သတင်းရေးသားသူက
မမယ်တင့်တဲ့။ မိန်းကလေးတစ်ယောက်ပါ။
မူလသတင်းတုန်းက
ဗုဒ္ဓဘာသာကို ဘယ်လိုသဘောထားလဲ ဗုဒ္ဓဘာသာကိုဘယ်လိုမြှောက်စားမှာလဲ ဆိုတဲ့မေးခွန်းတွေ မ.ဘ.သ
က မေးတယ်ဆိုပြီး အခြားသူတွေကို ကွန်မန့်တောင်းတော့ အခြေခံဥပဒေနှင့် မညီဘူးဆိုပြီး ဖြစ်ကုန်တာကြောင့်
ပထမနေ့
အထောက်အထားပြရန် မပြနိုင်က ဖြေရှင်းရန် မဖြေရှင်းနိုင်ရင် အမှုရင်ဆိုင်ရန် အယ်ဒီတာချုပ်ထံ
အီးမေးလ်ပို့လိုက်ပါတယ်။
မမယ်တင့်က
ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပါတယ်။ NDF ပါတီ တိုင်းဒေသကြီးအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးကျော်အောင်က အဲဒီလို ဖြေလို့ ရေးမိတာအကြောင်းပြပါတယ်။
Youtube
မှာတင်ထားတဲ့ ဦးကျော်အောင်နဲ့အင်တာဗျူးကို ရှာပြီးကြည့်ခိုင်းလိုက်ပါတယ်။
အဲဒီလိုပါရင်
မင်းကံကောင်းမယ် မပါရင် မင်းဖြေရှင်းပေတော့ ပြောလိုက်ပါတယ်။
နောက်တစ်နေ့
မမယ်တင့် ဖုန်းဆက်ပါတယ်။ အဲဒီလိုမပါဘူး၊ ဒါပေမယ့် သဘောသွားတူတယ်လို့ ဆိုပါတယ်။
အမျိုး
ဘာသာ သာသနာအပေါ် ဘယ်လိုမြင်လဲမေးတာနဲ့ ဗုဒ္ဓဘာသာကို ဘယ်လိုသဘောထားလဲ မေးတာ မတူတဲ့အကြောင်း၊
ဗုဒ္ဓဘာသာကို ဘယ်လိုမြှောက်စားမှာလဲဆိုတာ လုံးဝမပါတဲ့အကြောင်း ပြောပြီး ဖြေရှင်း ခိုင်းလိုက်ပါတယ်။
အယ်ဒီတာချုပ်ထံ
မမယ်တင့် သဘောထားကို ထပ်မံ အီးမေးလ်ပို့လိုက်ပါတယ်။
နောက်တစ်နေ့
မမယ်တင့်က ဖုန်းဆက်လာတဲ့အခါ ဝီရသူကို ရေးတုန်းက သည်းခံခဲ့တယ်။ အခုဟာက မ.ဘ.သကို ထိခိုက်လာလို့
အဖွဲ့အစည်းအနေနဲ့ သည်းခံမှာမဟုတ်ဘူး။ အယ်ဒီတာချုပ်နဲ့ညှိပြီး အကြောင်းပြန် ပါလို့ပြောလိုက်တယ်။
နောက်တစ်နေ့
မမယ်တင့်က ပုံစံတစ်မျိုးနဲ့ သတင်းပြန်ကြားပေးမယ်လို့ ဆိုလာပါတယ်။ ပြကြည့်လို့ ပြောလိုက်ပါတယ်။
သူပို့တဲ့အီးမေးလ်ကို
ဖတ်ပြီး ဖြည့်စွက် ပြင်ဆင်ပေးလိုက်ပါတယ်။
ကျေနပ်ပြီလားလို့လည်း
မေးပါတယ်။
ဒီလောက်ဆိုရင်
ရပါပြီလို့ ဖြေလိုက်ပါတယ်။
ပြင်ဆင်ထားတဲ့သတင်းက
အောက်ပါအတိုင်းပါပဲ။
တူမောရိုးဂျာနယ်မှာလည်း
VOICE သတင်းအမှားကြီးကို ထပ်မံရေးထားလို့ အကြောင်းကြားထားပါပြီ။
မ.ဘ.သ
ကတော့ ပြတ်သားတယ်နော်။
စော်ကားရဲရင်
စော်ကားကြည့်ပေါ့။
ဝီရသူ(မစိုးရိမ်)
29.9.2015
PM
10:19
“ကိုယ်စားလှယ်လောင်းများကို
အမျိုးဘာသာသာသနာနှင့်ပတ်သက်၍ သဘောထားမေးမြန်းခြင်းမှာ မည်သည့်ဥပဒေနှင့်မျှ ငြိစွန်းခြင်းမရှိဟု
