စည်းမဲ့ကမ်းမဲ့
လုပ်နေကြတာကိုပဲ
လွတ်လပ်မှုလို့
သူတို့ထင်။
ရိုင်းစိုင်းယုတ်မာတတ်တာကိုပဲ
သူရဲကောင်းလို့
သူတို့ထင်။
အစွဲကြီးနေကြတာကိုပဲ
သစ္စာရှင်လို့
သူတို့ထင်။
ထင်ရာစိုင်နေကြတာကိုပဲ
လူ့အခွင့်အရေးလို့
သူတို့ထင်။
သြော်...
ဒီမိုကရေစီ ဒီခရီးမှာ
သီအိုရီတွေ
စီးဆင်းနေဦးမှာပါလား!!!!!။
ဝီရသူ (မစိုးရိမ်)
16.10.2015
PM- 1:15

No comments:
Post a Comment