မန္တလး၊ အောက်တိုဘာ
၎
မြတ်မင်း-
အမျိုးသားတိုးတက်ရေးပါတီက
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနားကို ကြိုဆို ဂုဏ်ပြုထောက်ခံကြောင်း
ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
“ကျွန်တော်တို့ပါတီက
အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ ဒီ အမျိုးစောင့်ဥပဒေကလည်း
ကျွန်တော်တို့ပါတီရဲ့ ရည်ရွယ်ချက်နဲ့ တူညီနေတဲ့အတွက် ဒီအောင်ပွဲကို ထောက်ခံတာပါ”ဟု
မန္တလေးတိုင်းဒေသကြီး အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဇော်မျိုးအောင်က ပြောသည်။
အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေးဥပဒေတွင် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေနှင့် လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေဟူ၍
ဥပဒေလေးရပ်ရှိသည်။
ထုတ်ပြန်သည့်ကြေညာချက်တွင်ယခုရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့သည့်
မျိုးစောင့်ဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ထာဝရလုံခြုံငြိမ်းချမ်းစွာ တိုးတက်စည်ပင်ဝပြောနိုင်ရေး၊
တိုင်းရင်းသားတို့၏ တန်ဖိုးကြီးမားလှသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာအစဉ်အလာများကို
ထာဝရထိန်းသိမ်းစောင့်ရှောက်နိုင်ရေးစသော အာမခံချက် အပြည်အဝရှိစေရန် ကြိုးပမ်းနိုင်ခဲ့သည့်
သမိုင်းဝင်အထိမ်းအမှတ် နေ့ထူးနေ့မြတ်ဖြစ်သည်ဟုလည်း ကျွန်ုပ်တို့ပါတီက အခိုင်အမာယုံကြည်သည့်အလျောက်
မကြာမီကျင်းပရန်ရှိသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနားကို
လှိုက်လဲဝမ်းမြောက်စွာ အလေးအနက် ကြိုဆိုဂုဏ်ပြုထောက်ခံပါသည်ဟူး၍ ပါရှိသည်။
“ဒီဥပဒေက
စောင့်ရှောက်တဲ့ ဥပဒေလေးခုစလုံးကို ဖတ်ကြည့်ပါဦး။ ဖတ်ပြီးရင်တော့ ဝေဖန်လို့ရပါတယ်။
ဖတ်မကြည့်ဘဲနဲ့ မျက်စိစုံမှိတ်ပြီး အော်နေကြတာပါ။ သေချာဖတ်ကြည့်ပြီးရင်တော့ ဘာကြောင့်ရေးလဲဆိုတာ
သိပါလိမ့်မယ်”ဟု ဦးဇော်မျိုးအောင်က ပြောသည်။
5.10.2015
မန္တလေးအလင်း

No comments:
Post a Comment