မဘသဆို”
မန္တလေး၊
စက်တင်ဘာ ၂၈
အမျိုး
ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)က လွှတ်တော်ကိုယ်စားလှယ်များ၏ အမျိုး၊ ဘာသာ၊ သာသနာနှင့်ပတ်သက်၍
သဘောထားခံယူချက်မေးမြန်းခြင်းသည် မည်သည့်ဥပဒေနှင့်မျှ ငြိစွန်းခြင်းမရှိ ကြောင်း မဘသ(ဗဟိုဦးဆောင်)ဆရာတော်ဦးဝီရသူ(မစိုးရိမ်)က
မိန့်ကြားသည်။
မန္တလေးခရိုင်အတွင်းရှိ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်းများကို
တွေ့ဆုံ၍ အမျိုး ဘာသာ သာသနာနှင့် ပတ်သက်၍သဘောထားမေးမြန်းရာတွင် ဗုဒ္ဓဘာသာကို ဘယ်လိုမြှောက်စားမှာလဲဟု
သီးခြားကွက်၍ မေးမြန်းခြင်းမဟုတ်၊ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး၏ အမျိုး ဘာသာ သာသနာအသီးသီးကို
ခြုံငုံ၍ မေးမြန်းခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
အများပြည်သူ
ရွေးချယ်မဲပေးရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် မန္တလေးခရိုင်အတွင်းရှိ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းနှင့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံးနှင့် တွေ့ဆုံကာ မဘသအဖွဲ့အနေနှင့်ကိုယ်စားလှယ်လောင်း၏
ကိုယ်ရေးရာဇဝင်၊ လုပ်ဆောင်ချက်များ၊ ကျန်းမာရေး၊ ပညာရေး မူဝါဒများစသည့်အချက်များ မေးမြန်းနေပြီး
ကိုယ်စားလှယ်အားလုံးမေးပြီးပါက အများပြည်သူအတွက် လက်ကမ်းစာစောင်နှင့် စီဒီခွေများဖြန့်ဝေသွားမည်ဖြစ်ကြောင်း
မဘသအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပါတီများမှ
လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀ ကျော်ကိုမေးမြန်းထားပြီး လတ်တလောတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ
ကိုယ်စားလှယ်လောင်းများကို စတင်မေးမြန်းနေပြီဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီသို့
စာတင်ရန်စီစဉ်နေကြောင်း မဘသ(ဗဟိုဦးဆောင်)ဆရာတော်ဦးဝီရသူ(မစိုးရိမ်) က မိန့်ကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနှင့်
ပါတီကိုယ်စားလှယ်လောင်းများ၏ သဘောထားများနှင့်ပတ်သက် ၍ လူထုကိုပြောပြနေပြီဖြစ်သော်လည်း
မဘသအဖွဲ့ကမေးမြန်းမည်ဆိုပါက စဉ်းစားမည်ဖြစ်ကြောင်း အဆိုပါ ပါတီမှ မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ
ဦးတင်ထွဋ်ဦးက ပြောကြားသည်။


No comments:
Post a Comment