Tuesday, September 1, 2015

“အတုမရှိဂျာနယ်၏ ရွေးချယ်မှု” “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၁)”

ဒေါ်ခင်ဝိုင်းကြည်
(အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးရှိပါတယ်။ တပ်မတော်သား ကိုယ် စားလှယ် ၅၆ဦးနှင့် အရပ်သားကိုယ်စားလှယ် ၁၆၈ ဦးပါ။ အရပ်သားကိုယ်စားလှယ်ထဲမှာ  ပြည်သူ့အရေးအဆွေးနွေးဆုံး၊ လူကြိုက် အများဆုံး အမတ်တွေကတော့ အတော်ကြီးကို နည်းပါတယ်။
ဦးခင်မောင်ရီ၊ ဦးစောမော်ထွန်း၊ ဦးမန်း ကံညွန့်၊ ဒေါက်တာအေးမောင်၊ ဦးဖုန်း မြင့်အောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒေါက်တာ မြတ်Óဏစိုး၊ ဦးစိုင်းသန့်ဇင်၊ ဦးစိုင်းစံမင်းနှင့် ချင်းတိုင်းရင်းသားအမတ် တွေကတော့ အဲ့ဒီ နည်းပါးတဲ့အမတ်စာရင်း ထဲမှာ ပါဝင်ကြပါတယ်။
အဲဒီအထဲမှာ ရှားရှားပါးပါး အမျိုးသမီး တစ်ယောက် ပါပါသေးတယ်။ သူကတော့ ဒေါ်ခင်ဝိုင်းကြည်ပါ။
အခုလာမည့် ရွေးကောက်ပွဲမှာ မိတ္ထီလာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်အရွေးခံမှာဖြစ်ပါ တယ်။
ဒေါ်ခင်ဝိုင်းကြည်က အခုတာဝန်ထမ်းဆောင် နေဆဲ သမ္မတကြီးအပေါ် အချက်လေးချက်နှင့် လေးစားတဲ့သူပါ။
(၁)     အေးချမ်းတဲ့ဥပဓိ(ရုပ်ရည်)ရှိလို့။
(၂)     ကျန်းမာရေးအရ နှလုံးအိမ်မှာ စက်တပ်ထားရတဲ့လူတစ်ယောက် ဖြစ်ပေမယ့် ဖိအားတွေ၊ စိန်ခေါ်မှုတွေ၊ ထိုးနှက်ချက်တွေ ကြားထဲက စိတ်ရောကိုယ်ပါ အပြုံးမပျက် ဆောင်ရွက်နိုင်လို့။
(၃)     ပြည်တွင်း၊ ပြည်ပ မိန့်ခွန်း၊ အမှာစကား၊ ဘာတွေပဲပြောပြော သူတစ်ပါးကို ထိခိုက်ပုတ်ခတ်မှုတွေမပါဘဲ အပြုသဘောနဲ့  မေတ္တာတရားကြီးမားတဲ့ စကားတွေ ဟောပြောနိုင်လို့။
(၄)     အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မှု ကြီးမားလို့ပါတဲ့။
နံပါတ်(၄)အချက်ကို ထောက်ထားစရာ တွေထဲမှာ အစိုးရအစဉ်အဆက်က အရေးတယူ မရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ ရတနာဂီရိမှာရှိတဲ့ သီပေါမင်းနှင့် စုဖုရားလတ်တို့ရဲ့ ပြတိုက်ကို တင့်တင့်တယ်တယ်ဖြစ်အောင် စီမံခဲ့တာဟာ အမျိုးကို စောင့်ရှောက်တာဖြစ်ကြောင်း။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ထိုင်းဘုန်းကြီး တွေ သိမ်းပိုက်ထားတဲ့ မြန်မာကျောင်းတွေမှာ မြန်မာဘုန်းတော်ကြီးတွေ ကျောင်းပြန်ထိုင် နိုင်အောင်လုပ်ပေးခဲ့တာ၊ နေပြည်တော်မှာ သတ္တဌာန စေတီ၊ ပုထိုးတွေ တည်ထားကိုးကွယ် ခဲ့တာတွေဟာ ဘာသာ၊ သာသနာကို စောင့်ရှောက်တာ ဖြစ်ကြောင်းတွေလည်းပါဝင် ပါတယ်။
ဒါ့အပြင် မြစ်ဆုံအရေး၊ ရိုဟင်ဂျာအရေး၊ ဝှိုက်ကတ်အရေး၊ ရွှေတိဂုံအရေးတွေမှာ ပြည်သူ့ဆန္ဒကို တန်ဖိုးထား လေးစားခဲ့တာ တွေ၊ လူမျိုးဘက်မှ ရပ်တည်ခဲ့တာတွေဟာ လည်း သမ္မတကြီးအပေါ် လေးစားစရာတွေ ဖြစ်ခဲ့သူပါ။
