Monday, September 28, 2015

“ခေါက်ကြည့်ပြီးမှ ရွေးချယ်ပါ(၁၀)”

တစညပါတီ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမျိုးသား လွှတ်တော်အမတ်လောင်း ဦးထွန်းကြည်ကို တီးခေါက်ကြည့်သမျှ သိရတာလေးတွေ တင်ပြပေးလိုက်ပါတယ်။
နေ့စဉ် လိုင်းကောင်းရင်းကောင်းသလို တင်ပြပေးသွားမှာပါ။
စည်းရုံးရေးအခက်အခဲရှိတဲ့ ကိုယ်စားလှယ်တွေအတွက် ငွေကြေးကုန်ကျစရာမလိုဘဲ စည်းရုံးရေးဆင်းပြီးသား ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း တစ်စုတစ်စည်းတည်းအကဲခတ်ခွင့်ရမှာဖြစ်ပါတယ်။
မဲဆန္ဒနယ်တစ်ခုစီမှာ ယှဉ်ပြိုင်မည့် အမတ်လောင်းအားလုံးရဲ့ အင်တာဗျူး ရုပ်/သံ ဖိုင်လ်တွေကိုလည်း ဆိုင်ရာမဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူတွေထံ ဓမ္မဒါနဖြန့်ဝေသွားမှာဖြစ်ပါတယ်။
အိုးကောင်းမကောင်းသိချင်ရင် ခေါက်ကြည့်ပြီးမှ သိရသလို
အမတ်ကောင်း မကောင်းစမ်းသပ်တဲ့အခါမှာလည်း တီးခေါက်ကြည့်ဖို့ လိုပါတယ်။
အခု တင်ပြထားတာတွေကတော့ မန်း မဘသ အစီစဉ်နှင့် ထုတ်ဝေဖြန့်ချီနေတဲ့ အတုမရှိဂျာနယ်လ်သတင်း ထောက်တွေရဲ့ ပဏာမတီးခေါက်ချက်တွေပဲဖြစ်ပါတယ်။
ဆက်လက် ဆွေးနွေးလိုပါက ဖုန်းဆက်ဆွေးနွေးနိုင်ပါတယ်။
အမတ်လောင်းများ ကတိတည်ပါစေ။
ပြည်သူများ ရွေးချယ်တတ်ပါစေ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
28.9.2015
PM 7:12

https://www.youtube.com/watch?v=PD3eH2LJZro&hd=1

No comments:

Post a Comment