အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေးအဖွဲ့ မ.ဘ.သ(ဗဟို)ရုံးတည်ရှိရာ အင်းစိန်ရွာမပရိယတ္တိစာသင်
တိုက်၌ 31.8.2015 နေ့က ဗဟိုဦးဆောင်ဆရာတော် များ လပတ်အစည်းအဝေးနှင့် အထူးအစည်းအဝေး
ပွဲကျင်းပခဲ့ပါသည်။
၎င်းအစည်းအဝေး၌
ရေဘေးသင့်ဒေသများ၊ ပြန်လည်ထူထောင်ရေးကော်မတီနှင့် ဗဟိုကော်မတီ တို့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး
အမျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနားကျင်းပရေးကိုလည်း ဆွေးနွေးတိုင်ပင် ဆုံးဖြတ်
ခဲ့ကြပါသည်။
၎င်းအစည်းအဝေးသို့
တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဗဟိုဦးဆောင်ဆရာတော်များ မ.ဘ.သအဖွဲ့ဝင် အမျိုးသား၊
အမျိုးသမီး၊ ဥပါသကာ၊ ဥပါသိကာများနှင့် ရေဘေးသင့်ဒေသများမှ ဆရာတော် သံဃာတော်များ
တက်ရောက်ကြပါသည်။
မဘသဥက္ကဋ္ဌဆရာတော်ကြီးက - ''မြန်မာနိုင်ငံတွင်
အဖွဲ့အစည်း အမျိုးမျိုး မြောက်များစွာ ရှိသော်လည်း ယခု ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ
လုပ်ကိုင်ရာတွင် မဘသအဖွဲ့များ၏ လှုပ်ရှားမှုသည် ရှေ့ဆုံးက ဖြစ်ကြောင်း၊ မဘသက
ကူညီရာတွင် ဗုဒ္ဓဘာသာဝင်များကိုသာ မက ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်များကိုပါ
ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့များမှာ ဟန်ပြ သဘောသာ
ဖြစ်ပြီး မည်သည့်ကူညီမှုကိုမျှ မပေးနိုင်ခဲ့ကြောင်း၊ မဘသအဖွဲ့အစည်းများကသာ ပစ္စည
်းအင်အား ငွေအင်အား သန်းပေါင်းများစွာ ကူညီနိုင်ခဲ့ကြောင်း၊ မဘသများ
ပါဝင်ကူညီသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အမျိုးစောင့် ဥပဒေလေးရပ်လုံး
အောင်မြင်သွားပြီးဖြစ်ကြောင်း'' စသည်ဖြင့်အဖွင့်သြဝါဒစကားမိန့်ကြားတော်မူပါသည်။
ဆက်လက်၍ရေဘေးသင့်ပြည်သူများအားကူညီထောက်ပံ့မှုပြုလုပ်ရင်း
ကွယ်လွန်သွားကြသော လှိုင်မြို့နယ် မဘသ ဒု-ဥက္ကဋ္ဌအပါဝင်
သံဃာတော်နှင့်လူပုဂ္ဂိုလ်များအတွက် သတိသံဝေဂပွားတော်မူကြပါသည်။
ဆက်လက်၍ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများစွာတို့တွင် မဘသအနေနဲ့ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းဆွေးနွေးတော်မူကြပါသည်။