ဒေါ်ခင်ဝိုင်းကြည်ဟာ သမ္မတကြီးအပေါ် ယုံကြည်လေးစားသလို လက်ရှိအစိုးရ ခုတ်မောင်းနေတဲ့ နိုင်ငံရေးလမ်းကြောင်း ကိုလည်း အကောင်းမြင်သူ ဖြစ်ပါတယ်။ ''စုပေါင်းညီညာ အောင်ကြောင်းဖြာ''ဆိုတဲ့ အတိုင်း စည်းလုံးမှုတွေ၊ အချိန်ကာလအတိုင်း အတာတစ်ခု၊ ယုံကြည်မှု၊ နားလည်မှု၊ ဥပဒေ စိုးမိုးမှုတွေကို အကောင်အထည်ဖော်နိုင်မှု တွေမှာ ပြည်သူလူထုအားရတာတွေလည်း ရှိနေတယ်။ အားမရတာတွေလည်း ရှိနေတယ်။ အစိုးရမှာ ရည်ရွယ်ချက်ကောင်းတွေရှိပေမဲ့  လုပ်ဆောင်ချက်အပိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ပါဝင်နေပြီး မြေယာကိစ္စ တွေမှာတော့ အစိုးရအပေါ် လုံးဝသဘော မကျဘူးလို့ ဒေါ်ခင်ဝိုင်းကြည်က ဆိုပါတယ်။အမတ်ကြီးဒေါ်ခင်ဝိုင်းကြည် ကိုယ်တိုင် လည်း မြေယာကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော် ထဲမှာ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် တွေ ရှိနှင့်နေပြီး ဖြစ်ပါတယ်။
အခုတော့ လက်ရှိ အမျိုးသားလွှတ်တော် အမတ်ကြီး ဒေါ်ခင်ဝိုင်းကြည်ဟာ လာမည့် နိုဝင်ဘာလ  ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NDF(အမျိုးသားဒီမိုကရေစီအင်အားစု)ပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ်လောင်း အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးပြီး ပါပြီ။
အမျိုးသားရေး စိတ်ဓာတ်တွေ တက်ကြွ နိုးကြားနေတဲ့ ထီလာမြေမှာ အမျိုးစောင့် ဥပဒေအကြောင်း ထောက်ခံသူတွေလည်း ပေါများ၊ အမျိုးစောင့်ဥပဒေဟောပြောပွဲမှာ ဟောပြောခဲ့သေးတာကြောင့် ချစ်သူခင်သူလည်း ပေါများကာ ထီလာသားတွေက သောင်းသောင်း ဖြဖြ ကြိုဆိုနေကြပါပြီ။
ဆရာတော်၊ သံဃာတော်တွေက အင်တိုက် အားတိုက် အားပေး လမ်းညွှန်ခဲ့ကြပြီး ဒေါ်ကြည်ကြည်သိန်း၊ ကိုဝင်းဇော်၊ တိုင်း ဒေသကြီး တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးသန်းစိုး၊ အခြားတိုင်းဒေသကြီး အမတ်လောင်း တစ်ဦးကပါ တစ်လုံးတစ်ခဲတည်း အားပေးကူညီ နေကြပါပြီ။ အခြားဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့တွေကလည်း ဝမ်းသာအားရ ရှိလှတာကြောင့် ပြည်သူတွေ စိတ်တိုင်းကျ အဖြေထွက်မယ်လို့ ယုံကြည်နေရပါပြီ။
လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်ဖြစ်တဲ့ NDF ပါတီကိုယ်စားပြု မိတ္ထီလာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဒေါ်ခင်ဝိုင်းကြည်ရဲ့ သတ္တိ ဗျတ္တိ၊ လက်ရုံးရည် နှလုံးရည်၊ အမျိုးသားရေး ခံယူချက်၊ နိုင်ငံရေး ယုံကြည်ချက်၊ ရပ်တည် ချက်၊ လုပ်ဆောင်ချက်တွေကြောင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးမှ စီစဉ်ထုတ်ဝေတဲ့ အတုမရှိ အမျိုးသားရေး ဂျာနယ်က ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ် လောင်းအဖြစ် ဒေါ်ခင်ဝိုင်းကြည်ရဲ့ ကိုယ်ရေး အကျဉ်းနှင့် နိုင်ငံရေးဖြတ်သန်းမှုတို့ကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။)
