အမျိုးစောင့်ဥပဒေ ကြိုးပမ်းမှုအဆင့်ဆင့်
(၁)
အမျိုးစောင့်ဥပဒေနှင့်ပတ်သက်တဲ့ဆောင်ရွက်ခဲမှုများတွင်
စာရေးဆရာ ဒါရိုက်တာ ရွှေဒုံးဘီအောင်ရေးတဲ့ 'သွေးနဲ့ရေးတဲ့စာ' ဝတ္ထုလေးကလည်း အမျိုးစောင့်ဥပဒေကို ပုံဖေါ်ထားတာ တွေ့ရပါတယ်။
ဒီဝတ္ထုထဲမှာ လူမျိုးခြား၊ ဘာသာခြားနှင့် လက်ထပ်တော့မည့် ကရင်မလေးတစ်ယောက်ကို ဗမာစစ်သားကြီးတစ် ယောက်က တောထဲခေါ်ပြီး တရားဟောတဲ့ထဲမှာ - လွတ်လပ်ရေးရရင် ဒီဥပဒေကို အရင်ဆုံးတောင်းဆိုမယ်ဆိုတဲ့ စာသားလေးဟာ မြန်မာ ပြည်သူတွေအတွက်တော့ မီးပြတိုက်ပေါ်က ကျလာတဲ့ ဆလိုက်မီးလေးတစ်ချက်ပင် ဖြစ်ခဲ့ရပါတယ်။
(၂)
၁၉၄၂-ခုနှစ် ဂျပန်အဝင် အင်္ဂလိပ်အထွက် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွေမှာ ဖြစ် ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီးကြောင့် ကျေးရွာပေါင်း ၁၅ဝ-ကျော် မီးလောင်ပျက်စီးပြီး ရခိုင်တိုင်းရင်းသူ၊ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်ပေါင်း လေးသောင်းကျော် သေဆုံးခဲ့ရပါတယ်။
အင်္ဂလိပ်နှင့် အတူပါလာခဲ့ကြတဲ့ ဘင်္ဂါလီတွေနှင့် အိန္ဒိယနိုင်ငံ၊ စစ်တကောင်းဒေသမှ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေဟာ မိန်းမများများယူ၊ ကလေးများများမွေး စနစ်နှင့် လူဦးရေထူထောင်လိုက်ကြပြီး မွေးဖွားမှုနှုန်း နိမ့်ပါးတဲ့ ရခိုင်တွေထက် လူဦးရေ သာလာလို့ ရခိုင်တွေကို သတ်ဖြတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။
ဘင်္ဂါလီတွေရဲ့ အကြံအစည်ကို ရိပ်မိလို့ သင်္ဘောတွေနှင့် ထွက်ပြေးသွားတဲ့ အမျိုးသမီးများ၊ အဖိုးအဖွားများ၊ ကလေး သူငယ်များလည်း ဝန်နှင့်အား မမျှလို့ သင်္ဘောမှောက်ရာမှာ လူပေါင်းသောင်းချီ သေဆုံးခဲ့ရပြန်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဒီမှာတင် ပြီးဆုံးသွာတာမဟုတ်ဘဲ မတရားအကျင့်ခံခဲ့ရတဲ့ တိုင်းရင်းသူများ၊ ရောင်းစားခံခဲ့ရတဲ့ တိုင်းရင်းသူများ၊ လိင်ကျွန်အပြုခံခဲ့ရတဲ့ တိုင်းရင်းသူများကို ယခင် အိန္ဒိယနိုင်ငံ (ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ) စစ်တကောင်းတောင် တန်းပေါ်မှာ များစွာတွေ့မြင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ရခိုင်ဆရာတော် မေဃဝတီ အရှင်နာရဒဆိုတာ ပေါ်ပေါက်လာခဲ့ပါတော့တယ်။
