သီတဂူဆရာတော်ကြီးဆိုတာ
ဝီရသူရဲ့ ဖခင်ဆိုလည်းဟုတ်တယ်၊ အဖိုးဆိုလည်းဟုတ်တယ်၊ ဆရာဆိုလည်း ဟုတ်တယ်၊ ကျေးဇူးရှင်ဆိုလည်းဟုတ်တယ်၊
၂၀၀၁ခုနှစ် ထေရဝါဒစာအုပ်ထုတ်ကတည်းက အမျိုးသားရေး တရား စဟောကတည်းက ဆရာတော်ကြီးရဲ့ မေတ္တာတရားနှင့်
ဆုံးမသြဝါဒကို ခံယူခဲ့ရတာပါ။
ဆရာတော်ကြီးကလည်း
ဝီရသူလိုပဲ ငယ်ရွယ်စဉ်အခါက မ.ဆ.လ ခေတ်မှာ အမျိုးသားရေးတရား ဟောကြားခဲ့ဖူးပါတယ်။
ဦးနေဝင်းအစိုးရက
ခေါ်ယူလက်မှတ်ထိုးခိုင်းလို့ ကမ္ဘာအေးမှာ လက်မှတ်ထိုးခဲ့ရပါသေးတယ်။
လက်မှတ်ထိုးခဲ့ရပြီးတဲ့နောက်ပိုင်း
ဆက်မဟောဖြစ်တော့တာပါ။
ဝီရသူထောင်ထဲမှာ
အညတရ ဘဝနဲ့ အကျဉ်းကျနေစဉ် ထောင်ထဲထိလာပြီး အားပေးစကားပြောခဲ့တာ ပေါ့သေးသေး သံယောဇဉ်ကြောင့်တော့မဟုတ်ဘူးဆိုတာ
သွေးခွဲသူတွေမှတ်ထားကြပါ။
သီတဂူဆရာတော်ကြီး
လပြည့်နေ့ 28.9.2015 အောင်ပွဲအခမ်းအနားကြီးကို တက်ရောက် မိန့်ကြားတော်မူပါ မယ်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
17.9.2015
PM
1:04















No comments:
Post a Comment