Friday, October 23, 2015

“ရေဘေးဆောင်ရွက် ပြည်သူ့အတွက်(၁၃)”


မန်း မဘသ ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စည်းဝေးပွဲကို ၁၇.၁၀.၂၀၁၅၊ စနေနေ့ ပုံမှန်အစည်းအဝေးပွဲမှာ တစ်ကြိမ်၊ ၂၁.၁၀.၂၀၁၅ ရက်နေ့ ကြားဖြတ် စည်းဝေးပွဲမှာ တစ်ကြိမ် ကျင်းပခဲ့ပါတယ်။
စည်းဝေးဆုံးဖြတ်ချက်အရ ကလေးမြို့နယ် ကျေးရွာနှစ်ခု၌ သိန်း ၅၀ ကျပ် တန်ဖိုးရှိ ယာယီစာသင်ကျောင်းနှစ်ကျောင်း ဆောက်လုပ်လှူဒါန်းရန်၊ ကလေးမြို့နယ်အတွက် ဆန်အိတ် ၁၅၀ အဝတ်အထည်အိတ် ၅၀၀၊ ချင်းပြည်နယ်အတွက် ဆန်အိတ် ၁၀၀နှင့် ကလေးဝမြို့နယ်အတွက် လိုအပ်ချက်များ ဆက်လက်စုံစမ်းရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဆင်စွယ်ကျိုးရွာ အလယ်တန်းကျောင်းဆောက်လုပ်ရန် သိန်း ၁၀၀ ကျပ်နှင့် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၀၀ နှင့် အဝတ်အထည်အိတ် ၅၀၀ လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
မြောက်ဦးမြို့နယ်၊ အလယ်တန်းကျောင်း တစ်ကျောင်းအတွက် သီးခြားအလှူရှင်ပေါ်ပေါက်ခဲ့ရာ မြောက်ဦးမဘသနှင့် ချိတ်ဆက်ပြီး ဆောက်လုပ်လှူဒါန်းနေပါပြီ။ သိန်း ၃၀၀ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။
ဆင်စွယ်ကျိုးရွာ အလယ်တန်းကျောင်းအတွက် မဘသ(ဗဟို)နှင့် မန်းမဘသတို့ ပူးပေါင်းလှူဒါန်းမှာ ဖြစ်ပါတယ်။ လောလောဆယ် သိန်း ၁၀၀ စီ ခန့်မှန်းထားကြပါတယ်။
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ဖားအိုက်ရွာအတွက်လည်း ဆန်အိတ် ၅၀ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။








No comments:

Post a Comment