(15-9-2015) ညနေ(၄)နာရီမှ
(၅)နာရီ ၄၀မိနစ် အချိန်တွင် အမေရိကန်သံအမတ်နှင့် ရှမ်းမြောက်(ပြည်နယ်)မဘသရုံး၌
တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံစဉ် မဘသ၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ မူဝါဒ၊
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးရပ်တည်ချက်၊ အစ္စလာမ်ဘာသာနှင့်ပတ်သက်ပြီးအပြန်အလှန်
ပြောဆိုချက်များ၊ ပဋိက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး အပြန်အလှန်ပြောဆိုချက်များကို
စာရေးသူမှ ဖြေကြားပေးခဲ့ပါသည်။ ထိုဖြေကြားဆွေးနွေးမှုများကို ပွင့်လင်းမြင်သာစွာ
ပြန်လည်တင်ပြပေးလိုက်ပါတယ်။
အမေရိကန်သံအမတ်-
မှန်လှပါ....... ခုနတုန်းက
အရှင်ဘုရား မိန့်ကြားတာလည်း ဟုတ်ပါတယ်ဘုရား လူတွေ ဘာသာတရားမှာ လူတွေက
ခုနကတပည့်တော်လျှောက်ထားသလိုပဲ တစ်ဦးချင်းရဲ့စိတ်သန္တာန်အပေါ်မှာလည်း
မူတည်တယ်ပေါ့ဘုရား။ နောက်အရှင်ဘုရားပြောသလိုပဲ ကိုရမ်ကျမ်းစာအုပ်မှာ ခုနတုန်းက
အရှင်းဘုရားမိန့်ကြားသလိုပဲ မိမိနှင့်မတူ မိမိရန်သူ ရန်သူကိုသုတ်သင်ရှင်းလင်း
အဲဒါတွေပါမယ်။ တချိန်းတည်းမှာပဲ တခြားဟာတွေလည်း အများကြီးပါမယ်။ ကိုရမ်ကျမ်းမှာ
တခြားငြိမ်းချမ်းတဲ့ဟာတွေလည်းပါမယ်လို့ ယူဆပါတယ်ဘုရား။ ဒီပြင်လည်း
အစ္စလာမ်ရဲ့ကိုရမ်ကျန်းစာအုပ်မှာဖြစ်သလို အလားတူ ခရစ်ယာန်ရဲ့ ခရစ်ယာန်တွေရဲ့
``ဗိုင်ဗယ်`` ခေါ်တဲ့ သမ္မာကျမ်းစာမှာလည်း ငြိမ်းချမ်းတာတွေရော ကျန်တဲ့ဟာတွေရော
ပါတာကိုလည်း လေ့လာသိရှိကြားသိရပါတယ်ဘုရား။ ဒီဘာသာရေးတွေကလည်း ခုနက
လျှောက်ထားခဲ့သလို တဦးချင်းရဲ့စိတ်သန္တာန်ခံယူချက် ယုံကြည်ချက်တွေပေါ် မူတည်တယ်ဆိုတာကိုလည်း
ဆက်ပြီးတော့ လေ့လာသိရှိရပါတယ်ဘုရား။ အဲဒီမှာ အစွန်းရောက်တဲ့ ပုဂ္ဂိုလ်တွေ
အဖွဲ့အစည်းတွေနဲ့ ပေါင်းထားတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်ပေါ့ဘုရား။
အရှေ့အလယ်ပိုင်းဒေသမှာဆို အစွန်းရောက် အကြမ်းဖက်သမားတွေ သူတို့တွေက ပဋိပက္ခကို
ဖန်းတီးချင်တယ် ဖြစ်စေချင်တယ်၊ အခုချိန်မှာ သူတို့တွေက အောင်မြင်နေတာတွေ့ရတယ်၊
အောင်မြင်ပြီးတော့ အကြမ်းဖက်မှုတွေလုပ်တယ်၊ ပဋိပက္ခတွေ ဖန်တီးတယ် ဖန်တီးပြီးတော့
သူတို့လုပ်လို့အောင်မြင်လို့ တဖက်ကလည်းပြန်လုပ် သူတို့ကလည်းပြန်လုပ်၊ အဲ့လိုနဲ့
ပဋိပက္ခဖြစ်စဉ်က ခုထိတည်တံ့နေတော့ သူတို့က အောင်မြင်တယ်လို့ တပည့်တော်က