အယ်ဒီတာအဖွဲ့
အတုမရှိ အမျိုးသားရေးသတင်းဂျာနယ်
-----------
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၁)
ဒေါ်ခင်ဝိုင်းကြည်
၁၉၄၇ ခုနှစ်ဖွား။
ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ တောင် အုန္နဲဘုတ်ရွာဇာတိ။
မန္တလေး၊ အနောက်ပြင်၊ အလ္လကပ္ပ ဘုန်းကြီးကျောင်းမှာ သင်ပုန်းကြီး၊ ရတနာ ရွှေချိုင့်၊ ပရိတ်ကြီးအပါအဝင် ဆယ်စောင်တွဲ ဗုဒ္ဓဘာသာ မြန်မာစာ အခြေခံစာပေ သင်ယူခဲ့။
အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင် ရပ်ကွက်၊ အလယ်တန်းကျောင်း၊ အမှတ်(၄) အထက၊ ရွှေမန်းအလွတ်ပညာသင်ကျောင်း တို့မှာ ဆယ်တန်းအောင်သည်အထိ သင်ယူခဲ့။
မန္တလေး၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဒုတိယနှစ် အထိ ပညာသင်ယူခဲ့။
အောင်မြေသာစံမြို့နယ်၊ ဗရင်ဂျီဝင်း၊ အထက (၁ဝ)မှာ အလယ်တန်းဆရာမ။
မတ္တရာ ပါတီယူနစ်၊ လမ်းစဉ်လူငယ် စည်းရုံးရေးကော်မတီ လုပ်အားပေး စည်းရုံး ရေးမှူး။
စက်မှု(၁)၊ စစ်ကိုင်း၊ ရွာသစ်ကြီး၊ ချည်မျှင်စက်၊ စီမံခန့်ခွဲရေးဌာန၊ အောက်တန်း စာရေး။
ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၊ စံပြဆု(ရွှေတံဆိပ်၊ ငွေတံဆိပ်)၊ ဆုပေါင်း များစွာရရှိခဲ့။
၁၉၇၉ခု၊ စက်မှု(၁)၊ အထည်အလိပ် လုပ်ငန်း (TIC) ၊ ရန်ကုန်ရုံးချုပ်၊ စီမံခန့်ခွဲရေး ဌာန။
၁၉၈ဝခု၊ စက်မှု(၁)၊ ဌာနတူ ဦးခင်မောင် မြင့်နှင့် အိမ်ထောင်ကျ၊ သမီး(၂)ယောက် ထွန်းကားခဲ့။
၁၉၈၈မှာ စက်မှု(၁)ဝန်ကြီးဌာန ဗဟို အဖွဲ့ ဒီမိုကရေစီရရှိရေးကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားသမဂ္ဂတွဲဘက်အတွင်းရေးမှူး။
စက်မှုဝန်ကြီး ဗိုလ်ချုပ်စိန်အောင် လက်ထက် ၁၉၈၈ မှာ အထူးပင်စင်ဖြင့် အနားပေးခံခဲ့ရ။
မန္တလေး၊ အရှေ့တောင်မြို့နယ်၊ NLD ပါတီ အရွေးခံအမတ်လောင်း (၁ဝ)ယောက် ထဲမှာ နံပါတ်တစ်ပြေးသူ တစ်ဦးတည်းသော အမျိုးသမီးအဖြစ် ရေပန်းစားခဲ့ရာမှ မိမိထက် ပို၍ စွမ်းဆောင်နိုင်မည့်သူအဖြစ် ဦးအုန်းကြိုင် ကို တင်မြှောက်ကာ ရွေးကောက်ပွဲမဝင်ခဲ့။ ဦးအုန်းကြိုင် ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ အနိုင်ရသွား။
၁၉၉၅မှ ၂ဝ၁ဝအထိ မန္တလေး ကုသိုလ်တော်  ရိပ်သာ ဆရာတော်ဦးဝေပုလ္လထံမှာ မိခင်နှင့် အတူ ယောဂီဝတ်၊ ဥပုသ်သတင်းသီလ ဆောက်တည်၊ ကုသိုလ်ဘာဝနာပွားများ။
၂ဝ၁ဝမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်းတို့ဦးဆောင်သော NDF ပါတီ ကိုယ်စားပြု ရန်ကုန်တိုင်း မဲဆန္ဒနယ်(၁)၊ ဒဂုံအရှေ့၊ ဒဂုံမြောက်နှင့် မြောက်ဥက္ကလာပ တို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရ။ ပြိုင်ဘက်လေးယောက် တွင် ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးတင်ခ(တက္ကသိုလ် တင်ခ)လည်းပါဝင်။
