Thursday, September 24, 2015

သို့ ဝန်ကြီးချုပ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မန္တလေးမြို့။

ရက်စွဲ။  ။ ၁၃၇၇ခု၊ တော်သလင်းလဆန်း(၁၁)ရက်၊ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်။
အကြောင်းအရာ။         ။ အစ္စလာမ်ဘာသာဝင်တို့၏ ဘက္ကရီအစ်နေ့၌ ဥပဒေမဲ့စွာ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမှ တားမြစ်ပေးပါရန် မေတ္တာရပ်ခံခြင်းကိစ္စ။
၁။ ၂၅-၉-၂၀၁၅ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်တို့၏ ဘက္ကရီအစ်နေ့ကျရောက်မည်ဖြစ်၍ မြန်မာနိုင်ငံတွင်မူ မကြာသေးမီက သဘာဝဘေးအန္တရာယ်ခံထားရပြီး ကျွဲ နွား ဆိတ် စသော တိရစ္ဆာန်များစွာ သေကြေပျက်စီးခဲ့ရ သည်မှာ မြန်မာတွင်သာမက ကမ္ဘာကပင်သိရှိပြီးဖြစ်သည်။ ၄-၁၀-၂၀၁၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်များနေ့ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅ နိုင်ငံကျင်းပမည်ဟု သိရပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီး၌ပင် တိရစ္ဆာန်များအတွက် မေတ္တာ ကရုဏာ သနားကြင်နာမှုများဖြင့် အခွင့်အရေးတစ်ခုပေးခဲ့သည်ကို ထောက်ဆ၍ မြန်မာနိုင်ငံအတွင်းမှာ ကျရောက်မည့် ဘက္ကရီအစ်နေ့တွင်လည်း ကျွဲ နွား ဆိတ် စသော တိရစ္ဆာန်များအား ရက်စက်စွာ လည်လှီးသတ်ဖြတ်မှုကို အထူးပင် တားမြစ်ပေးသင့်ပါသည်။
၂။ အထူးအားဖြင့် သဘာဝဘေးအန္တရာယ်အတွင်းကျရောက်လျက်ရှိသော မြန်မာနိုင်ငံအတွင်းဝယ် တောင်သူလယ်သမားများအတွက် တိရစ္ဆာန်များစွာဆုံးရှုံးလျက်ရှိရာ ယခုကဲ့သို့ ဘက္ကရီအစ်နေ့တွင် တောင်သူ လယ်သမားများ၏ကျေးဇူးရှင်၊ မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ကျေးဇူးရှင်များဖြစ်သော ကျွဲ နွား ဆိတ် စသော တိရစ္ဆာန်များအား လည်လှီးသတ်ဖြတ်ခြင်းမှာ မြန်မာနိုင်ငံအတွက် အထူးပင်နစ်နာဆုံးရှုံးမှုကြီးတစ်ရပ်ပင် ဖြစ်သည်။ ထို့အပြင် ကိုဘာရ်နီ သားသတ်ပွဲပုလုပ်ပါက မလိုလားအပ်သော လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်။
၃။ သို့ဖြစ်ပါသောကြောင့် အစိုးရဌာန ဝန်ကြီးများအနေဖြင့် မြန်မာနိုင်ငံအတွက် မဆုံးရှုံးသင့်သည်များကို မဆုံးရှုံးရလေအောင် ၂၀-၉-၂၀၁၅ ရက်နေ့၌ ဘက္ကရီအစ်နေ့ကိုပြုလုပ်ရာတွင် သတ်မှတ်ထားသော ဥပဒေဘောင်အတွင်းမှ ခွင့်ပြုချက်များကိုသာ ခွင့်ပြု၍ ဗလီများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်အတွင်း စသည်များ၌ တိရစ္ဆာန်များကို လည်လှီးသတ်ဖြတ် ကျူးလွန်ဖောက်ပျက်သောသူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)
ဦးစန္ဒာသီရိ
အထွေထွေအတွင်းရေးမှူး
ဦးန္ဒက
ဥက္ကဋ္ဌ
မိတ္တူကို-
ဝန်ကြီး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာန
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီး၊ လူမှုကူညီရေးဝန်ကြီးဌာန
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီး သာသနာရေးဝန်ကြီးဌာန
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

ရုံးလက်ခံ

No comments:

Post a Comment