၂၂.၁၀.၂၀၁၅ ရက်နေ့၊ ည ၇း၀၀ နာရီ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံစာသင်တိုက်၊ ဓမ္မဝိဇိတဓမ္မာရုံ အမျိုးစောင့်ဥပဒေအောင်ပွဲ အထိမ်းအမှတ် အမျိုးသားရေး အထူးဓမ္မသဘင်။
တရားမဟောမီ မဘသဆရာတော်များအား ဂါရဝပြု ပူဇော်ပါတယ်။ ၎င်းနောက် တရားပွဲကျင်းပရာ မဟာဝိဇိတာရုံကျောင်းတိုက် သံဃနာယက ဥက္ကဋ္ဌဆရာတော်အား ဂါရဝပြု ပူဇော်ပါတယ်။ နေပြည်တော် မစိုးရိမ်တိုက်သစ် ပဓာန နာယကဆရာတော် ဦးအဂ္ဂဓမ္မ က စာရေးသူရဲ့ သူငယ်ချင်းပါ။ မြို့နယ် သံဃနာယက အတွင်းရေးမှူးပါ။ ဥက္ကဋ္ဌရော အတွင်းရေးမှူးရော ဆရာတော်နှစ်ပါးလုံးက မဘသအဖွဲ့ကို ငွေတစ်သိန်းစီလှူပြီး မတည်ပေးထားတာပါ။
အဖွဲ့အစည်းနှစ်ရပ်လုံး စည်းလုံးညီညွတ်နေတာတွေ့ရလို့ စိတ်ချမ်းသာကြောင်း ထည့်သွင်းဟောကြားခဲ့ပါတယ်။
နေပြည်တော်ဆိုပေမယ့် တောသူတောင်သားတွေသာ များပြားပါတယ်။ အားရပါးရဟောရ။ အားရပါးရရယ်ကြနဲ့ ဟောလို့ကောင်းတဲ့ တရားပွဲလေးပါ။
နေပြည်တော်မှာ ပထမဦးဆုံး ဟောဖြစ်တဲ့ တရားပွဲလေး ဖြစ်ပါတယ်။
No comments:
Post a Comment