ညီတူး
ရန်ကုန်၊
အောက်တိုဘာ ၉
လာမည့်ရွေးကောက်ပွဲအလွန်တွင်
နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် လက်ရှိသမ္မတဦးသိန်းစိန်ကိုသာ ရွေးချယ်ထားကြောင်း
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူက မိန့်ကြားသည်။
ထိုသို့ပြောဆိုခြင်းမှာ
ဆရာတော်တစ်ပါးတည်း၏ သဘောထားသာဖြစ်ပြီး မ.ဘ.သအဖွဲ့အစည်းတစ်ခုလုံး၏ သဘောထားမဟုတ်သော်လည်း
ဆရာတော် သံဃာတော်အများစုကမူ ထိုကဲ့သို့ သဘောထားရှိကြောင်း ဦးဝီရသူက မိန့်သည်။
“ဖွံ့ဖြိုးတိုးတက်မှုကို
အဓိကထား ဦးစားပေးချင်ကြတဲ့လူတွေက ဒေါ်စုကို ဝန်းရံကြပါ၊ အားပေးကြပါ၊ လုံခြုံရေးနှင့်
တည်ငြိမ်ရေးကို အဓိကထားတဲ့ ဦးဇင်းတို့တတွေကတော့ ဦးသိန်းစိန်ကို ရွေးချယ်ထားပါတယ်”ဟု
ဆရာတော်က ဆိုသည်။
ထို့အပြင်
မြန်မာနိုင်ငံတွင် လူများသာ နေသည်မဟုတ် သံဃာတော်များလည်း နေသည့်အတွက် နိုင်ငံ၏အနာဂတ်ကို
သံဃာများလည်း ဖန်တီးခွင့်ရှိကြောင်း ဆရာတော်က မိန့်ကြားသည်။
“လူတွေနဲ့တင်ဆိုင်တာ
မဟုတ်ဘူး။ သံဃာတော်တွေနဲ့လည်း ဆိုင်တယ်။ ဦးဇင်းအနေနဲ့ကတော့ သံဃာတွေက လူတွေလို ပါတီထောင်ခွင့်တော့မရှိဘူး။
ဒါပေမယ့် ပါတီတွေကိုတော့ ထိန်းကျောင်းသင့်တယ်။ မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ် လုပ်ပေးရမယ်လေ”ဟု
ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။
လာမည့် ၂၀၁၅
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးသမားများအနေဖြင့် အမျိုးဘာသာ
သာသနာကိုဆောင်ရွက်နေသည့် သံဃာတော်များနှင့် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြသော
လူထု၏ စိုးရိမ်သောကများကို မြင်အောင်ကြည့်တတ်ရန်လည်း ဆရာတော်က မိန့်ကြားသည်။
၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာသာရေးနှင့် နိုင်ငံရေးကို ရောထွေးမှုမဖြစ်ပွားစေရန် ဘာသာရေးကို
နိုင်ငံရေးတွင် အလွှဲသုံးမှုမပြုရန် ပြဋ္ဌာန်းထားသည်။
The
Flower News ၁၃-၁၉ အောက်တိုဘာ၊ ၂၀၁၅


No comments:
Post a Comment