(၃)
ဒီအဖြစ်အပျက်မှန်တွေကို မေဃဝတီ အရှင်နာရဒဆရာတော်နှင့် စာရေးဆရာ ဒါရိုက်တာဆရာကြီး ရွှေဒုံးဘီအောင် တို့က ကိုယ်တော့်ကရုဏာအမည်ရတဲ့ စာအုပ်ထုတ်ဝေရာမှ ပြည်ထောင်စုတစ်ဝှမ်းလုံး မူဆလင်အန္တရာယ်ကို သတိထားမိလာ ပါတော့တယ်။
သွေးနဲ့ရေးတဲ့စာ၊ ကိုယ်တောင့်ကရုဏာ စာအုပ်များကြောင့် အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေဟာ အမျိုးစောင့်ဥပဒေကိုပဲ ကယ်တင်ရှင်အဖြစ် မျှော်တလင့်လင့် ဖြစ်လာကြပါတော့တယ်။
(သွေး/ ကရုဏာ ၂-အုပ်လုံး - ရိုက်ပြထားရန်)
အမျိုးစောင့်ဥပဒေကို တရားဝင်ဟောပြောပြီး ပြည်သူတွေနှင့် မိတ်ဆက်ပေးသူကတော့ စာရေးဆရာကြီး နှစ်ဖက်လှ ဦးကျော်လွင်ပဲ ဖြစ်ပါတယ်။
ဆရာကြီးဦးကျော်လွင်ဟာ ရဟန်းဘဝမှာ သကျသီဟဓမ္မာစရိယ-စေတိယင်္ဂဏဓမ္မာစရိယ၊ သာသနဓဇ သိရီပဝရဓမ္မာ စရိယဘွဲ့ထူးဂုဏ်ထူးများ ရရှိခဲ့သလို လူ့ဘဝမှာ မဟာဝိဇ္ဇာဘွဲ့နှင့် အထက်တန်းရှေ့နေဘွဲ့များကိုလည်း ရရှိခဲ့တာကြောင့် လောကီပညာဘွဲ့၊ ကောကုတ္တရာပညာဘွဲ့တို့ကို အကြောင်းပြုပြီး နှစ်ဖက်လှဦးကျော်လွင်ဆိုတဲ့ ကလောင်အမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဆရာနှစ်ဖက်လှဦးကျော်လွင်ဟာ ဘာသာရေးစာပေများ ရေးသားတဲ့အပြင် တက္ကသိုလ်ကျောင်းတွေမှာလည်း ဘာသာ ရေးစာပေ ဟောပြောပွဲများ ဟောပြောခဲ့ပါတယ်။
ဟောပြောပွဲများ၊ တရားစခန်းများ၊ ယဉ်ကျေးမှုသင်တန်းများ၊ အဘိဓမ္မာသင်တန်းများမှာ အမျိုးစောင့်ဥပဒေအကြောင်း ထည့်သွင်းဟောကြားခဲ့လို့ အမျိုးစောင့်ဥပဒေဆိုတဲ့ နာမည်ကို ကြားဖူးသူတိုင်း အမျိုးစောင့်ဥပဒေရဲ့ တန်ဖိုးကို သိရှိခဲ့ကြပါတော့တယ်။
အာဏာသိမ်းအစိုးရလက်ထက်မှာ သာသနာထွန်းကား ပြန့်ပွားရေးဌာန ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်၊ ဥပဒေပညာ ရှင်တစ်ဦးလည်းဖြစ်နေလို့ စိတ်ရှိလက်ရှိ မဟောကြားနိုင်ခဲ့ပေမယ့် ဆရာ့တပ်လှန့်သံများကြောင့် သံဃာတော်များနှင့် ကြံလူငယ် လူရွယ်များ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာပါတော့တယ်။
(၄)
အမျိုးစောင့်ဥပဒေ တရားတော်များကို အမွေဆက်ခံ ဟောကြားသူတစ်ဦးကတော့ ဝံသာနုဓမ္မကထိက အမျိုးသား ရေးဝါဒီဆရာတော် အရှင်ဝီရသူပဲဖြစ်ပါတယ်။
