Monday, September 21, 2015

“သင်ပန်းကုန်း ညညရပ်ကွက် နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ”


မန္တလေး၊ စက်တင်ဘာ ၂၀

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက် ညည (၃၇)ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၂၀.၉.၂၀၁၅)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီ၊ ညည(၃၇)ရပ်ကွက်၊ သာသနဝေပုလ္လဒီပါဧမြဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အခမ်းအနားသို့ အသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန(နာယက)၊ အရှင်ဉာဏိဿရ (ဟောပြောတာဝန်ခံ)၊ ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေးမှူး)တို့ တက်ရောက်ကြပြီး အရှင်ဉာဏိဿရနှင့် အတွင်းရေးမှူးဒေါ်ကြင်ကြင်မြိုင်တို့မှ စီးပွားရေး၊ ကြီးပွားရေးဆိုင်ရာအသိပညာများ ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲပြီးနောက် အသင်းဝင်များအား စုဘူးငွေထုတ်ပေးရာ ငွေစုပတ်ပြည့်ပြီးဖြစ်သည့် အသင်းဝင်(၇၃)ဦးတို့အား တစ်သိန်းကျပ်စီနှင့် (၂၇)ဦးတို့အား (၅)သောင်းကျပ်စီ ထုတ်ပေးခဲ့ကြောင်း သိရသည်။

 သင်ပန်းကုန်း ညညရပ်ကွက် နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် (၅)ခုမြောက်စုဘူးဖြစ်ပြီး ဆရာတော်မှ (23.1.2015)ရက်နေ့တွင် ဦးရေ(၅၀) တစ်ဦိးလျှင် (၅)သောင်းကျပ်နှုန်းဖြင့် (၂၅)သိန်း မတည်ကာ တည်ထောင်ပေးခဲ့ကြောင်း၊ ယခုအခါ ညညရပ်ကွက်၌ အသင်းဝင်ပေါင်း(၁၃၀)ဦးအထိရှိလာပြီး ဆရာတော်အနေဖြင့် စုဘူးတစ်ခုစီအတွက် သိန်း(၁၀၀)စီအထိထောက်ပံ့လှူဒါန်းရန် ရည်ရွယ်ထားသည်ဟုလည်း သိရပါသည်။

နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရကာ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံအတွက်သုံးပြီး (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် သုံးစွဲကြောင်း သိရသည်။ 

ဝီရခေမိန်(နဂါးနီစုဘူးသတင်းထောက်)



အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။

ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။

ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။

အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။

ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။

အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။

ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။ 

လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။


(ဝီရသူ-မစိုးရိမ်) 




No comments:

Post a Comment