Saturday, September 26, 2015

“ထိုင်းသံဃာတော်များ သြဝါဒခံယူ”

20.9.2015 တော်သလင်းလဆန်း(၇)ရက် မန္တလေးမှာကျင်းပတဲ့ သံဃာသောင်းချီဘုံဆွမ်းလောင်းပွဲအပြီး ညနေ 6:00 နာရီမှာ ကြွရောက်လာကြတာပါ။ အလှူလာလုပ်တဲ့ အဖွဲ့ထဲက သံဃာတော်ကုန်ဖြစ်ပြီး လူပုဂ္ဂိုလ်များထဲမှ အမျိုးသမီးတစ်ယောက်သာ ပါဝင်ပါတယ်။
ဓမ္မသဟာယကျောင်းမှာပဲ လက်ခံတွေ့ဆုံပြီး သြဝါဒပေးပါတယ်။
ထိုင်းဘာသာဖြင့် ထားဝယ်ဦးဇင်းလေးတစ်ပါးက ဘာသာပြန်ပေးပြီး အင်္ဂလိပ်လိုမေးတာတွေကိုတော့ ရွှေကျင်တိုက်မကြီးမှ ဆရာတော်ဘုရားက အင်္ဂလိပ်လိုဘာသာပြန်ပေးပါတယ်။ အဓိကကတော့ ထိုင်းတောင် ပိုင်းကိစ္စအရေးနှင့် ထိုင်းနိုင်ငံ ထေရဝါဒသာသနာ တိုးတက်ထွန်းကားရေးတို့ဖြစ်ပါတယ်။








No comments:

Post a Comment