အရှင်ဝီရသူဟာ မန္တလေး မစိုးရိမ်တိုက်သစ်မှာ သကျသီဟဓမ္မာစရိယဘွဲ့ယူရန် ကြိုးစားရင်း ၁၉၉၇-ခုနှစ်မှစပြီး အမျိုးသားရေးတရားများ ဟောကြားကာ စာသင်သား သံဃာငယ်လေးများကို စတင်စည်းရုံးခဲ့သူ ဖြစ်ပါတယ်။
ဘွဲ့အမည်အရင်းက အရှင်ဝိစိတ္တဖြစ်သော်လည်း ၂ဝဝဝ-ခုနှစ်မှာ ဝီရသူ(မစိုးရိမ်) ကလောင်အမည်နှင့် ထေရဝါဒတိုက် ပွဲစာအုပ်ကို ရေးသားခဲ့ရာမှ အရှင်ဝီရသူအမည် ထင်ရှားလာခဲ့ခြင်းဖြစ်ပါတယ်။
အရှင်ဝီရသူဟာ ၂ဝဝ၁-ခုနှစ်၊ ၂ဝဝ၂-ခုနှစ်၊ ၂ဝဝ၃-ခုနှစ်တွေမှာ အမျိုးသားရေးတရားများ လှည့်လည်ဟောကြားရင်း အမျိုးစောင့်ဥပဒေလိုအပ်နေကြောင်း ထည့်သွင်းဟောကြားရာမှ ဗုဒ္ဓဘာသာဝင် သံဃာထုနှင့် လူထုအကြား ထောက်ခံမှုများ ရေပန်းစားလာခဲ့ခြင်းဖြစ်ပါတယ်။
(ဗီဒီယိုဖိုင် - စက္ကန့်ပိုင်းမျှ ထိုးပြရန်)
(၄င်း ဗီဒီယိုဖိုင်လ်မတိုင်ခင် - အမျိုးသားရေးတရား ဟောကြားနေပုံများကို အသံဖျောက်ပြီး ပြထားရန်)
အမျိုးစောင့်ဥပဒေ ဘာကြောင့်လိုအပ်တယ်ဆိုတာကို ၂ဝဝဝ-ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မုံရွာမြို့နယ် အလုံတိုက်နယ်မှ ဗုဒ္ဓဘာသာမြန်မာမိန်းမကလေး မစုစုလတ် အသတ်ခံရမှုက ညွှန်းဆိုသွားခဲ့တာပဲဖြစ်ပါတယ်။
ဗမာမိန်းကလေး စုစုလတ်ဟာ အလုံတိုက်နယ် ရွှေတံတားရပ်နေ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးလှမြတ်၊ အလယ် တန်းပြဆရာမ ဒေါ်စန်းရီတို့ရဲ့ စတုတ္ထမြောက် (နို့ညှာ)သမီးဖြစ်ပါတယ်။
၁၉၇၂-ခုနှစ်မှာ မွေးဖွားပြီး ၁၉၉၈-ခုနှစ်မှာ အိမ်ထောင်ကျကာ ၂ဝဝဝ-ခုနှစ်မှာ အသတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။
သတ်သူတွေကတော့ စုစုလတ်ရဲ့ခင်ပွန်း ရာဇင်နှင့် ယောက္ခမ ဦးချို + ဒေါ်မြင့်မြင့်သန်း၊ ယောင်းမဖြစ်သူ နိုရဘီတို့ပဲ ဖြစ်ပါတယ်။
အထည်ချုပ်စက်ခုံပေါ် ပုလင်းလေးတစ်လုံးထဲ ပန်းကလေးတွေထည့်ပြီး ယတြာချေတာကို ဘုရားပန်းတင်တယ်စွပ်စွဲ ပြီး ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်ကြတာပဲ ဖြစ်ပါတယ်။
တရားခံ လေးယောက်လုံးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ ရင်ထဲမှာတော့ နာကျည်းမှုပေါင်းများစွာဟာ အစိုင်အခဲအဖြစ် ကိန်းအောင်းသွားခဲ့ပါတော့တယ်။
