Sunday, September 20, 2015

“မာလကာခြံ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ


မန္တလေး၊ စက်တင်ဘာ ၁၉

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေများ ထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၁၉.၉.၂၀၁၅)၊ မနက် (၁၀း၀၀)နာရီ၊ မာလကာခြံရပ်ကွက်၊ ပြည်လုံးအံ့ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အခမ်းအနားသို့ စုဘူးအသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန(နာယက) အရှင်နာဂိန္ဒ(ဟောပြောတာဝန်ခံ)နှင့် မာလကာခြံစုဘူး EC အဖွဲ့ဝင် မသန်းသန်းဝင်းတို့ တက်ရောက်ကြပြီး အရှင်နာဂိန္ဒနှင့် မသန်းသန်းဝင်းတို့မှ လူမှုရေး စီးပွားရေးဆိုင်ရာ အသိပညာများ ဟောပြောခဲ့ကြာင်း သိရသည်။

ဟောပြောပွဲပြီးနောက် ငွေစုပတ်ပြည့်ပြီးဖြစ်သည့် အသင်းဝင် စုဘူးငွေထုတ်ပေးရာ (၆၀)ဦးတို့အား တစ်သိန်းကျပ်စီနှင့် (၃၀)ဦးတို့အား ငါးသောင်းကျပ်စီ ထုတ်ပေးခဲ့ပါသည်။ 

မာလကာခြံနဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် (၂)ခုမြောက်စုဘူးဖြစ်ပါသည်။ (၁၇.၁၀.၂၀၁၃) ရက်နေ့တွင် ဦးရေ(၅၀)ဖြင့် စတင်တည်ထောင်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယခုအခါ အသင်းဝင်ပေါင်း (၁၂၀)ဦးရှိပြီး တစ်သိန်းခွဲတန်း(၃၀)ဦး၊ တစ်သိန်းတန်း(၆၀)ဦးနှင့် ငါးသောင်းတန်း(၃၀)တို့ ဖြစ်သည်။ ဆရာတော်အနေဖြင့် စုဘူးတစ်ခုစီအတွက် ကျပ် သိန်း(၁၀၀)အထိ အရင်းနှီးစိုက်ထုတ်၍ လှူးဒါန်းသွား ရည်ရွယ်ထားကြောင်းလည်း သိရသည်။ 

နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရကာ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံအတွက်သုံးပြီး (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် သုံးစွဲကြောင်း သိရသည်။ 

ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)



အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။ 
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။

(ဝီရသူ-မစိုးရိမ်)




No comments:

Post a Comment