၁၉၉ဝခုနှစ်တုန်းက ဝင်ပြိုင်လျှင် နိုင်ချေ ရှိသော်လည်း ပြည်သူ့အတွက် မိမိထက် လုပ်ပေးနိုင်မည်ယုံကြည်၍ မိမိနေရာတွင် ဦးအုန်းကြိုင်ကို အစားထိုးပေးနိုင်ခဲ့။
၂ဝ၁ဝတွင်မူ ပြည်သူကိုယ်စားပြုမည့်သူ အားနည်းနေ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်။
ဒေါ်အောင်ဆန်းစုကြည်လည်း စင်ပေါ် မတက်သေး၊ NLD ပါတီလည်း မပေါ်ပေါက် သေးသော ၈၈ အရေးအခင်းတွင် တက်ကြွစွာ ပါဝင်ခဲ့သလို ယခုအချိန်မှာလည်း နိုင်ငံ့အရေး ကို အားသွန်ခွန်စိုက် လုပ်ချင်၍ ၂ဝ၁ဝမှာ ဝင်ရောက် အရွေးချယ်ခံခဲ့ခြင်းဖြစ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် အမျိုးသမီးများအရေး၊ ကလေးသူငယ်များအရေး၊ လူငယ်လူရွယ်များ အရေး၊ တောင်သူလယ်သမားများအရေး၊ အလုပ်သမားများအရေး၊ ရဟန်းသံဃာတော် များအရေး စသည့် အလွှာပေါင်းစုံအတွက် အဆိုပြုခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်ခဲ့။
ရဟန်းသံဃာများအရေး ဆောင်ရွက်ရာ၌   ''ဆရာတော်၊ သံဃာတော်များ၊ နိုင်ငံခြာြး<ွကလျှင်  ဗီဇာလျှောက်ရသည့်အခါ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာယူရသည့်  ကိစ္စ'' လွှတ်တော်တွင်ပြရာ လဝကဌာနရော၊ နိုင်ငံခြားရေးဌာနကပါ ထိုစည်းမျဉ်းကို ရုပ်သိမ်းပေးခဲ့ရသည့် အဆိုပြုခြင်းလည်း ပါဝင်ခဲ့။
လူဦးရေ ထိန်းညှိခြင်း၊ ဘာသာကူးပြောင်း ခြင်းဆိုင်ရာ ''အမျိုးစောင့်ဥပဒေ''ကို ထောက်ခံ သည့်ဘက်မှ ပြတ်သားခိုင်မာစွာ ဆွေးနွေး ရပ်တည်ခဲ့။ PR စနစ်ကို အမျိုးသားလွှတ်တော် အတွက် ဥပဒေကြမ်းအဆင့် ရောက်သည် အထိ  အဆိုပြုတင်ပြနိုင်ခဲ့။
၅၉(စ)ကို လုံးဝအပြင်မခံနိုင်သည့်အပြင် ထပ်မံတိုးချဲ့သင့်သည်ဟု ခံယူထား။ ရပ်ကွက် လူကြီးဖြစ်ထိုက်သည့် အရည်အချင်းတွင် အကျင့်စာရိတ္တကောင်းမွန်ရမည်ဟု ပါသော် လည်း သမ္မတဖြစ်ထိုက်သည့် အရည်အချင်း တွင် အကျင့်စာရိတ္တ ကောင်းမွန်ရမည်ဟု မပါ၍ ပို၍တင်းကြပ်သင့်သည်ဟု တင်ပြ နိုင်ခဲ့။
အမျိုးစောင့်ဥပဒေကို လူ့အခွင့်အရေး နှင့်မညီ၊ ခွဲခြားဆက်ဆံရာရောက်သည်၊ စီဒေါနှင့်မညီဟု ပြည်တွင်းပြည်ပ၊ လွှတ်တော် တွင်း လွှတ်တော်ပ၌ ပြင်းထန်စွာ ကန့်ကွက် နေသည့်ကြားမှ အောင်မြင်စွာရပ်တည်နိုင်ခဲ့၍  သမိုင်းတွင် ကျန်ရစ်မည့် လုပ်ဆောင်ချက် အဖြစ် ဂုဏ်ယူဝင့်ကြွားလျက်ရှိ။
၂ဝ၁၅ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင်   မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင်မည်။
မိတ္ထီလာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ-
(၁)     ဒေါက်တာမောင်သင်း (ပြည်ခိုင်ဖြိုး)
(၂)     ဒေါက်တာဝင်းစိုးဦး (NLD)
(၃)     ဦးခင်ကိုလတ် (ညီညွတ်သော ဒီမို
          ကရက်တစ်ပါတီ)
(၄)     ဒေါ်ခင်ဝိုင်းကြည် (အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ)တို့ဖြစ်။
အယ်ဒီတာအဖွဲ့

အတုမရှိဂျာနယ်


No comments:

Post a Comment