Sunday, October 11, 2015

"အမျိုးစောင့်ဥပဒေအောင်ပွဲ (သီရိလင်္ကာ)"


သာသနာတော်နှစ် ၂၅၅၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၂) ရက်၊ ခရစ်သက္ကရာဇ်နှစ် ၂၀၁၅၊ အောက်တိုဘာ ၁၀ ရက်၊ စနေနေ့တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမမြန်မာကျောင်းတိုက် အတွင်း အမျိုးစောင့် ဥပဒေအောင်ပွဲ အထိမ်းအမှတ်အဖြစ် သံဃာတော်များကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ အမျိုးစောင့် ဥပဒေ (၄) ကို သမဂ္ဂစိတ်ဓာတ်ပြည့်ဝစွာဖြင့် ပြည်တွင်းသံဃာတော်များနှင့် ထပ်တူညီမျှ ကြိုဆိုထောက်ခံကြသော သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များသည် အခမ်းအနားကို အောက်ပါအစီအစဉ် (၇) ချက်ဖြင့် ဒေသစံတော်ချိန် နေ့လည် (၁: ၃၀) မီးနစ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ အခမ်းအနားကို မြန်မာကျောင်းသားရဟန်းတော်များနှင့် သီလရှင်ဆရာလေးများ အပါး (၁၀၀) ကျော် တတ်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဉ် (၇) ချက်=
၁။ နမော ၀ိဘဇ္ဖ၀ါဒိနော အနန္တဇိနဿ ဟူသော ဘုရားရှိခိုးဖြင့် သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း။
၂။ ဇယန္တော ဗောဓိယာမူလေ အောင်ဂါထာကို (၃ကြိမ်) စုပေါင်းရွတ်ဆိုခြင်း။
၃။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ပေးပို့သော အဖွင့်သြ၀ါဒကထာကို အရှင်ဝိစိတ္တာလင်္ကာရမှ ဖတ်ကြားခြင်း။
၎။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ပေးပို့သော သ၀ဏ်လွှာကို အရှင်သောဘနမှ ဖတ်ကြားခြင်း။
၅။ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ ၀ီရသူ (မစိုးရိမ်)မှ ပေးပို့သော သ၀ဏ်လွှာကို ပန်းမြိုင်ဆရာတော် အရှင်အရိယမှ ဖတ်ကြားခြင်း။
၆။ သီရိလင်္ကာနိုင်ငံရောက် အမျိုးစောင့်ဥပဒေကို ကြိုဆိုသော မြန်မာကျောင်းသားရဟန်းတော်များ၏ သဘောထားထုတ်ပြန်ချက်ကို မေတ္တာဝါဒီဆရာတော် အရှင်သုမင်္ဂလမှ ဖတ်ကြားခြင်း။ 
၇။ အမျိုးစောင့်ဥပဒေ      စိရံ တိဋ္ဌတု ပါဘုရား  (သုံးကြိမ်) သံပြိုင်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခြင်း ဟူသော အစီအစဉ် (၇) ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး၊ အခမ်းအနားသို့ တတ်ရောက် လာကြသော သံဃာတော်များနှင့် သီလရှင်ဆရာလေးများမှ အောက်ပါ သဘောထားကြေညာချက် (၅) ရပ်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

"သဘောထားထုတ်ပြန်ကြေညာချက်"
======================
အမျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားသည်
၁။ အမျိုးစောင့်ဥပဒေကို ကြိုဆိုထောက်ခံသော သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များသည် သမဂ္ဂစိတ်ဓာတ်ပြည့်ဝစွာဖြင့် “အမျိုးစောင့် ဥပဒေ (၄) ရပ်သည် မြန်မာနိုင်ငံတော် အတွက် ရှိသင့်ရှိထိုက်သော ဥပဒေဖြစ်သည်”ဟု ပြည်တွင်းသံဃာတော်များနှင့် ထပ်တူညီမျှ မှတ်ယူပါသည်။
၂။ ယခုကျင်းပပြုလုပ်သည့် အမျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနားသည် မည့်သည့်ပါတီ၊ မည်သည့်အဖွဲ့ အစည်းနှင့်မျှ (လုံးဝ) သက်ဆိုင်ခြင်း မရှိပါ။ 
၃။ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းအားထုတ်ခဲ့ကြသော ဆရာတော် သံဃာတော်များ၊ တပည့်ဒကာ ဒကာမများနှင့် ဥပဒေပညာရှင်များအားလုံး၏ ကြိုးပမ်းအားထုတ်မှုကို အမျိုးစောင့်ဥပဒေကို ကြိုဆိုထောက်ခံသော သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ အနေဖြင့် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ပါသည်။ 
၎။ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာသည့်အားလျော်စွာ ယင်းဥပဒေ(၄)ရပ် ရေရှည်တည်တံ့ခိုင်မြဲစေရန် အမျိုးစောင့်ဥပဒေကို ကြိုဆိုထောက်ခံသော ပြည်တွင်းပြည်ပသံဃာတော်များနှင့် ဒကာ ဒကာမများမှ ဆက်လက်ကြိုးပမ်း အားထုတ်တော်မူကြပါရန်ကိုလည်း လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 
၅။ အတည်ပြုပြဋ္ဌာန်းပြီးသည့် အမျိုးစောင့်ဥပဒေ (၄) ရပ်ကိုလည်း =
(က) ပြည်သူလူထုအနေဖြင့် လေးစားစွာ လိုက်နာကျင့်သုံးကြပါရန်နှင့်
(ခ)နိုင်ငံတော်စီမံအုပ်ချုပ်သူများနှင့် ဥပဒေပညာရှင်များမှလည်း ဥပဒေနှင့်အညီ တိကျမှန်ကန်စွာ ဆောင်ရွတ်ပေးကြပါရန် သီရိလင်္ကာနိုင်ငံရောက်  အမျိုးစောင့်ဥပဒေကို ကြိုဆိုထောက်ခံသော မြန်မာ ကျောင်းသားရဟန်းတော်များအနေဖြင့် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

အမျိုးစောင့်ဥပဒေကို ကြိုဆိုထောက်ခံသော
သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ
ရက်စွဲ-၁၀. ၁၀. ၂၀၁၅







No comments:

Post a Comment