းဦး၏ လက်တစ်ကမ်းဝန်းကျင်မှာကို အမှန်တကယ်ရှိနေသည်ဟု အခိုင်အမာပြောဆိုတာတွေက လေးစားစရာတစ်ခုပါ။
၉၆၉ လုပ်ဆောင်ချက်ကို ဦးတည်ချက်ကောင်းသော်လည်း နည်းဗျူဟာမှားကြောင်းကို အိုးရွဲ့ စလောင်းရွဲ့ ဥပမာဖြင့် ထောက်ပြထားတာက မှန်သယောင်လည်း ရှိနေသလိုပါပဲ။ လူငယ်ခြေတက်တွေက စစ်ဦးဘီလူး ဖြစ်ခဲ့ကြတာကိုး။
မူဆလင်တွေက မကန့်ကွက်ဘဲ မြန်မာအချင်းချင်း ကန့်ကွက်တာက ထူးဆန်းတဲ့ပြဿနာ တဲ့။ အမျိုးစောင့်ဥပဒေကို Soft Poower ၊ မဘသကို ပဲ့ကိုင်ရှင်အဖြစ် ရှုမြင်နိုင်တာ၊ အမျိုးစောင့်ဥပဒေကို သေချာလေ့လာပြီးမှ လက်ခံနိုင်သည်ဟု အတိအလင်း ရေးထားတာကလည်း ချီးကျူးစရာ။
မဟာဗျူဟာ(ပန်းတိုင်)တူညီကြရင် နည်းဗျူဟာ(နည်းလမ်း)ကွဲသော်လည်း စိတ်ဝမ်းမကွဲသင့်ကြောင်းကို လက်နက်ကြီးတပ်ဖွဲ့၊ ကမ်းတက်တပ်ဖွဲ့ ဥပမာပေးထားတာကလည်း သဘာဝကျပါတယ်။
အမျိုးသားရေးက ရေတိုနည်း၊ ဒီမိုကရေစီရေးက ရေရှည်နည်းဖြစ်ကြောင်းကို ဇယားတွေနဲ့ ရှင်းပြထားတာက စေတနာမှန်ကို ထင်ဟပ်နေကြောင်း ပေါ်လွင်နေပါတယ်။
နောက်ဆုံးပိုဒ်လေးကို ပိုကြိုက်တယ်။ တစ်ပုဒ်လုံးရဲ့အသက်ပါ။
NLD နှင့် မဘသ သဘောထားထုတ်ပြန်ဖို့ တိုက်တွန်းထားတာပါ။
အမျိုးစောင့်ဥပဒေလေးရပ်သည် အခြားဘာသာများကို မထိခိုက်စေဘဲ မိမိဘာသာကို ရေတိုအတွင်း ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်း NLD သဘောထားကို အရင်ထုတ်ဖော်ပေးဖို့နှင့်
စီးပွားရေး ပညာရေး စာရိတ္တမဏ္ဍိုင်ကို မြှင့်တင်ခြင်းအားဖြင့် ကိုးကွယ်မှုတစ်ခုနှင့် တစ်ခုအကြား နားလည်မှုတိုးတက်လာသည့်အပြင် မိမိ၏ အမျိုးဘာသာကို ကာကွယ်နိုင်စွမ်းလည်း တိုးလာလိမ့်မည် ဟူသည့် သဘောထားမျိုးရှိပါကြောင်း မဘသအဖွဲ့က ထုတ်ပြန်ပေးဖို့ တိုက်တွန်းသွားတာပါ။
ခြံအရင်ခတ်ရမည်။
ခြံခတ်ပြီးရင် ပိုးသတ်ရမည်။
ပိုးသတ်ပြီးမှ မြေတောင်မြောက်ပေးမည်။
၎င်းနောက် မျိုးသစ် ပျိုးသစ်တွေ ထွန်ယက်စိုက်ပျိုးမည် စတာတွေက မဘသရဲ့ လမ်းစဉ်တွေပါ။
ခြံခတ်ခြင်းဟာ ရေတိုလုပ်ငန်းဆိုတာ လက်ခံပါတယ်။ ကျန်တာတွေကလည်း ရေရှည်လုပ်ငန်းတွေပါပဲ။ အစီအစဉ်ချထားပြီးသားတွေဖြစ်လို့ မဘသအဖွဲ့က ထုတ်ပြန်ပေးဖို့ ဝန်မလေးပါ။
NLD ထုတ်ပြန်ပေးဖို့ ဘယ်သူက တာဝန်ယူမှာလဲ?
လွယ်မယ်တော့ မထင်နဲ့နော်။
မဘသ က နည်းမျိုးစုံ ချဉ်းကပ်ပြီးခဲ့ပြီ။
(ဆရာပေါ်လင်းဦး ဆောင်းပါးနိဂုံပိုဒ်လေးကို စာပြန်စီပေးလိုက်ပါတယ်)
======================================================
သို့အတွက် NLD မှ စတင်ပြီး အလျဉ်းသင့်ချိန်တွင် အမျိုစောင့်ဥပဒေလေးရပ်သည် “ဘာသာခြားများကို မထိခိုက်စေဘဲ မိမိဘာသာကို ရေတိုအတွင်း ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်း” ထုတ်ဖော်ပြောပေးစေလိုပါသည်။ ထို့အတူ မဘသမှလည်း ဒီမိုကရေစီနည်းလမ်းဖြစ်သည့် “စီးပွားရေး၊ ပညာရေး၊ စာရိတ္တမဏ္ဍိုင်တို့ကို မြှင့်တင်ခြင်းအားဖြင့် ကိုးကွယ်မှုတစ်ခုနှင့် တစ်ခုအကြား နားလည်မှုတိုးတက်လာသည့်အပြင် မိမိ၏ အမျိုးဘာသာကို ကာကွယ်နိုင်စွမ်းလည်း တိုးလာမည် ဟူသည့်အချက်ကို သဘောတူပါကြောင်း မိမိတို့တွင်လည်း ထိုသို့ သဘောထားမျိုးရှိပါကြောင်း” တန်ပြန်ထုတ်ဖော်ပေးဖို့ ဖြစ်သည်။ ယင်းအားဖြင့် မည်သူ့ကိုမျှ မခိုက်သည့်အပြင် ရေတိုစည်းလည်း လုံခြုံ၊ ရေရှည်စည်းလည်း ဖူလုံသွားပြီဖြစ်ချေသည်။
သို့ဆိုလျှင်ရော.....။
ပေါ်လင်းဦး

19.10.2015 The Voice Weekly







No comments:

Post a Comment