(ဤကဏ္ဍတွင်
ဆယ်အိမ်ခေါင်းမှ သမ္မတအထိ မြို့နယ်ဥပဒေအရာရှိမှ တရားဥပဒေအရာရှိချုပ်အထိ။ မြို့နယ်တရားသူကြီးမှ
တရားသူကြီးချုပ်အထိ အဆင့်ဆင့်သော ပြည်သူ့အစေခံ ဝန်ထမ်းများ၏ မတရားမှုများ ကို အဆက်မပြတ်
တင်ပြသွားပါမည်။
အမှန်တကယ်
နစ်နာသူများ၊ တရားဥပဒေစိုးမိုးလိုသူများ၊ အမှန်တရားကို မြတ်နိုးသူများက သတင်းများ၊
တိုင်ကြားစာများ၊ ရင်ဖွင့်စာများ ပေးပို့နိုင်ပါသည်။
အမည်၊
နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တို့ ပူးတွဲ ပေးပို့ရပါမည်။
ငွေကြေးတစ်ပြားတလေမျှ
ပေးစရာမလိုသလို၊ အဆင်ပြေအောင်မြင်သွားလျှင်လည်း ကျေးဇူးတင်စကားတောင် ပြောစရာမလိုပါ။
မမှန်ကန်ခြင်း၊
မပြည့်စုံခြင်း၊ လုပ်ကြံရေးသားခြင်းတို့အတွက် ကာယကံရှင်နှင့် ပေးပို့သူတို့ကသာ တာဝန်ယူ
ဖြေရှင်းရမည် ဖြစ်ပါသည်။)
===========================================================
ဟိန္ဒူနှင့်
မူဆလင်ဖြစ်ပွားတဲ့အမှုပါ။
ပြင်ဦးလွင်၊
ရပ်ကွက်ကြီး ၄၊ ၆ ရပ်ကွက်၊ ဆိုင်အမှတ်(၁၄) ပိုင်ဆိုင်မှုအငြင်းပွားခြင်းပဲ ဖြစ်ပါတယ်။
မူလပိုင်ရှင်
မူဆလင်ဒေါ်ဆာရာဗီထံမှ ဦးချစ်သွင်က ဝယ်ယူထားတာပါ။
ဦးချစ်သွင်းထံမှ
ဟိန္ဒူ ဒေါ်ဖူလ်မသီက ၁၉၈၂ ခုနှစ်မှာ ပြန်ဝယ်ခဲ့တာပါ။
စာချုပ်လည်း
ရှိပါတယ်။ နှစ်ခန်းတွဲတန်ဖိုး သုံးသောင်းကျပ်နှင့် ဝယ်ယူခဲ့တာပါ။
ဆိုင်ခန်းအားလုံးရှိတာက
ရှစ်ခန်းတွဲပါ။
ကျန်
ခြောက်ခန်းတွဲနှင့် မြေကို ၁၉၉၈ ခုနှစ်မှာ မိုဟာမက်အစ္စလာမ်က ဝယ်ယူလိုက်ပါတယ်။
၁၉၉၉
မျာ မိုဟာမက်အစ္စလာမ်က ဟိန္ဒူအခန်းနှစ်ခန်းကို အိမ်ငှား (ဆိုင်ငှား)နှင်လိုမှုနှင့် တရားစွဲပါတယ်။
ခြောက်ခန်းပဲပိုင်ပါလျက်
မပိုင်တဲ့ကျန်နှစ်ခန်းကို လိုချင်လို့ အိမ်ငှားထားသရောင် တရားစွဲတာပါ။
အိမ်ရှင်
အိမ်ငှားမဟုတ်ကြမှန်း ထင်ရှားတာကြောင့် ၂၀၀၁ မှာ အမှုသစ်ဆွဲလိုမှုနှင့် လက်ရှိစွဲဆိုမှုကို
ပြန်ရုပ်သိမ်းသွားပါတယ်။
နောင်နှစ်ပေါင်း
ဆယ်နှစ်အကြာ ၂၀၁၁ မှာ အရင်အတိုင်းပဲ အိမ်ငှားနှင်လိုမှုနှင့် တရားပြန်စွဲတဲ့အခါ ဟိန္ဒူကိုရောင်းခဲ့တဲ့
ဗမာဦးချစ်သွင်ရဲ့ သားသမီးတွေက ဟိန္ဒူဘက်မှ သက်သေလိုက်ပေးပါတယ်။
မြို့နယ်မှာရော
ခရိုင်မှာရော ဟိန္ဒူဘက်က ရှုံးနှိမ့်ခဲ့ရပါပြီ။
တိုင်းအဆင့်ထိ
ထပ်တက်နေချိန်မှာ နှင်ဝရမ်းလာကပ်နေတာပါ။
၁၉၈၂
ခုနှစ်က ဝယ်ခဲ့တဲ့ ဆိုင်ခန်း။ နှစ်ပေါင်းသုံးဆယ်ကျော် ရှိခဲ့ပြီ။ စာချုပ်စာတမ်းတွေလည်း
အခိုင်အမာရှိတယ်။
ကာလတန်ဖိုး
သိန်းသုံးထောင်ရှိတဲ့ ဆိုင်ခန်း။
ဝယ်ထားသူတွေက
အိမ်ငှားနေပြီး ဖယ်မပေးလို့ နှင်ချခံရတဲ့ ဘဝမျိုးပါ။
ပြင်ဦးလွင်မှာ
ဒီလိုအမှုတွေ အများကြီးပဲ။
မူဆလင်တွေက
ဒါပဲလိုက်ကြံနေကြတာ။
စည်ပင်မြေတောင်
သူ့မြေဆိုပြီး အထောက်အထားအတုတွေနဲ့ တရားစွဲပြီး နှစ်ပေါင်းသုံးဆယ်ကျော်နေလာခဲ့တဲ့ ဗမာတွေကို
နှင်ချနေလို့ မဘသအဖွဲ့ထံ ရောက်လာသေးတယ်။
မန္တလေးတိုင်း
တရားသူကြီးတွေ ဘယ်လိုလုပ်ကြမလဲ စောင့်ကြည့်ရမည့် အခြေအနေပဲ။


No comments:
Post a Comment