ထင်မြင်ပါတယ်ဘုရား။ တပည့်တော်အနေနဲ့ တပည့်တော်တို့က အဲဒီအကြမ်းဖက်အစွန်းရောက်တဲ့
ဆိုးသွမ်းတဲ့အဖွဲ့တွေ မဟုတ်ဘဲနဲ့ ကျန်တဲ့ သာမာန်လူပုဂ္ဂိုလ် အသိုင်းအ၀ိုင်းအနေနဲ့
မိမိဘာသာကိုလည်း ကာကွယ်ရမယ် ကာကွယ်ပြီးတော့ ဖေးမပြီးတော့ အောင်မြင်တဲ့
လူဘောင်တခုကို ကြိုးစားရမယ်လို့ ထင်မြင်ယူဆယုံကြည်ပါတယ်ဘုရား။
အမေရိကန်ပြည်ထောင်စုနိုင်ငံမှာလည်း လူမျိုးရေးကိစ္စလေးတွေက ရှိနေဆဲပဲဖြစ်စေပါတယ်။
ဒီအဖြစ်အပျက်အတွေ့အကြုံတွေအပေါ်မူတည်ပြီး သင်္ခန်းစာယူရတာတွေလည်း အများကြီးရှိပါတယ်ဘုရား။ သင်္ခန်းစာယူပြီးတော့အကောင်းဆုံး ကြိုးစားဖြေရှင်း သော်လည်းပဲ ပဋိပက္ခလေးတွေက ကိစ္စတချို့လည်းရှိနေဆဲပဲရှိပါတယ်ဘုရား။ ဒါကြောင့်မလို့ ဘာသာရေးကြောင့်မလို့ ကွဲပြားပြီးတော့မတည့်တာတို့ ဖြစ်တာတို့ ဆိုရင်တော့ဖြင့် ဘယ်သူ့အတွက်မှ မကောင်းဘူး။ တိုင်းပြည်အတွက်လည်းမကောင်းဘူး။ လူ့အသိုင်းအ၀ိုင်းအနေနဲ့လည်းမကောင်းဘူး။ ဆုတ်ယူတ်မှုပေါ့ဘုရား။ ဒီတိုင်ပြည်မှလည်း ခုလိုမျိုး ပြုပြင်ပြောင်းလဲမှုတိုးတက်မှုက ဒီဘာသာရေကြောင့် လူမျိုးရေးကြောင့် မတူကွဲပြားမှု ကွဲပြားခြင်းနားမှုဖြစ်ပြီးတော့ တိုးတက်မှုမှာ ကြံ့ကြာနေမှာကိုလဲ စိုးရိမ်ပူပန်မှု ရှိပါတယ်လို့ လျှောက်ထားအပ်ပါသည်ဘုရား။
ဒီအဖြစ်အပျက်အတွေ့အကြုံတွေအပေါ်မူတည်ပြီး သင်္ခန်းစာယူရတာတွေလည်း အများကြီးရှိပါတယ်ဘုရား။ သင်္ခန်းစာယူပြီးတော့အကောင်းဆုံး ကြိုးစားဖြေရှင်း သော်လည်းပဲ ပဋိပက္ခလေးတွေက ကိစ္စတချို့လည်းရှိနေဆဲပဲရှိပါတယ်ဘုရား။ ဒါကြောင့်မလို့ ဘာသာရေးကြောင့်မလို့ ကွဲပြားပြီးတော့မတည့်တာတို့ ဖြစ်တာတို့ ဆိုရင်တော့ဖြင့် ဘယ်သူ့အတွက်မှ မကောင်းဘူး။ တိုင်းပြည်အတွက်လည်းမကောင်းဘူး။ လူ့အသိုင်းအ၀ိုင်းအနေနဲ့လည်းမကောင်းဘူး။ ဆုတ်ယူတ်မှုပေါ့ဘုရား။ ဒီတိုင်ပြည်မှလည်း ခုလိုမျိုး ပြုပြင်ပြောင်းလဲမှုတိုးတက်မှုက ဒီဘာသာရေကြောင့် လူမျိုးရေးကြောင့် မတူကွဲပြားမှု ကွဲပြားခြင်းနားမှုဖြစ်ပြီးတော့ တိုးတက်မှုမှာ ကြံ့ကြာနေမှာကိုလဲ စိုးရိမ်ပူပန်မှု ရှိပါတယ်လို့ လျှောက်ထားအပ်ပါသည်ဘုရား။
အရွင္အကုၤရ- (၇)
ဘာသာရေးရယ်
လူမျိုးရေးရယ်အဓိက ဆိုလိုတာ မဟုတ်ဘူး။ တကယ်တမ်းက အဲဒီလိုရောက်သွားတာ
ဘာလို့ရောက်သွားလည်းဆိုတော့ ဦးဇင်းတို့က အမှန်တရားတွေဖြစ်ဖို့
ငြိမ်းချမ်းဖို့လိုလားတယ်။ လိုလားတော့အဲဒီငြိမ်းချမ်ဖို့ ကိစ္စတွေလုပ်ဆောင်ရင်းနဲ့