(စုစုလတ် အုတ်ဂူနှင့် မိသားစုပုံပြထားရန်)
စုစုလတ် အသတ်ခံလိုက်ရတဲ့ သတင်းကြားရတဲ့အချိန်မှာ အမျိုးသားရေးတရား ထဟောဖို့ ပြင်ဆင်နေတဲ့ အရှင်ဝီရသူ အတွက် မဖြစ်မနေ ဟောဖို့ကြုံလာခဲ့ရတာကတော့ ဧရာဝတီတိုင်း ကြံခင်းမြို့ရဲ့ အဖြစ်အပျက်လေးပဲ ဖြစ်ပါတယ်။
ဖခင်ဖြစ်သူကျောင်းဒကာကြီး သေဆုံးသွားတာတောင် အသုဘချခွင့်မရခဲ့တဲ့ ဗုဒ္ဓဘာသာဝင် မြန်အမျိုးသမီး တစ်ဦးဖြစ်သူ ဒေါ်သန်းသန်းချစ်ရဲ့အဖြစ်အပျက်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရတာကြောင့် အမျိုးစောင့်တရားနှင့်အမျိုးစောင့်ဥပဒေကို ဧရာဝတီတိုင်း ကြံခင်းမြို့ နဝင်းကုန်းကျောင်းတိုက်မှာ ၂ဝဝ၁ခုနှစ် မေလမှစပြီး ဟောကြားခဲ့ပါတော့တယ်။
ဒီအဖြစ်အပျက်တွေကြောင့် ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးလေးများကို ကာကွယ်ဖို့ဥပဒေတစ်ရပ် လိုအပ်နေပြီဆိုတာကို ပြည်ထောင်စုတဝှမ်းလုံးမှ ရဟန်းရှင်လူ ပြည်သူအားလုံးက တညီတညွတ်တည်း သဘောတူလက်ခံခဲ့ကြပါတယ်။
(၅)
အမျိုးသားရေးတရားဟောကြားရင်း နယကအစိုးရရဲ့အရေးယူမှုကြောင့် ၂ဝဝ၃-ခုနှစ် အောက်တိုဘာလမှာ အရှင်ဝီရသူ လူဝတ်ဘဝနှင့် အကျဉ်းစံခံခဲ့ရပါတယ်။ အမျိုးစောင့်ဥပဒေ ရည်မှန်းချက်ကြီးကလည်း အရှင်ဝီရသူနှင့်အတူ တိမ်မြုပ်သွားခဲ့ရပါတယ်။
အရှင်ဝီရသူ ထောင်မှထွက်လို့ ၅-လကျော်ကာလ ၂ဝ၁၂-ခုနှစ်၊ ဇွန်လ ၈-ရက်၊ သောကြာနေ့ မွန်းလွဲတစ်နာရီကျော် နေ့ခင်းကြောင်တောင်ကြီးမှာ ရခိုင်ပြည်သူများ အကြမ်းဖက်ခံခဲ့ရပါတယ်။ မောင်းတောမြို့ပေါ် ရပ်ကွက်ကြီး နှစ်ရပ်ကွက်နှင့် ကျေးရွာပေါင်းရှစ်ရွာ မီးလောင်တိုက် အသွင်းခံရလို့ ရခိုင်ပြည်သူများ ခိုကိုးရွာမဲ့ ဘဝသို့ ရောက်ရှိခဲ့ရပါတော့တယ်။
မောင်းတောမြို့နယ် လူဦးရေ(၆)သိန်းကျော်မှာ ရခိုင်အပါအဝင် ဗုဒ္ဓဘာသာဝင်ဦးရေက (၃)သောင်းခန့်သာရှိတော့တဲ့အခါ လူများစု ဘင်္ဂလီအုပ်ကြီးက လူနည်းစု ရခိုင်တိုင်းရင်းသားတွေကို ဘာပြဿနာမျှမဖြစ်ပဲ ဂျီဟဒ်စစ်ပွဲဆင်နွှဲလိုက်တာပဲ ဖြစ်ပါတော့တယ်။
(၆)
