Wednesday, October 7, 2015
“အမျိုးသားတိုးတက်ရေးပါတီ ကြေညာချက်”
နေ့စွဲ-၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၇)ရက်
“အမျိုးသားတိုးတက်မြင့်မားရေးပါတီ ကြေညာချက်”
==============================
နေ့စွဲ-၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၇)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တရားမျှတပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမြင့်ဆုံးနိုင်ငံခေါင်းဆောင် သမ္မတနှင့် ဝန်ကြီးများအား အမေရိကန်နိုင်ငံ မွတ်စလင်အဖွဲ့ (၁၉)ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသော Task Force USA (BTF)က အမေရိကန်နိုင်ငံ နယူးယောက်မြို့ တောင်ပိုင်းခရိုင် ဖယ်ဒရယ်တရားရုံးတွင် နိုင်ငံခြားသားများအား အမေရိကန်ပြင်ပတွင် လူ့အခွင့်ရေးချိုးဖောက်ခံရခြင်းကို ဖြေရှင်းပေးသည့်ဥပဒေ Alien Tort Claims Act (ATCA)နှင့် နှိပ်စက်ညှင်းပန်းခံရသူများကို ကာကွယ်ပေးသည့်ဥပဒေ Torture Victim Protection Act (TVPA)တို့ဖြင့် ဘင်္ဂလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်ပြီး လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားကြောင်း အမျိုးသားတိုးတက်မြင့်မားရေးပါတီ (NPP)မှ သိရှိရသည်။
ထိုလုပ်ရပ်နှင့်ပတ်သက်၍ အမေရိကန်အစိုးရအနေဖြင့် နှစ်နိုင်ငံချစ်ကြည်မှုကို အပြန်အလှန်အလေးမထားသည့်အပြင် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာအား တိုက်ရိုက်ထိပါး စော်ကားရာရောက်နေပေသည်။
မိမိတို့မြန်မာနိုင်ငံသည် မည်သည့်နိုင်ငံ၏လက်အောက်ခံမဟုတ်၊ မည်သည့်နိုင်ငံ၏ အမိန့်အာဏာနာခံနေရသော ကျွန်နိုင်ငံမဟုတ်ပေ။ မိမိတို့တိုင်းပြည်နှင့် တိုင်းပြည်ခေါင်းဆောင်အား မည်သည့်တိုင်းတပါးနိုင်ငံမှ ထိပါးစော်ကား ခြိမ်းခြောက်ကျူကျော်ခြင်း (လုံးဝ) ခွင့်မပြုပေ။
မိမိတို့ အမျိုးသားတိုးတက်မြင့်မားရေးပါတီ (NPP)အနေဖြင့်လည်း နိုင်ငံခေါင်းဆောင် သမ္မတနှင့်အတူ တစ်သားတည်းရပ်တည်မည်။ မိမိတို့နိုင်ငံသူ နိုင်ငံသားများလည်း မိမိတို့ပါတီသဘောထားနှင့် တစ်ထပ်တည်း ထပ်တူကျမည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ပါ၍ အမျိုးသားတိုးတက်မြင့်မားရးပါတီ (NPP)မှ ထိုလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ရှုံ့ချကန့်ကွက်ကြောင်း ကြေညာအပ်ပါသည်။
ဥက္ကဋ္ဌ
အမျိုးသားတိုးတက်မြင့်မားရေးပါတီ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment