အမေ မရှိလို့
မဖြစ်ဘူး။
အမေ ရှိမှပြည့်စုံမယ်။
အဖေ မရှိလို့
မဖြစ်ဘူး။
အဖေ ရှိမှလုံခြုံမယ်။
အမေတစ်ယောက်တည်းဆိုရင်
မုဆိုးမအိမ်
လုံခြုံပါ့မလား?
အဖေတစ်ယောက်တည်းဆိုရင်
မုဆိုးဖိုအိမ်
ပြည့်စုံပါ့မလား?
သားသမီးတွေ
အရေး
မျှော်တွေး
ပေးစေ
အဖေနှင့်
အမေ
ဝီရသူ (မစိုးရိမ်)
10.10.2015
PM-7:55

No comments:
Post a Comment