မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ
အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ အခန်း(၂)၊ ပုဒ်မ (၄)မှာ အသက်(၁၈)နှစ်ပြည့်ရမည်။ မိဘသဘောမတူလျှင်
အသက်(၂၀)ပြည့်ရမည်။ ဒီအချက်နှင့်လည်း ငြိနေပြီ။ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ
အခန်း(၄)၊ ပုဒ်မ(၁၁) အိမ်ထောင်ရှိလျက် အတိအလင်းနောက်တစ်ယောက် ထပ်ယူခြင်း လင်မယားအဖြစ်
တရားမဝင် နေထိုင်ပေါင်းသင်းခြင်း မပြုရ။ ဒီအချက်နှင့်လည်း ငြိနေပြီ။
တရားခံ မွတ်ကုလားကို
ခြေရာခံမိဖို့ပဲ လိုတော့သည်။ လောလောဆယ် မိခင်ကြီးခမျာမှာတော့ သောကတွေ ဖြေမဆည် ဖြစ်နေရပြီပေါ့။
အောင်ပန်းမြို့၊
အရိန္ဒမ မစိုးရိမ်ကျောင်းဆရာတော် အရှင်ဣန္ဒာစရိယထံ အကူအညီတောင်းသော မိခင်ကြီး ဒေါ်နွယ်နီ၏စာကို
ပူးတွဲတင်ပြလိုက်ပါသည်။
=========================================================
သို့
အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေးအဖွဲ့
ရိုသေစွာ
ဦးခိုက်လျှောက်ထားအပ်ပါသည်ဘုရား။
တပည့်တော်၏
သမီးဖြစ်သူ မလျှမ်းပပအိနြေ္ဒအား အောင်ပန်းမြို့ ညောင်ပင်တောင်ရပ်ကွက်နေ မောင်လှစိုး
(အစ္စလာမ်ဘာသာဝင် အိမ်ထောင်ရှိသူ)က ၁၀.၉.၂၀၁၅ နေ့တွင် ဖျားယောင်းခိုးယူပေါင်းသင်းခဲ့ပါသည်ဘုရား။
တပည့်တော်မ၏
သမီးဖြစ်သူ မလျှမ်းပပအိနြေ္ဒမှာ အသက် (၁၈)နှစ် မပြည့်သေးပါဘုရား။ အသက်(၁၈)နှစ်မပြည့်သေး၍
ဆင်ခြင်တုံတရားလည်း မရှိသေးပါဘုရား။ ကျန်းမာရေးအားဖြင့် နှလုံးရောဂါရှိသူလည်း ဖြစ်ပါတယ်ဘုရား။
ထိုခိုးယူပေါင်းသင်းခြင်းကိစ္စနှင့်ပတ်သက်၍
၁၈.၉.၂၀၁၅ နေ့တွင် ကလောရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ပါသည်ဘုရား။ ကလောရဲစခန်းမှ
ရဲအရေးပိုင်သောအမှုမဟုတ်၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ရန် ညွှန်ကြားခဲ့ပါသည်ဘုရား။
၂၁.၉.၂၀၁၅
နေ့တွင် ကလောမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်တိုင်ကြားခဲ့ရာ ၁.၁၀.၂၀၁၅ နေ့တွင်
အမှုစစ်ဆေးရန် ချိန်းဆိုခဲ့ပါသည်ဘုရား။ တရားရုံးမှ ရက်ချိန်းပေးထားရာ ၁.၁၀.၂၀၁၅ နေ့တွင်
တရားခံမောင်လှစိုးမှာ တရားရုံးသို့ လာရောက်ခြင်းမရှိခဲ့ပါဘုရား။ တရားခံ၏ မိခင်ဖြစ်သူနှင့်
ညီမဖြစ်သူသာ လာခဲ့ပါသည်ဘုရား။ တရားသူကြီးမှာ တရားခံဖြစ်သူ မလာရောက်ခြင်းအကြောင်းကိုမေးမြန်းရာ
တရားခံ၏ မိခင်ဖြစ်သူက သူ့သားမှာ အိမ်တွင်မရှိကြောင်း မည်သည့်ဒေသတွင်ရှိနေကြောင်း မေးမြန်းရာ၌
မသိရှိကြောင်း ဖြေကြားသွားပါသည်ဘုရား။ တရားခံမပါ၍ ဤအမှုကိုစစ်ဆေးရန် ၁၅.၁၀.၂၀၁၅ နေ့တွင်
ထပ်မံရုံးချိန်းပါသည်။
တပည့်တော်မစိုးရိမ်သည်မှာ
နှလုံးရောဂါရှိသူ သမီးဖြစ်သူအား မောင်လှစိုးမှ တရားခွင်ကိုရှောင်တိမ်း၍ ဘာသာခြား လူမျိုးခြားများ
အများနေထိုင်ရာဒေသသို့ ခေါ်သွား၍ အစ္စလာမ်ဘာသာကို အတင်းအဓမ္မ သိမ်းသွင်းခြင်းဖြစ်မည်ကို
စိုးရိမ်ပါသည်ဘုရား။ အစ္စလာမ်ဝါဒအရ ဂျီဟဒ်လုပ်မည်ကိုလည်း စိုးရိမ်ပါသည်ဘုရား။
တပည့်တော်မ၏
သမီးဖြစ်သူအား ကလောမြို့တို့တွင် မရှိတော့ဟု သိရှိသောအခါ ကလောမြို့နယ် ရဲစခန်းသို့
လူပျောက်တိုင်ကြားပါသော်လည်း တပည့်တော်မ၏သမီး မည်သည့်ဒေသတွင်ရှိ၍ မသိရပါ။ မောင်လှစိုး၏
အသိုင်းအဝိုင်းများမှလည်း တပည့်တော်မ၏သမီးအား မတွေ့နိုင်အောင် သိုဝှက်လိမ်လည်ထားပါသည်ဘုရား။
သို့ပါသောကြောင့်
တပည့်တော်မ၏သမီးအား အမြန်ဆုံးပြန်တွေ့ရှိရေး ယခုအခါ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းပြီးသည်အားလျှော်စွာ
တရားရုံး၏ ဆုံးဖြတ်ချက်များ မှန်ကန်ပါစေရန် အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
ဆရာတော်များမှ စွမ်းနိုင်သမျှ ကူညီပေးပါရန် ရိုသေဦးခိုက်လျှောက်ထားအပ်ပါသည်ဘုရား။
ဒေါ်နွယ်နီ
ရပ်ကွက် ၃၊
ကလောမြို့နယ်
ရှမ်ပြည်နယ်တောင်ပိုင်း





No comments:
Post a Comment