မောင်းတောမြို့နယ်နှင့်အတူ ရသေ့တောင် (ဂူတောင် )စစ်တွေမြို့တို့ပါ တစ်ဆက်တည်း စီးနင်းခံခဲ့ရပါတယ်။ မူဆလင်တွေ လူဦးရေ များလာရင် မူဆလင်မဟုတ်သူတွေပါ တိုက်ခိုက်ပြီး မူဆလင်နိုင်ငံထူထောင်ခဲ့တာတွေဟာ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့ပေမယ့် မူဆလင်အန္တရာယ်ကာကွယ်ရေး၊ အမျိုးသားလုံးခြုံရေးနှင့် ပတ်သက်လို့ အစိုးရအစဉ်အဆက် အားနည်းခဲ့တာကြောင့် ရခိုင်ပြည်သူတို့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကြီးမားခဲ့ရခြင်းဖြစ်ပါတယ်။
(၇)
ရခိုင်ပြည်ကြီး ဂျီဟတ်အလုပ်ခံလိုက်ရလို့ အပြစ်မဲ့ဘုန်းကြီးတွေလူတွေ၊ အမျိုးသားတွေ အမျိုးသမီးတွေ၊ အဖိုးအဖွားတွေ ကလေးသူငယ်တွေ သေဆုံးခဲ့ရတဲ့အပြင် စေတီပုထိုးများ၊ ရုပ်ပွါးတော်များ၊ လူနေအိမ်များ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ မီးလောင်ပျက်စီးခဲ့ရတဲ့အဖြစ်တွေကြောင့် ကမ္ဘာ့တစ်ဝှမ်းလုံးရှိ ဗုဒ္ဓဘာသာဝင်များ ပူဆွေးသောက ရောက်ခဲ့ရ ပါတယ်။
ကမ္ဘာ့အများစု ဘင်္ဂါလီတွေကြားမှာ ညှိုးငယ်စွာနေကြရတဲ့ လူနည်းစုရခိုင်ဗုဒ္ဓဘာသာဝင်တွေ ကတော့ ရှားပါးမျိုးနွယ်စုတစ်ခုလို တဖြည်းဖြည်းနဲ့ ပျောက်ကွယ်ရတော့မယ့် အခြေအနေဆိုးတွေ ကြောင့် ရခိုင်ပြည်သူလုံခြုံရေး၊ ရခိုင်ပြည်အချုပ်အချာ တည်မြဲရေးတို့နှင့် အတူ ပြည်ထောင်စုတစ်ဝှမ်းလုံး ရဲ့ အမျိုးဘာသာသာသနာလုံးခြုံရေးအတွက် တစ်တိုင်းပြည်လုံး တောင့်တခဲ့ကြတဲ့ အမျိုးစောင့်ဥပဒေ ကြီး ပေါ်ပေါက်လာရေးအတွက် မဖြစ်မနေကြိုးပမ်းကြရပါတော့တယ်။ မြန်မာပြည်သူပြည်သားတို့ အန္တရာယ်ကျရောက်တဲ့အခါတိုင်း ရှေ့တန်းထွက်ပြီး ပြည်သူ့ဘက်မှ မားမားမတ်မတ်ရပ်တည်ခဲ့လေ့ရှိတဲ့ သံဃာတော်များက အမျိုးသားအန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ ရတော့မည့် အခြေအနေဆိုးကြီးကို ကာကွယ်ရန် အမျိုးစောင့်ဥပဒေကြီးကို စတင်တောင်းဆိုမှုများကို ၂ဝ၁၂ခု၊ ဇူလိုင်လ(၁၁)ရက်နေ့မှ စတင်လှုပ်ရှားခဲ့ကြပါတယ်။
မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မုံရွာ၊ အမရပူရ၊ ပြင်ဦးလွင်၊ သီပေါ၊ ကွတ်ခိုင်၊ နမ့်စမ်း၊ မူဆယ်၊ ကလေး၊ ဟုမ္မလင်း၊ မော်လမြိုင် အစရှိတဲ့ မြို့ကြီးများမှ ပရိယတ္တိနယ်မှာ ထင်ရှားကျော်ကြားသော ဆရာတော်များ၊ နိုင်ငံကျော်ဓမ္မကထိကဆရာတော်များ လက်မှတ် ပေါင်း ၁၃၆-ခုနှင့်အတူ တောင်းဆိုခဲ့ ကြတာဖြစ်ပါတယ်။
