Wednesday, October 7, 2015

“ဗုဒ္ဓဂယာမြေမြတ်မဟာ က ပညာတော်သင်မြန်မာရဟန်းတော်များရဲ့ အမျိုးစောင့်ဥပဒေအောင်ပွဲ (သို့) အမျိုးစောင့် ဥပဒေ ဇိတံ မေ ပါဘုရာ......။”


အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးတွင် ပညာတော်သင်ယူနေကြ သည့် မြန်မာပညာတော်သင် သံဃာတော်များစုပေါင်း၍ ဘုရားပွင့်တော်မူရာ မဟာဗောဓိခြေတော်ရင်းတွင် ညီညွှတ်မျှတ ငြိမ်းချမ်းမှုကိုဖော် ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နက်(၆း၃၀) အချိန်တွင် စည်းကားစွာကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားကို ဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ ဆက်လက်၍ မေတ္တာသုတ်ပရိတ်တော်နှင့် ဇယန္တော ဗောဓိယာ မူလေ အစချီသည့် “အောင်ဂါထားများဖြင့် ရွတ်ဆိုပူဇော်ခဲ့သည်. ထို့နောက် အမျိုး၊ ဘာသာ သာသနာစောင့်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ၊ အဂ္ဂမဟာပဏ္ဍိတ၊ ကျေးဇူးတော်ရှင် ရွာမဆရာတော်ဘုရား ကြီး ပေးပို့ချီးမြှင့်တော်မူသည့် “၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ”ကို အိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂယာ၊၀င်းဝင်းမြန်မာကျောင်းတိုက်၏ပဓာန နာယက၊ရွှေဘိုဆရာတော် ဒေါက်တာအရှင်ဝိသုတ က ဖတ်ကြားလျှော က်ထားပါသည်။ မန္တလေးမြို့၊မစိုးရိမ်တိုက်သစ်၊နာယက၊ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ (၀ီရသူ- မစိုးရိမ်) ပေးပို့ချီးမြှင့်သည့် ၀မ်းမြောက်ေ ကြာင်း သ၀ဏ်လွှာကို ဓမ္မ၀ီရ အရှင်တေဇနိယ က ဖတ်ကြားလျှောက်ထား၍ နိဂုံးချုပ်ကျေးဇူးတင်စကားကို “အိန္ဒိယနိုင်ငံ၊ ဦးစန္ဒြမုနိ သာရေးနာရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာ အရှင်ပညာသာမိ က လျှောက်ထားတော်မူ ပါသည်။ ၎င်းနောက် ကြွရောက်တော်မူလာကြသည့် ပညာတော်သင် မြန်မာရဟ န်းတော်တို့က “ဗုဒ္ဓ သာသနာ စိရံတိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို ပူဇော်၍ “အိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂယာမြေမြတ်မဟာတွင်၊ ကျင်းပအပ်သော ညီညွှတ်မျှတ ငြိမ်းချမ်းမှုကိုဖော် ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။ ယနေ့ အမျိုးစောင့်ဥပဒေ အောင်ပွဲ သို့ သံဃာတော်ပေါင်း (၁၅၀) ခန့်တက်ရောက်ပါသည်။ ပြည်ပတွင် (၁၅၀) ဆိုသည့် ပမာဏမှာ လွန်စွာများပြားသည့်ပမာဏပင်ဖြစ်ပါသည်။

Dhammavira Ashin
===================================================

ဆရာတော် ဦးဝီရသူ ၏ သ၀ဏ်လွှာ
======================== 
“အိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂယာမြေမြတ်မဟာတွင်၊ ကျင်းပအပ်သော ညီညွှတ်မျှတ ငြိမ်းချမ်းမှုကိုဖော် ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ ပေးပို့အပ်သော မန္တလေးမြို့၊မစိုးရိမ်တိုက်သစ်၊နာယက၊ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသ (၀ီရသူ-မစိုးရိမ်) ၏ သ၀ဏ်လွှာ_
_______________________________________
ပြည်ပရောက် နောင်တော်ကြီးများအား ဦးစွာပဏာမ ဂါဝရပြုရှိခိုးအပ် ပါသည်။ ညီတော်လေး များအား မင်္ဂလာပါဟု နှုတ်ခွန်းဆက်သအပ်ပါသည်။


 ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူလူထုအားလုံး လိုလားတောင်းတ ခဲ့ကြသော “အမျိုးစောင့် ဥပဒေတော်ကြီး အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါပြီ” 

အမျိုးစောင့်ဥပဒေ အောင်ပွဲများလည်း နိုင်ငံတော် တစ်ဝှမ်းလုံးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ခဲ့ပါပြီ။

ယနေ့မှစ၍ အမိမြန်မာပြည်ကြီး ထာဝရငြိမ်းချမ်းပါတော့မည်။
“အမျိုးစောင့်ဥပဒေ” မရှိခဲ့၍သာ ပြည်သူလူထုရင်ထဲ၌ အထွေထွေမကျေနပ်ချက်များ အစိုင်အခဲအဖြစ် ကိန်းအောင်းခဲ့ကြခြင်းဖြစ်သည်။ 