ဆက်လက်၍ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများစွာတို့တွင် မဘသအနေနဲ့ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းဆွေးနွေးတော်မူကြပါသည်။
မဘသအနေဖြင့်
ပြန်လည်ထူထောင်ရေးများစွာတို့တွင် စာသင် ကျောင်းများ ကလေးများ
အမြန်ကျောင်းပြန်တက်ရေးကို အဓိကထားသော ပညာရေးဆိုင်ရာထူထောင်မှုနှင့် သောက်သုံးရေ
အဆင်ပြေနိုင်ရေးကိစ္စကိုသာ ထူထောင်ပေးရန် သဘောတူ ဆုံးဖြတ်ကြပါသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်း ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်
ကော်မတီဖွဲ့စည်းရန်ကိုပါ ဆွေးနွေးခဲ့ကြပါသည်။
ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးကော်မတီ
စစ်ကိုင်းတိုင်ဒေသကြီး ချင်းတွင်းမြစ်အနောက်ဖက်နယ်မြေ ဥက္ကဋ္ဌအဖြစ် ကလေးမြို့ နေသာပရဟိတဆရာတော် ဦးဓမ္မိကကို လည်းကောင်း၊ ချင်းတွင်းမြစ်အရှေ့ဘက်နယ်မြေအတွက် ဥက္ကဋ္ဌ အဖြစ် စစ်ကိုင်းမြို့မ လေးကျွန်းမြေအုဋ္ဌ်ကျောင်း ဆရာတော် ဦးဓမ္မပိယကိုလည်းကောင်း ရွေးချယ်ခဲ့ကြပါသည်။

ရခိုင်ပြည်နယ်အတွက်
မင်းပြားမြို့မှ ဦးဣန္ဒာစရိယနှင့်ပုဏ္ဏာကျွန်းမြို့မှ ဦးဣန္ဒဝံသတို့အား ဥက္ကဋ္ဌ၊
စစ်တွေမြို့မှ ဦးဇာဂရတို့ အတွင်းရေး၊ ၄င်းတို့အား ရွေးချယ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွက်
ပုသိမ်မြို့မှ ရွှေမစိုးရိမ်ဆရာတော် ဦးဝိဇယအား ဥက္ကဋ္ဌ၊ ဦးဝိစက္ခဏ ရေးကြည်၊
ဦးတိက္ခိန္ဒြိယ ကျောင်းကုန်းတို့အား အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီးအတွက် ကော်မတီဖွဲ့စည်းမှုကို အရှင်ပါကဋက တာဝန်ဖွဲ့စည်းပြီး ပို့ပေးမည်ဖြစ်ကြောင်း တင်ပြ ပါသည်။
မကွေးတိုင်းဒေသကြီးအတွက် ကော်မတီဖွဲ့စည်းမှုကို အရှင်ပါကဋက တာဝန်ဖွဲ့စည်းပြီး ပို့ပေးမည်ဖြစ်ကြောင်း တင်ပြ ပါသည်။
ရေးဘေးသင့်ရာ
အထက်ပါဒေသများအတွက် တာဝန်ယူထားကြသောဆရာတော်များက ရေးဘေးသင့်ရာဒေသများသို့
သွားရောက်ကာ စာကျောင်းများပျက်စီးမှုနှင့်လိုအပ်သော ပြင်ဆင်မှုများ၊
သောက်သုံးရေအတွက် လိုအပ်ချက်များကို အသေးစိတ် စာရင်းဇယားပြုလုပ်၍ ဗဟိုကော်မတီသို့
အမြန်ဆုံးပို့ကြရမည် ဖြစ်ပါသည်။