သံဃာတော်များ တာဝန်ခံတောင်းဆိုသူတွေကတော့ စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မဝေဒဂူကျောင်းမှ သီတဂူအရှင်ဒေဝိန္ဒာ ဘိဝံသနှင့် မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယက ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ)ဆရာတော်တို့ ဖြစ်ပါတယ်။
ဒီဆရာတော်များထဲမှ လက်မှတ်ရရှိရေးအတွက် တစ်ကျောင်းဝင်တစ်ကျောင်းထွက်၊ တစ်မြို့ဝင် တစ်မြို့ထွက်၊ တစ်နိုင်ငံလုံး လှည့်လည်၍ လက်မှတ်ကောက်ခံခဲ့သူများကတော့ ...
မစိုးရိမ်တိုက်သစ်မှ အရှင်ဝီရသူ၊ မစိုးရိမ်တိုက်ကြီးမှ အရှင်ဣန္ဒာစက္ကာဘိဝံသ၊ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ၊ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင် သစ္စဝေဒဂူဆရာတော် အရှင်ခေမာစာရနှင့် ဟုမ္မလင်းမြို့ မြို့မပရိယတ္တိစာသင်တိုက် ဆရာတော်လေး အရှင် ပညာဗလတို့ ဖြစ်ပါတယ်။
ဟုမ္မလင်းမြို့မှ အရှင်ပညာဗလဆရာတော်က နိုင်ငံတော်သံဃမဟာနာယကဆရာတော်များထံမှ သြဝါဒခံယူခြင်း၊ နေပြည် တော်သို့ သွား၍ လွတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပါတီအသီးသီးသို့သွား အကူအညီများ အကြံအÓဏ်များ တောင်းခံခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အများစုက ကိုယ်ပိုင်မဆုံးဖြတ်ဝံ့ခြင်း၊ လူ့အခွင့်အရေးနှင့်မညီဟု ဆိုကာ ပယ်ချခဲ့ခြင်းကြောင့် သာသနာရေးဌာနနှင့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများကိုသာ အားကိုးခဲ့ရပါတော့တယ်။ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများအနေဖြင့် တောင်းဆိုပေးမည်ဆိုလျှင် ရနိုင်ခြေရှိသော်လည်း နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက မှတ်တမ်းအဖြစ်သာ လက်ခံထားမည်ဖြစ်ကြောင်း ကျောထောက်နောက်ခံအင်အားလုံးဝမရှိတော့တဲ့ အဆင့် အထိ ရောက်သွားခဲ့ရပါတယ်။
အသက်သိက္ခာဝါတော်အရ ရဟန်းပျိုအဆင့်သာရှိသေးသည့် အရှင်ဝီရသူနှင့် သီတဂူအရှင်ဒေဝိန္ဒာဘိဝံသတို့ရဲ့ တာဝန်ခံတောင်းဆိုမှုဟာ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အဆင့်တောင် မရောက်လိုက်ဘဲ ခဲလေသမျှ သဲရေကျဖြစ်ခဲ့ရပါတယ်။
ဝီရသူ (မစိုးရိမ်)

No comments:
Post a Comment