မငြိမ်းချမ်းတဲ့ ခုနကလို သတ်ဖို့ ဖြတ်ဖို့ တိုက်ဖို့ ခိုက်ဖို့ ညွန်ကြား သင်ကြား
လုပ်ဆောင်နေတဲ့ ဘာသာကရှိနေတော့ အဲဒါတွေကို ဦးတည်ပြီးမှ ဆန့်ကျင် ကန့်ကွတ်
ရှုတ်ချရတယ်ပေါ့ အဓိကက အဲဒီကိုဦးတည်းတာတော့ မဟုတ်ဘူး ငြိမ်းချမ်းချင်တဲ့အတွက်
ဒီကိစ္စတွေလုပ်နေရတာပါ။ ပါးစပ်ကဘဲငြိမ်းချမ်းချင်တယ်ဆိုပြီးအော်နေတဲ့ နိုင်ငံတကာနဲ့
သံအမတ်ကြီးတို့နဲ့တော့မတူဘူး လက်တွေ့လုပ်ဆောင်တယ်ပေါ့။ နောက်တချက်အနေနဲ့
အစွန်းရောက်တွေ အစွန်းရောက်တွေဆိုတဲ့နေရာမှာ သူတို့အစွန်းရောက်တွေ တကယ်တမ်းက
အားလုံးအစွန်းရောက်တွေက အစ္စလာမ်တွေ သူတို့က ဘာကြွေးကြော်သလဲဆိုတော့ သူတို့
``အလ္လာရ်`` ကနေပြီးတော့ ဒီကိုရမ်ကျမ်းမှာ တိုက်ရိုက်ညွန်ကြားထားတဲ့
ကိစ္စတွေရှိတဲ့အတွက် အဲဒီတိုင်း သူတို့ လိုက်နာနေတာလို့ပြောတယ်ဆိုလိုချင်တာ
ဒီအစွန်းရောက်တဲ့ အဓိကဇစ်မြစ်ကဘယ်ကလာတာလဲ၊ ဆိုလိုချင်တာ ဘာသာရေးကယုံကြည်ချက်
ခံယူချက်နဲ့ ဆိုင်တယ်လို့ ဆိုတယ်။ သို့သော် ဒီခံယူချက်ကိုကသူတို့က တခြားဘာသာလိုမဟုတ်ဘူး
ငယ်ငယ်ကတည်က ``အလ္လာရ်`` အတွက်ဆိုသေရမယ်။ အသေကိုခံနိုင်ရမယ်ဆိုတဲ့ဟာမျိုး
တခါတည်းရိုက်သွင်းထားတာ ရိုက်သွင်းပုံချင်းမတူဘူး။ ခရစ်ယာန်မှာက ယှဉ်တွဲလို့ရတယ်။
ဗုဒ္ဓဘာသာ ကိုးကွယ်ရင်လည်း ဘာမှမဖြစ်ဘူး။ သူတို့ကတခြားဘာသာကိုးကွယ်ရင်သတ်ဖို့၊
ဦးဇင်းကိုယ်တောင်မှ ၇ကြိမ်၈ကြိမ်လောက် လုပ်ကြံဖို့ ကြိုးစားကြတယ်။ အဓိကကတော့
ခုနကသံအမတ် ပြောသလို ခံယူချက်၊ ယုံကြည်ချက်တွေ ဒါကယုံကြည်ချက်နဲ့ဆိုင်တယ်
ယုံကြည်ချက်ဆိုတာက သူတို့က ရိုက်သွင်းတာ ဗုဒ္ဓဘာသာမှာကြတော့ လုပ်ချင်လုပ်
မလုပ်ချင်နေ ခရစ်ယာန်လည်း ထိုနည်း တူစွာပဲ အစ္စလာမ်ကြတော့ မသင်မနေရ မလုပ်မနေရဆိုတဲ့
ပုံစံမျိုးနဲ့ ရိုက်သွင်းအတွက် ကြီးတဲ့အထိစွဲတယ်။ သင်ကြားမှု ညွန်ကြားမှုကလည်း
သတ်ဖို့ ဖြတ်ဖို့ တိုက်ဖို့ ခိုက်ဖို့ ညွန်ကြား သင်ကြား လုပ်ဆောင်နေတယ်။
ဒါကြောင့်ဖြစ်တာ။ သံအမတ်ကြီး တစ်သက်လုံးဖြေရှာလည်း ဒီအဖြေလွှဲပြီး
ဘယ်အဖြေမှမှန်မှာမဟုတ်ဘူး။ ဒါကြောင့် ငြိမ်းချမ်းချင်ပါတယ်ဆိုတဲ့ နိုင်ငံတကာနဲ့
အမေရိကန်သံအမတ်ကြီးတို့ ဘာလုပ်သင့်သလဲ? ဘာလုပ်နေလဲ? ဘယ်လိုရပ်တည်ကြလဲဆိုတာ
သိသင့်တယ်။
ဆက်လက်၍
အပိုင်းများစွာဖော်ပြပေးပါမည်။
ဦးအကုၤရ(လားရႈိး)



No comments:
Post a Comment