Saturday, September 26, 2015

“ထာဝရကျောက်တောင်”

ချစ်သူမှ ချဉ်သူသို့ ရောက်ခဲ့ပြီ
ချဉ်သူမှ ကြဉ်သူသို့ ရောက်ချင်နေပြီလော........။
ခင်ဗျားတို့ မျှတမယ်ဆိုရင် ဒီဇာတ်လမ်းပေါ်မလာပါဘူး။
မမျှတတဲ့နိုင်ငံရေးသမားတွေ
မမျှတတဲ့စာနယ်ဇင်းသမားတွေကြောင့် ဇာတ်လမ်းက ပိုရှည်သွားတာပါ။
ဒီလိုပဲ စွပ်စွဲ ရေးသားနေမယ်ဆိုရင် ဘယ်သူပဲနစ်နာမလဲ စောင့်ကြည့်လိုက်ပေါ့။
သံဃာဆိုတာ ထာဝရကျောက်တောင်ကြီးတစ်ခုပါ။
ဘုရင်ခေတ်မှာလည်းရှိခဲ့တယ်၊ ကျွန်ခေတ်မှာလည်းရှိခဲ့တယ်၊ စစ်ခေတ်မှာလည်းရှိခဲ့တယ်၊ အခုခေတ်မှာလည်း ရှိနေတယ်။
မင်းတို့ကိုးကွယ်ရာက အခုမှပေါ်လာတာကွ။
ဝီရသူ(မစိုးရိမ်)
26.9.2015
PM 4:40
======================================================



“မျိုးစောင့်အောင်ပွဲတို့အကြား ရွေးကောက်ပွဲစိုးရိမ်သံ”
ရန်ကုန်၊ စက်တင်ဘာ ၂၄
အနှစ်နှစ်အလလ တောင့်တခဲ့သည့် အိပ်မက်အကောင်အထည်ပေါ်၍ ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံခြင်းဖြစ် ကြောင်း မစိုးရိမ်တိုက်သစ် နာယကဆရာတော်တစ်ပါးဖြစ်သူ အရှင်ဝီရသူက ညွှန်းဆိုသော မျိုးစောင့်ဥပဒေ အောင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့တွင် ပြုလုပ်ခဲ့ ပြုလုပ်ဆဲဖြစ်သည်။
မန္တလေးမြို့တော်တွင် စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်သော မျိုးစောင့်ဥပဒေအောင်ပွဲသို့ ရဟန်းသံဃာ သီလရှင်နှင့် လူပုဂ္ဂိုလ်စုစုပေါင်း သောင်းဂဏန်းဝန်းကျင်ပါဝင်ခဲ့ပြီး ကမ္ဘာကသိအောင် အင်အားပြခြင်းဟု အရှင်ဝီရသူက ပြောဆိုသည်။
“မျိုးစောင့်ဥပဒေကို မြန်မာပြည်သူပြည်သားနဲ့ သံဃာထု သီလရှင်ထု အားလုံးက တစ်ခဲနက်ထောက်ခံတယ်ဆို တာ ကမ္ဘာက သိစေချင်လို့ပါ” ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)ဦးဆောင်ဆရာ တော်ဖြစ်သူ အရှင်ဝီရသူက ဆိုသည်။
တစ်ချိန်တည်း၌ပင် အမျိုးသားရေးအင်အားစုနှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲမဲဆွယ်ရေးတွင် ထိပ်တိုက်တိုးသည့်ပုံစံဖြစ်ပေါ်လာပြီး မျိုးစောင့်ဥပဒေကို မထောက်ခံသည့် ပါတီများကို မဲမပေးရန် စည်းရုံး လှုံ့ဆော်မှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ခေါင်းဆောင်များက ကန့်ကွက်ပြစ်တင်ခဲ့သည်။
လူ့အခွင့်အရေး၊ အခြေခံဥပဒေစံနှုန်းတို့ဖြင့် ချိန်ထိုးကာ ပြည်တွင်းပြည်ပ ဝေဖန်ကန့်ကွက်သံညံခဲ့သော မျိုးစောင့်ဥပဒေများကို အတည်ပြုရန် လွှတ်တော်တွင်း မဲခွဲစဉ်က NLD ပါတီဝင် ကိုယ်စားလှယ်အားလုံးမှာ ကန့်ကွက်မဲပေးခဲ့ပြီး ယင်းသို့ကန့်ကွက်မှုအပေါ် မဘသ အဖွဲ့က မှတ်တမ်းတင်၍ မဲမပေးရန် စည်းရုံးလှုံ့ဆော် နေခြင်းလည်းဖြစ်သည်။
ယင်းအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကဲ့သို့သော ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အချို့က ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာ၌ တိုင်းတစ်ပါးသားနှင့်လက်ထပ်ထိမ်းမြားသူကို အမျိုးမချစ်သူဟု ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ဦးမြင့်လှိုင်သည် ရှင်ပြုပေးမည်ဟုဆိုခြင်း၊ အချို့ကိုယ်စားလှယ်လောင်းများက အမျိုး ဘာသာ သာသနာ တိုးတက်ရေးလုပ်ဆောင်မည်ဟုဆိုခြင်းတို့ဖြင့် မဲဆွယ်နေသော်လည်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်က အရေးယူစုံစမ်းမှုပြုလုပ်သည်ကို မတွေ့ရသေးချေ။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ရွေးကောက်ပွဲတွင် ဘာသာရေးနှင့် ဆက်နွယ်သည့် စည်းရုံး လှုံ့ဆော်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုထားပြီး မဘသ အဖွဲ့ဝင်အချို့က NLD ပါတီကို မဲမပေးရန်လှုံ့ဆော်နေခြင်းများရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်က ပြောဆိုသည်။
မျိုးစောင့်အောင်ပွဲများကို မဘသ၏ အစီအစဉ်ဖြင့် စက်တင်ဘာလ ၁၄ ရက်မှ စက်တင်ဘာလ ၂၈ ရက်နေ့အထိ ရန်ကုန်အပါအဝင် မြို့ကြီးများ၌ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း မဘသ အဖွဲ့က ပြောဆို ထားသည်။


No comments:

Post a Comment