၎င်းတို့အသီးသီး၏ တင်ပြလာသော ပညာရေးနှင့်သောက်သုံးရေးကိစ္စရပ်များကို ဗဟိုကော်မတီက ဆွေးနွေး၍ ထောက်ပံ့ပေးနိုင်မှုအတိုင်းအတာပေါ်မူတည်ကာ အမြန်ဆုံးလုပ်ငန်းဖေါ်ဆောင်သွားမည် ဖြစ်ပါသည်။
၎င်းတို့အသီးသီး၏ တင်ပြလာသော ပညာရေးနှင့်သောက်သုံးရေးကိစ္စရပ်များကို ဗဟိုကော်မတီက ဆွေးနွေး၍ ထောက်ပံ့ပေးနိုင်မှုအတိုင်းအတာပေါ်မူတည်ကာ အမြန်ဆုံးလုပ်ငန်းဖေါ်ဆောင်သွားမည် ဖြစ်ပါသည်။
ရေးဘေးသင့်ရာဒေသများ
ပြန်လည်ထူထောင်ရေး ဗဟိုကော်မတီ
၁။ မဘသ (ဗဟို) ဥက္ကဋ္ဌ၊ အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ (သြဝါဒါစရိယဆရာတော်)
၂။ ရှင်မတောင်ဆရာတော် ဘဒ္ဒန္တကဝိန္ဒောဘာသ (နာယကဆရာတော်) ဝ၉-၂၅၆၅ဝ၄၇ဝ၇
၃။ ဆရာတော်ဦးသုဇာတ ပုသိမ် ဝ၉-၅၂ဝ၂၂ဝ၆
၎။ ဆရာတော် ဦးပညာဝရ သိမ်ဇရပ် ဝ၉-၈၇၂ဝ၂ဝ၈
၅။ ဆရာတော်ဦးသုနန္ဒ ဓမ္မရံသီ မိုးကုတ် ဝ၉-၇၉၃၁၇၃၁၈၆
၆။ ဆရာတော်ဦးဥတ္တရ ရှမ်း/တောင်
၇။ ဆရာတော် ဦးပညာတိက္ခာလင်္ကာရ ရှမ်း/တောင်
၈။ ဆရာတော်အရှင်ဝိစိတ္တာဘိဝံသ (ဝီရသူ) မန္တလေး ဝ၉-၂ဝဝ၄ဝ၁၃
၉။ ဆရာတော် အရှင်ဝိမလာဘိဝံသ ဟိတဓရ မော်လမြိုင် ဝ၉-၂ဝ၃၃၆၈၇
၁ဝ။ ဆရာတော်ဦးစန္ဒောဘာသ ရမည်းသင်း ဝ၉-၂၁၇၃၄၂၂
၁၁။ ဆရာတော်အရှင်သဒ္ဓမ္မ မြနန်း၊ မုတ္တမ ဝ၉-၂၅၅၇၁၉၉၆၉
၁၂။ ဒေါက်တာအရှင်သောပါက ဝ၉-၉၉၉၃၇၈၅၇
(လှူဒါန်းလိုသူများလည်း အထက်ပါ ဗဟိုကော်မတီထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်)

ဆက်လက်၍ မဘသ (ဗဟို)
အတွင်းရေးမှူး မြစေတီဆရာတော်ဘုရားကြီး နိဂုံးချုပ်သြဝါဒကို ခံယူကာ အခမ်းအနားကို
အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။
ဝမ်းမြောက်ဂုဏ်ပြုမှတ်တမ်းတင်ခြင်း
၁။ ရေဘေးသင့်ရာဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစည်းအဝေးတက်ရောက်လာကြသော မဘသ ဆရာတော်များ၏ အစည်းအဝေးကျင်းပနေစဉ်အတွင်းလှူဒါန်း ငွေ ကျပ်သိန်း (၁၅ဝဝ)ကျော်လှူဒါန်းမှု
၂။ အမျိုးစောင့်ဥပဒေအောင်ပွဲ ကြိုဆိုဂုဏ်ပွဲများပြုလုပ်ရန် (ရွှေတစ်ပိဿာတန်ဖိုး) ကျပ်သိန်း (၇ဝဝ)လှူဒါန်းမှုတို့အား ဝမ်းမြောက်စွာ ဂုဏ်ပြုမှတ်တမ်းအပ်ပါသည်။
မှတ်တမ်းတင်ခြင်းနှင့်အခမ်းအနားမှူး
ဒေါက်တာအရှင်သောပါက
မဘသ (ဗဟို)ဦးဆောင်
၃၁.၈.၂ဝ၁၅

(အမျိုးစောင့်ဥပဒေအောင်ပွဲ ခြိမ့်ခြိမ့်သဲသတင်းကို
ဆက်လက်တင်ပြပါမည်။)
No comments:
Post a Comment