အပြစ်ကင်းစင်သည့် မိန်းခလေးများကို အကြမ်းဖက်လိုက်ကြသည့်အခါမျိုး၌ အဆိုပါအစိုင်အခဲများသည် စနက်တံဖြုတ်ခံလိုက်ရသည့် လက်ပစ်ဗုံးလိုပေါက် ကွဲသွားခဲ့ကြခြင်းဖြစ်သည်။ 

ထိုပေါက်ကွဲမှုမျိုးကို မြန်မာပြည်ဒေသအချို့မှာ တွေ့မြင်ခဲ့ရပြီဖြစ်သည်။
အမျိုးစောင့်ဥပဒေ(၄)ရပ်သည် ဘာသာတရားအားလုံး သူ့စည်းကိုယ့်စည်းဖြင့် စည်းကမ်း ရှိစွာ နေနိုင်ပြီဖြစ်သောကြောင့် ဘာသာတစ်ခုနှင့်တစ်ခုအကြားစည်းကျော်နင်းမှုပြဿနာများ ဖြစ်ပွားကြ တော့မ ည်မဟုတ်ပါ။

 ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ကြတော့မည်ဖြစ်ပါသည်။ အဘယ့်ကြောင့်နည်း အခုပြဋ္ဌာန်းလိုက်သည့် ငြိမ်းချမ်းရေး ဥပဒေတော်ကြောင့်ပင်တည်း။

ယနေ့မှစ၍ မြန်မာမိန်းခလေးများ အိမ်ထောင်ပြု မှားလျှင်သော်မှ ဘုရားကိုစွန့်ရတော့မည်မ ဟုတ်ပါ။ ဘုရားမစွန့်၍ နှိပ်စက်ခံရတော့မည်မဟုတ်ပါ။ ဘုရားစွန့်၍ ကျခဲ့ရသော မျက်ရည်များ၊ ဘုရားမစွန့်၍ ကျခဲ့ရသော  မျက်ရည်များကို သိမ်းဆည်းပေးသွားတော့မည်ဖြစ်ပါသည်။

အဘယ့်ကြောင့်နည်း………?
“အမျိုးစောင့်ဥပဒေသည် မျက်ရည်သိမ်း ဥပဒေ ဖြစ်သောကြောင့်တည်း”

ယနေ့မှစ၍ မြန်မာတိုင်းရင်းသူလေးများ 

“အမျိုးသမီး အခွင့်အရေး၊ 

အိမ်ရှင်မအခွင့်အရေး၊ 

မိခင်အခွင့်အရေး ၊ 

လူ့အခွင့်အရေး” 

အပြည့်အအ၀ ရရှိတော့မည်ဖြစ်သည်။ 

အဘယ့်ကြောင့်ဆိုသော် “အမျိုးစောင့်ဥပဒေသည် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အကာအကွယ်ပေးထားသောကြောင့်တည်း”

အမျိုးစောင့်ဥပဒေကြောင့် 

“လူသားအားလုံးလွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိခြင်း”

 “အမျိုးသမီးအခွင့်အရေး အပြည့်အ၀ ရရှိခြင်း”  

“ အိမ်ထောင့်သစ္စာ ခိုင်မြဲခြင်း” 

 “ အမျိုးဘာသာ၊သာသနာ အန္တရာယ်ကင်းခြင်း”

  “တိုင်းပြည်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲခြင်း” 

 စသည့် အကျိုးတရားများ ရရှိတော့မည်ဖြစ်ပါသည်။

အမျိုးစောင့်ဥပဒေတော်ကြီး အသက်ရှည်စွာ ရပ်တည်နိုင်ရေးအတွက် ဆက်လက်အားထုတ် ရမည်ဖြစ်ပါသည်။ 

ယ္ခုလို ပြည်ပရောက်နေခိုက်မှာပင် “မိခင်ရွာနှင့် မိခင်သာသနာအတွက် ရတက် မအေးနိုင်ဘဲ အမျိုးစောင့်ဥပဒေအရေး အလေးထားဆော င်ရွက်တော်မူကြသည့် ညီတော်၊နောင်တော်အပေါင်း၏ အမျိုးသားရေးစိတ်ဓါတ်ကို အသိအမှတ်မပြုဘဲ မနေ၀ံအောင် ရှိပါတော့သည်”

အိန္ဒိနိုင်ငံတက္ကသိုလ်အသီးသီး၌ပညာတော်သင်ယူနေကြသည့် မြန်မာပြည်ဖွား တိုင်းရင်းသား ကျောင်းသားသံဃာတော်အရှင်သူမြတ်တို့ဘုရား ………………………..။
အမျိုးစောင့် ဥပဒေ ဇိတံ မေ ပါဘုရား…………………….။

 အမျိုးစောင့် ဥပဒေ ဇိတံ မေ ပါဘုရား…………………….။

အမျိုးစောင့် ဥပဒေ ဇိတံ မေ ပါဘုရား…………………….။

      တပည့်-

ဝိစိတ္တာဘိဝံသ
ဝီရသူ(မစိုးရိမ်)















No comments:

Post a Comment